သမက်နှင့် ချွေးမတို့၏ အမွေဆက်ခံခွင့်
သမက်နှင့် ချွေးမတို့၏ အမွေဆက်ခံခွင့်
သမီးသည် မိဘများအရင် ကွယ်လွန်ပြီးဖြစ်ရာ မိဘများနောက်မှ ကွယ်လွန်သော သမက်ဖြစ်သူသည် မိဘများ ၏ အမွေကို ဆက်ခံခွင့်မရှိပေ။ “ မောင်ကြီးအို နှင့် မသက်ပုံ ( ၄ ရန်ကုန် ၅၁၃ ) “ ။
မထွေးသည် မိဘများအရင် ကွယ်လွန်သွားသော ခင်ပွန်းသည် မောင်ကျောင်း၏ မိဘများ၏အမွေကို ဆက်ခံခွင့် မရှိပေ။ “ ဒေါ်ထွေး နှင့် မတင်ဦး ( ၁၉၅၄ မတစ လွှတ်တော်ချုပ် ၅၂ ) “ ။
ဦးအောင်ကြည်၏ မွေးစားဖခင် ဦငွေသော်သည် ၁၉၈၂ ဇူလိုင်လတွင်လည်ကောင်း၊ မွေးစားမိခင် ဒေါ်နန်း တွမ်သည် ၁၉၈၃ ခုနှစ်တွင်လည်းကောင်း၊ ဦးအောင်ကြည်သည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် လည်ကောင်း သေဆုံးခဲ့ပြီးဖြစ်ရာ ဦးအောင်ကြည်ဇနီး ဒေါ်ခင်ဦးအမည်ဖြင့် ယောက္ခမဖြစ်သူ ဒေါ်နန်းတွမ်၏ အမွေကို မြန်မာ ဓလေ့ထုံးတမ်းဥပဒအရ မရနိုင်ပေ။ “ ဒေါ်မဲ့ကျောင်းမွန် နှင့် ဒေါ်ခင်ဦး [ ၁၉၈၆-၈၇ ခုနှစ်၊ တရား ပထမအယူခံမှု အမှတ် ၆၁ နှင့် ၆၂၊ ဗဟိုတရားရုံး ( မန္တလေး)]”။
သာသမီးများ ( ကိတ္တိမ မွေးစားသားသမီးအပါအဝင် ) သည် မိဘများအရင် ကွယ်လွန်လျှင် ချွေးမ သို့မဟုတ် သမက်သည် မိဘများ၏အမွေကို ဆက်ခံခွင့်မရှိကြောင်း တရားရုံးချုပ် ( မန္တလေးတိုင်း ) အမှုများတွင်လည်း တညီတညွတ်တည်း ဆုံးဖြတ်ထားကြောင်း တွေ့ရပါသည်။ “ ဒေါ်မြချစ် နှင့် ဦးလှဖေ [ ၁၉၈၈ ခုနှစ် တရားမ ပထမ အယူခံမှုအမှတ် ၁၂ တရားရုံးချုပ် ( မန္တလေး ) “ “ ဒေါ်ဌေးစိန် နှင့် ဦးထွန်းရှိန် [ ၁၉၉၀ ခုနှစ် တရားမ ဒုတိယ အယူခံမှုအမှတ် ၂၀၄ တရားရုံးချုပ် ( မန္တလေး ) ]”။
အိမ်ထောင်ပြုချိန်မှစ၍ လင်၏မိဘထံတွင် လင်နှင့်အတူလိုက်၍နေခဲ့သော ချွေးမဖြစ်သူ ဒေါ်မြသန်း၌ သား သမီး ထွန်းကားခြင်းမရှိဘဲ လင်သေဆုံးသွားသည့်အခါ လင်၏ရရှိပြီးခဲ့သော သြရသအခွင့်အရေးကို မယားဖြစ် သူ ဒေါ်မြသန်းအနေဖြင့် ယောက္ခမထံမှ တောင်းဆိုပိုင်ခွင့်ရှိသည်။ “ ဒေါ်ခင်လှ ( ၎င်း၏ အုပ်ထိန်းသူ ဒေါ်ပိုပိုမှ ကိုယ်စားပြုလျက် ) နှင့် ဒေါ်မြသန်း ( ခ ) ဒေါ်မြမြသန်း ( ၁၉၉၃ မတစ ၈ ) “။
( ဦးမြစိန် ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ ၊ စာ ၁၃၃ )
Comments
Post a Comment