The Pecuniary Jurisdiction of Civil Suit
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု တရားလွှတ်တော်ချုပ်
(ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများအား တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ခရိုင်တရားမ တရားသူကြီး၏ အာဏာများကို အပ်နှင်းခြင်း)
အမိန့်ကြော်ငြာစာအမှတ် (၁၂၈/၂၀၁၆)
၁၃၇၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
(၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၃ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများအား တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ခရိုင်တရားမ တရားသူကြီး၏ အာဏာများကို အပ်နှင်းလိုက်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၄ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများနှင့် ခရိုင် တရားသူကြီးများအား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အတွင်း ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၃၂ (၁) အရ တင်သွင်းသော လွှဲအပ်လွှာကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၃ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများနှင့် ခရိုင်တရားရုံး များအား တန်ဖိုးကျပ် သိန်း၁၀၀၀၀ ထက်မပိုသည့် တရားမ မူလမှု သို့မဟုတ် မူလမှုခင်းများကို စီရင်ရန် စီရင်ပိုင် ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၄ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများနှင့် ခရိုင်တရားရုံး များရှိ အောက်ဖော်ပြပါ တရားသူကြီးများအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့်အတိုင်း တရားမ မူလမှု သို့မဟုတ် မူလမှုခင်းများကို စီရင်ရန် တရားမ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-
အမှတ် စဉ် | စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်း ခံရသော တရားသူကြီး | အပ်နှင်းသည့်တရားမစီရင်ပိုင်ခွင့် အာဏာ |
(က) | ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီး၊ တွဲဖက်ခရိုင် တရားသူကြီး | တန်ဖိုးကျပ်သိန်း ၁၀၀၀၀ ထက်မပိုသည့် တရားမ မူလမှု သို့မဟုတ် မူလမှုခင်း များကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာ |
(ခ) | ဒုတိယ ခရိုင်တရားသူကြီး | တန်ဖိုးကျပ်သိန်း၅၀၀၀ ထက်မပိုသည့် တရားမ မူလမှု သို့မဟုတ် မူလမှုခင်း များကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာ |
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၄ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများနှင့် ခရိုင် တရားသူကြီးများအား အောက်ဖော်ပြပါအတိုင်း ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့် တရားမ အယူခံ စီ ရင်ပိုင်ခွင့် အာဏာများကို အပ်နှင်းလိုက်သည်-
အမှတ်စဉ် | စီရင်ပိုင်ခွင့်အာဏာအပ်နှင်းခြင်း ခံရသောတရားသူကြီး | အပ်နှင်းသည့်တရားမစီရင်ပိုင်ခွင့် အာဏာ |
(က) | ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူ ကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တ ရားသူကြီး၊ ခရိုင် တရားသူကြီး | မြို့နယ်တရားရုံးက တရားမ မူလမှု သို့မဟုတ် မူလမှုခင်းတွင် ချမှတ်သော ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံမှုကို စီရင်ရန် စီရင်ပိုင်ခွင့် အာဏာ |
(ခ) | တွဲဖက်ခရိုင် တရားသူကြီး၊ ဒုတိယ ခရိုင်တရားသူကြီး | ခရိုင်တရားသူကြီးက လွှဲအပ်သည့် တရားမ အ ယူခံမှုများကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာ |
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီး သို့မဟုတ် ခရိုင်တရားသူကြီးသည် မိမိက လွှဲအပ်ထားသော အမှုကို ပြန်လည်တောင်းခေါ်၍ မိမိကိုယ် တိုင် စီရင်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် ခရိုင် အဆင့် အခြားတရားသူကြီး တစ်ဦးအား စီရင်ရန်အတွက် လွှဲအပ်ခြင်းလုပ်ပိုင်ခွင့်များ ကျင့်သုံးနိုင်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီး၊ ခရိုင်တရား သူကြီး၊ တွဲဖက်ခရိုင်တရားသူကြီးနှင့် ဒုတိယခရိုင် တရားသူကြီးများသည် မိမိစီရင်ပိုင်ခွင့်ရှိသော ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အတွင်း တရားရုံး တစ်ရုံးမှ အခြားတရားရုံး တစ်ရုံးသို့ အမှုလွှဲပြောင်းပေးမှုကို စီရင်နိုင်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ၂၀၁၁ ခုနှစ်၊ မေလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၀/၂၀၁၁) နှင့် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၂၉/၂၀၁၂)တို့ကို ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် နေ့မှစ၍ ရုပ်သိမ်းလိုက်သည်။
ထွန်းထွန်းဦး
ပြည်ထောင်စုတရားသူကြီးချုပ်
ပြည်ထောင်စု တရားလွှတ်တော်ချုပ်
Comments
Post a Comment