ဝန်ခံချက်နှင့် ဖြောင့်ချက်

 ဝန်ခံချက် နှင့် ဖြောင့်ချက် 

(၁)-ဝန်ခံချက်ဆိုသည်မှာ 

     အငြင်းထွက်သော သို့မဟုတ် စပ်ဆိုင်တဲ့ အကြောင်းခြင်းရာ တစ်ခုခုနှင့် စပ်လျဉ်း၍                     တစ်စုံတစ်ခုသော အဓိပ္ပါယ်ကောက်ယူနိုင်ဖို့အတွက် တစ်ဦးတစ်ယောက်က နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ ညွှန်ပြ ဖော်ပြချက်ကိုခေါ်ပါသည်။.       သက်သေခံဥပဒေပုဒ်မ ၁၇


ဖြောင့်ချက်ဆိုသည်မှာ

တရားခံတစ်ယောက်က ၄င်းကိုစွပ်စွဲထားသောပြစ်မှုနှင့်စပ်လျဉ်း၍ မိမိပြစ်မှုကျူးလွန်ခဲ့ကြောင်း သို့မဟုတ် ပြစ်မှုမြောက်စေမည့် ပြုလုပ်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံပြောဆိုချက်ကိုခေါ်ပါသည်။

မောင်စံမြိုင်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ. ၁၉၆၆.  မ တ စ ၆၄၃(တရားရုံးချုပ်)


(၂)-ဝန်ခံချက်ကို ပြုလုပ်နိုင်သူများမှာ

      - အမှုသည်ကိုယ်တိုင်

      -အမှုသည်၏ ကိုယ်စားလှယ်(agent)

      -ကိုယ်စားပြုအမှုသည်.         (representative)

      -အချင်းဖြစ်ပစ္စည်းတွင် ပိုင်ဆိုင်ခွင့်/ အကျိုးခံစားခွင့်ရှိသူ

      -အချင်းဖြစ်ပစ္စည်းကို အမှုသည်အရင်ပိုင်ခဲ့သူ

      -အမှုသည်မဟုတ်သော်လည်း အမှုသည်ကဲ့သို့တာဝန်ရှိသူ

      -အငြင်းပွားကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းရန် အမှုသည်မှ ညွှန်ကြားခြင်ခံရရသူ

    သက်သေခံဥပဒေပုဒ်မ -၁၈၊၁၉၊၂၀  


ဖြောင့်ချက်ကို ပြုလုပ်နိုင်သူမှာ

      -တရားခံကိုယ်တိုင် 

       


(၃)- ဝန်ခံချက်သည် ဝန်ခံသူအပေါ်ဖြစ်စေ ၄င်းမှတစ်ဆင့် အကျိုးခံစားခွင့်ကိုရရှိခဲ့သူဖြစ်စေ မည်

       သည့်အခါတွင်မဆို သက်သေခံဝင်သည်။ 

       ဝန်ခံသူကသော်လည်းကောင်း ၊ဝန်ခံသူအတွက်သော်လည်းကောင်း ဝန်ခံချက်ကို သက်သေခံ

       တင်ပြလိုလျှင် သာမန်အားဖြင့်သက်သေခံတင်ပြခွင့်မရှိ

           (က) ဝန်ခံသူသေဆုံးလျှင် ဝန်ခံချက်သည် သက်သေခံဥပဒေအရ ပုဒ်မ ၃၂ အရသက်သေခံ

                  ဝင်မည်ဖြစ်လျှင်၊

            (ခ). စိတ် သို့မဟုတ် ကိုယ်၏ အခြေအနေ တစ်စုံတစ်ရာရှိကြောင်း ဝန်ခံချက်ဖြစ်၍  အမူအ

                   ရာအရ ထိုဝန်ခံချက်မှာမှန်သည်ဟု ထင်မြင်ရန်အကြောင်းရှိလျှင်

             (ဂ) ဝန်ခံချက်သည် ဝန်ခံချက်အဖြစ်မဟုတ်ဘဲ အခြားနည်းလမ်းဖြင့် စပ်ဆိုင်ရန်အကြောင်း

                   ခြင်းရာများဖြစ်လျှင်

           ( ထိုအချက် (၃) ချက်နှင့်ညီညွတ်လျွင် သက်သေခံတင်ပြခွင့်ရှိသည် )

        ( သက်သေခံဥပဒေ ပုဒ်မ ၂၁)

      ဖြောင့်ချက်ကို ဖြောင့်ချက်ပေးသည့်တရားခံအပေါ်တွင်သာမက အခြားပူးတွဲတရားခံအပေါ်တွင်

       လည်း သက်သေခံအဖြစ်စဉ်းစားနိုင်သည်။

       

(၄)-ဝန်ခံချက်ကို တရားမမှုတွင်သာမက ပြစ်မှုတွင်လည်းသက်သေခံအဖြစ်သုံးနိုင်သည်။

     ဦးကိုလေး နှင့်ပြည်ထောင်စု ၊ ၁၉၆၈   မ တ စ  ၁၄၈

     ဖြောင့်ချက်ကို ပြစ်မှုတွင်သာသက်သေခံအဖြစ် သုံးပါသည်။

        -သွေးဆောင်ခြင်း၊ကတိထားရှိခြင်း ၊ ကတိထားခြင်းကြောင့်ပေးသောဖြောင့်ချက်

        -ကိုယ်လွတ်ရုံးသောဖြောင့်ချက်

       -ရဲအရာရှိထံပေးသော ဖြောင့်ချက်

       -ရဲအချုပ်တွင်ပေးသောံဖြောင့်ချက်များ  သက်သေခံမဝင်ပါ

     ( သက်သေခံဥပဒေ ပုဒ်မ ၂၄ မှ ၃၁ )

 

(၅)- ဝန်ခံချက်တိုင်းသည် ဖြောင့်ချက်မဟုတ်

       ဖြောင့်ချက်တိုင်းသည် ဝန်ခံချက် ဖြစ်သည်။


(၆)- တရားခံ၏ပြောဆိုချက်ကို ဖြည့်စွက်သည့် အထောက်အထားရှိမှ အပြစ်ပေးနိုင်လျှင် ၄င်းပြာ

      ဆိုချက်သည် ဝန်ခံချက်ဖြစ်သည်။

       တရားခံ၏ပြောဆိုချက်တစ်ခုတည်းအပေါ် အခြေခံ၍ တရားခံကိုအပြစ်ပေးနိုင်လျှင် ထိုပြောဆို

       ချက်သည် ဖြောင့်ချက်ဖြစ်သည်။


(၇)- ဝန်ခံချက်ကို သက်သေခံအဖြစ်လက်ခံရာ၌ ဝန်ခံချက်တစ်ခုလုံးကို လက်ခံရမည်၊

       မောင်ရွှေမြင့် နှင့် မနိုင်  အတွဲ ၁ ဘီအယ်လ်ဂျေ  ၂၄၈ 

    -ဖြောင့်ချက်ကို သက်သေခံအဖြစ်လက်ခံရာ၌ ဆန့်ကျင်သက်သေံံအထောက်အထားမရှိလျင်

      ဖြောင့်ချက်တစ်ခုလုံးကို  လက်ခံအသုံးပြုရမည်။လိုအပ်သည်ကိုယူ၍ မလိုသည်ကို ပယ်ချခြင်း

       မပြုနိုင်၊

      မောင်သန်းလှ နှင့် ပထစ  ၁၉၆၈ မတစ ၂၂၇-၂၃၂

      မောင်စံသိန်းနှင့် ပထစ.   ၁၉၆၉ မတစ  ၂၈-၃၅ 

  

(၈)- ဝန်ခံချက်များသည်အလိုအလျောက်သက်သေခံ မဝင်၊

       ဖြောင့်ချက်ကို ပြစ်ကျင့် ဥပဒေ ပုဒ်မ ၁၆၄၊၃၆၄နှင့် ၅၃၃တို့တွင်ပြဌာန်းထားသည့်အတိုင်း ရေး

       မှတ်ယူလျှင် သက်သေခံဥပဒေ ပုဒ်မ ၈၀ အရ အလိုအလျှေက်သက်သေခံဝင်သည်။

 

မှတ်ချက်။.    ။ မိမိလေ့လာမိသမျှတင်ပြခြင်းဖြစ်ပါသည်။

                      လိုအပ်ချက်ရှိပါက ဖြည့်စွက်နိုင်ပါသည်၊

                      

လေးစားမှုဖြင့်

Comments