လျော့ပေါ့ပြစ်ဒါဏ်

 လျော့ပေါ့/သက်ညှာသော စတိပြစ်ဒဏ်ချမှတ်ခြင်းသည် ကျူးလွန်သော ပြစ်မှု နှင့် ပြစ်ဒဏ် မျှတခြင်းမရှိပါက ပြစ်မှုကျူးလွန်သူအား အားပေးအားမြောက် ပြုရာရောက် မရောက်/ နောင်ကျဉ်ဟန့်တားစေသည့်ပြစ်ဒဏ် ချမှတ်ရန် သင့် မသင့်


~~~ ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် ခင်မောင်ဦး ၂၀၁၀ မြန်မာနိုင်ငံတရားစီရင်ထုံး စာ-၅၉ အမှုတွင် -


( ×  ×  ×  ×  × တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကြသည်။

ထိုသို့ခိုက်ရန်ဖြစ်ပွားရာတွင် ယခုကဲ့သို့ ည့ဉ်အချိန်၌ ဘတ်ခွများဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်ကြခြင်းမှာ မလို လားအပ်သော အပြုအမှုဖြစ်သည်။

တစ်ဖက်မှ ရမ်းသမ်းပစ်ခတ်သည်ဟု ဆိုစေကာမူ တစ်ဖက်တွင် မျက်လုံးတစ်ဖက် ထုတ်ပစ်ရသည်အထိ ဘ၀ဆုံးရှုံးခဲ့ရသည်။

ဤကဲ့သို့သော အခြေအနေတွင် ပြစ်မှုကျူးလွန်သူ တရားခံအား အလုပ်နှင့် ထောင်ဒဏ် (၆)လ ကျခံစေရန် ချမှတ်ခဲ့သော မူလမြို့နယ်တရားရုံး၏အမိန့်နှင့် ယင်းအမိန့်ကို အတည်ပြုခဲ့သော တိုင်းတရားရုံး၏ အမိန့်များသည် ဥပဒေနှင့် ညီညွတ်မှန်ကန်သည်ဟု ဆိုရန် ခဲယဉ်းသည်။ )


[ ဤကဲ့သို့သော ညအချိန်တွင် ဘတ်ခွများနှင့် ရမ်းသမ်းပစ်ခတ်ကြရာမှ မျက်လုံးတစ်ဘက်ထုတ်ပစ်ခဲ့ရသည့် အမှုမျိုးအား တရားရုံးများက လျော့ပေါ့သော ပြစ်ဒဏ်ချမှတ်မည်ဆိုပါက နောင်တွင် ဘတ်ခွဖြင့် ပစ်ခတ်ရန် မည်သူမျှ ဝန်လေးတော့မည် မဟုတ်ချေ။ ]


{ ပြစ်မှုကျူးလွန်သူအား သက်ညှာသော ပြစ်ဒဏ်မျိုးကို ပေးခြင်းဖြင့် ပစ်မှုကျူးလွန်သူအား အားပေးအားမြောက်ပြုရာရောက်စေနိုင်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် မောင်ပု (ခ) မောင်မြင့် ပါ-၂ ၁၉၆၇ မြန်မာနိုင်ငံတရားစီရင်ထုံး စာ-၇၁၅ အမှုတွင် လမ်းညွန်ထုံးဖွဲ့ထားသည်။ }


ထို့ကြောင့် မူလပြစ်ဒဏ်များကို ပယ်ဖျက်လိုက်သည်။ ယင်းပြစ်ဒဏ်အစား တရားခံသည် ×  ×  ×  ×  × အလုပ်နှင့်​ ထောင်ဒဏ် (၂) နှစ်ကျခံစေရန် ပြစ်ဒဏ်တိုးမြင့် သတ်မှတ်လိုက်သည်။


- - - - - - - - - - - - - - -


~~~ ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် မောင်ပု (ခ) မောင်မြင့် ပါ-၂ ၁၉၆၇ မြန်မာနိုင်ငံတရားစီရင်ထုံး စာ-၇၁၅  တွင် -


( ×  ×  ×  ×  × ယခုအမှုတွင် (တရားခံများသည်) × × × တွင် အကျဉ်းကျနေရာမှ  ထွက်ပြေးသွားသဖြင့်၊ ရာဇဝတ်ကြီး ပုဒ်မ ၂၂၄ (ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်သော ပုဒ်မ ) ကို ကျူးလွန်ခဲ့သော အမှုဖြစ်သည်။ မူလရုံးကပေးထားသော အပြစ်ဒဏ် (ရာဇသတ် ပုဒ်မ ၂၂၄ အရ ထောင်ဒဏ် (၁)လ ကျခံစေရန် ) နှင့် နှိုင်းစာလျှင် အလွန်ပင်နည်းလွန်းသည်ဟု ယူဆသည်။  )


[ ဤရုံးသည် ပြစ်ဒဏ်ကိုတိုးမြင့်ပေးရာ၌ လွယ်ကူစွာဖြင့် တိုးမြင့်ခြင်း မပြုလုပ်နိုင်ပေ။ သို့ရာတွင် အပြစ်ဒဏ်သည် အလွန်အကျူး နည်းလွန်းသောကြောင့် တရားရေးမဏ္ဍိုင်ကို ထိခိုက်ဘွယ်ရာဖြစ်လျှင် အပြစ်ဒဏ်ကို ပြစ်မှုနှင့် ညီညွတ်စေရန် တိုးမြင့်ပေးရမည်။ ( လှစမ်း နှင့် အစိုးရ ၁၉၄၁ ရန်ကုန်စီရင်ထုံး စာ-၅၉၅ ) ]


< ×  ×  × ၁၉၆၆ တရားရုံးများညွန်ကြားလွှာ အမှတ် ၂ တွင်လည်း တရားရုံးများသည် ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်ရာ၌ ပြစ်မှုနှင့် နှိုင်းစာ၍ အပြစ်ဒဏ်ပေးရမည်ဟု ညွန်ကြားထားသည်။ >


[ ပြစ်မှုကျူးလွန်သူများအား အပြစ်ဒဏ်ပေးရာ၌ စတိပြစ်ဒဏ်မျိုး မဖြစ်စေလိူပေ။ ပြစ်မှုနှင့်လျော်ညီစွာ အပြစ်ဒဏ်မျိုးကိုသာလျှင် ပေးရမည်။ ပြစ်မှုကျူးလွန်သူအား သက်ညှာ၍ စတိပြစ်ဒဏ်မျိုးကို ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူများအတွက်လည်း ဟန့်တားမှုမျိုး မရှိတော့ပေ။ ]


{ အထူးသဖြင့် အကျဉ်းစခန်းတွင်ကျနေသောအကျဉ်းသားများသည် ပြစ်မှုတစ်ခုခုကြောင့် အကျဉ်းစခန်းတွင် ကျခံနေရခြင်းဖြစ်သည်။ ယင်းသို့ အကျဉ်းတွင်ကျခံနေစဉ် ကောင်းမွန်တိုးတက်ပြောင်းလဲလာသော စိတ်ဓါတ်မျိုးကို မမွေးမြူဘဲ အကျဉ်းကျခံနေစဉ် တောက်တဖန် ပြစ်မှုကျုးလွန်ခဲ့လျှင် ထိုကျူးလွန်သည့် ပြစ်မှုအတွက် သတ်မှတ်ထားသော ပြစ်ဒဏ်ကို နောက်ကြဉ်ဟန့်တားစေမည့် အနေမျိုးဖြင့် ပေးရပေမည်။ }

Comments