အဆိုအချေများကို ပြင်ဆင်
အဆိုအချေများကို ပြင်ဆင်ခွင့်ပြုပါရန် လျောက်ထားခြင်း
တရားရုံးသည်
အမှု၏ မည်သည့်အဆင့်တွင်မဆို တဘက်အမှုသည်ကို မတရားမဖြစ်စေခြင်းနှင့် ပြဿနာ အမှန်ကို ဆုံးဖြတ်နိုင်ရန်အလို့ငှာ တရားမျှတသော နည်းလမ်းနှင့် စည်းကမ်းချက်များ သတ်မှတ်၍ အဆိုအချေကို ပြင်ဆင်ခွင့်ပြုနိုင်ပါသည်။
အောက်ပါ
အချက်များနှင့် ညီညွတ်လျင် အဆိုအချေများကို ပြင်ဆင်ခွင့်ပြုနိုင်သည်၊
(က)
တဘက်အမှုသည်ကို မတရားမဖြစ်စေခြင်း၊
(ခ)
အမှုသည်များအကြား အငြင်းပွားလျက်ရှိသည့်
ပြဿနာအစစ်အမှန်ကို
အဆုံးအဖြတ်ပေးရန်အတွက်
ပြင်ဆင်ရန်လိုအပ်ခြင်းတို့ဖြစ်ပါသည်။
အမှုတွင်မပါမဖြစ်
ပါ၀င်သင့်သူများကို တရားရုံးကခွင့်ပြုမှသာ ဆိုလွှာကို ပြင်ဆင်နိုင်ပါသည်။
တရားမကျင့်ထုံးဥပဒေတွင်
ပြင်ဆင်ချက်(၅) မျိုးပြဌာန်းထားပါသည်။
(က)
စီရင်ချက်ကိုပြင်ဆင်ခြင်း၊
(ပုဒ်မ ၁၅၂)
(ခ) အမှုတွင်
ဆောင်ရွက်ချက်ကို ပြင်ဆင်ခြင်း၊ (ပုဒ်မ၁၅၃)
(ဂ)
အမှုသည်များ ထုတ်ပယ်ခြင်းနှင့် ထည့်သွင်းခြင်း၊ (အမိန့်၁ နည်း ၁၀(၂) )
(ဃ)
ဆန့်ကျင်ဘက် အမှုသည်၏ အဆိုအချေပါ စာသားများကို ထုတ်ပယ်ခြင်း (အမိန့်၆ နည်း ၁၆)
(င) မိမိ၏
အဆိုအချေကို ပြင်ဆင်ခြင်း (အမိန့်၆ နည်း ၁၇ )တို့ဖြစ်ပါသည်၊
အဆိုအချေပြင်ဆင်ရန်
အကြောင်းပေါ်က နှစ်ဘက်အမှုသည်များ အကြားတွင် အငြင်းပွားသည့် ပြဿနာ ကို ထုံးနည်းတကျ ဆုံးဖြတ်နိုင်ရန်အတွက် အမှု၏အတွင်းသရုပ်ပြောင်းလဲမှု
မရှိခြင်း၊ သဘောရိုးဖြင့် လျောက်ထားခြင်း၊ တဘက်အမှုသည်အား မတရားမဖြစ်စေက လျောက်ထားချက်ကို ခွင့်ပြုရမည်၊
ပြင်ဆင်ဆိုလွှာ၌
ပြင်ဆင်သည့် အချက်များကို မြင်သာရန် ဆိုင်ရာစာပိုဒ်များ၌ မင်နီတားထားရမည် ။
ဆက်သွယ်ရေးဘဏ်
နှင့် ခင်ကုမ္ပဏီ
၁၉၉၆
၊ မ တ စ
၊ ၂၅၅
အမှုတွင်
အဆိုအချေကို ပြင်ဆင်လိုသူ အမှုသည်က ခွင့်ပြုချက်မပေးမီ ပြင်ဆင်လိုသော အဆိုအချေကိုတင် ပြရမည် ။
ယူစွပ်တာဝါ
နှင့် မစ္စစ်နီမေရာ
၁၉၄၀
၊ ရန်ကုန် ၊ ၆၀၃
အမှုတွင်
တောင်းဆိုထားသော သက်သာခွင့်ကို ပြောင်းလဲပြင်ဆင်ခြင်း၊ သက်သာခွင့်ထပ်ဖြည့်ခြင်း၊ သဘော ရိုးဖြင့်မှားယွင်းခြင်း၊ အမှတ်မဲ့ချန်လှပ်မိခြင်း၊ အကြောင်းခြင်းရာကို အလွဲနားလည်ခြင်းကြောင့်ဖြစ်စေ၊
တရားလိုရ ထိုက်ခွင့်ရှိသော တောင်းဆိုချက်ကို မတောင်းဆိုမိလျင် ထပ်ထည့်ခွင့်ပြုရန်အတွက် အဆိုလွှာကို ပြင်ဆင်ခွင့်ပြု နိုင်သည် ။
အမှုတွင်
အဓိကတောင်းဆိုသော သက်သာခွင့်နှင့် ဆက်နွယ်သည့် သက်သာခွင့်များကို ဖြည့်စွက်တောင်း ဆိုခွင့်ပြုနိုင်သည် ။
အဆိုအချေကို
ပြင်ဆင်ခွင့်ပြုလျင် တဘက်အမှုသည်အား မိမိအဆိုအချေကို ပြင်ဆင်ရန် အခွင့်အလမ်း ပေးရမည် ။
အောက်ပါ
အခြေအနေ တစ်ရပ်ရပ်ဖြစ်ပါက အဆိုအချေကို ပြင်ဆင်ခြင်းကို ငြင်းပယ်ရမည်။
(က)
ပြင်ဆင်ရန်မလိုအပ်ခြင်း၊
(ခ)
တရားလို၏ အမှုတွင် သရုပ်လုံးဝပြောင်းလဲသွားမည်ဖြစ်ခြင်း၊
(ဂ) ခွင့်ပြုပါက
အချိန်ကုန်ခြင်း၊ တရားပြိုင်ရရှိထားသောဥပဒေအရ
အခွင့်အရေးကို ဖျက်သိမ်းရာရောက်ခြင်း၊
(ဃ)
ပြင်ဆင်ချက်သည် အမှုသစ်ကို ထည့်သွင်းရာရောက်ခြင်း၊
(င) ထုချေချက်ကို
လုံးဝပြောင်းလဲစေလျင်ဖြစ်စေ၊
သဘောမရိုးဘဲလျောက်ခြင်း၊
(စ)
အမှုကို အစမှစစ်ဆေးရန်လိုအပ်ခြင်း၊
(ဆ)
လျောက်လဲချက်ကြားနာရန်
အဆင့်ဆင့်ရောက်မှ ပြင်ဆင်ရန်လျောက်ထားခြင်း၊
တရားပြိုင်သည်
တရားစွဲဆိုသောအမှုကို
အမျိုးမျိုးအဖုံဖုံ ချေပခွင့်ရှိသည်ဖြစ်၍ ချေလွှာပြင်ဆင်ခွင့်ပြုရန် သဘောရိုးဖြင့် လျှောက်ထားခြင်းဖြစ်ပြီး အမှုသည်များအကြား အမှန်တကယ်အငြင်းပွားမှုကို အဆုံးအဖြတ်ပေး နိုင်ရန်အတွက် တရားမျှတပါက ထုချေချက်အသစ်ကို ထည့်သွင်းထုချေနိုင်ရန် ချေလွှာကို ပြင်ဆင်ခွင့်ပေးသင့်သည်၊ ခုခံရေးလမ်းကြောင် းပြောင်းလဲအောင် ချေလွှာကို ပြင်ဆင်ခွင့်မပြုနိုင်ပေ၊ ထုချေချက်အသစ်တိုးနိုင်ရန် ချေလွှာကို ပြင်ဆင်ခြင်းကိုမူ ခွင့်ပြုနိုင်သည် ။
တရားရုံးသည်
အမှုသည်က လျောက်ထားခြင်းမပြုဘဲ မိမိသဘောအလျောက် အဆိုအချေကို ပြင်ဆင်ရန် မသင့်လျော်ပေ ။
ပြင်ဆင်သည့်
အချိန်၌ ကာလစည်းကမ်းသတ်ကိစ္စကို မကန့်ကွက်သည့်အပြင် ပြင်ဆင်ချေလွှာတွင် ယင်း ကိစ္စကို ထုချေခြင်းမပြုလျင် နောက်ပိုင်း၌ အဆိုပါပြင်ဆင်သည့်ကိစ္စ မသင့်လျော်ကြောင်း တင်ပြခွင့်မရှိချေ ။
ပြင်ဆင်ရန်
အဆိုအချေကို သတ်မှတ်ထားသည့် အချိန်အတွင်းဖြစ်စေ၊ အချိန်သတ်မှတ်ခြင်းမရှိက အမိန့် ချသည့်နေ့မှ (၁၄)ရက်အတွင်းဖြစ်စေ၊ ပြင်ဆင်ခြင်းမပြုက တရားရုံးကလည်း အချိန်တိုးမပေးလျင်
ပြင်ဆင်ခွင့် မရရှိတော့ပေ ။
(အမိန့်၆
၊ နည်း ၁၈)
အဆိုလွှာကို
ပြင်ဆင်ရန်သတ်မှတ်သည့်
ကာလကျော်သဖြင့် အမှုပလပ်ခြင်းခံရလျင် တဆင့်မြင့်ရုံးသို့ အယူခံ၀င်နိုင်သည်။ အယူခံတရားရုံးသည် ပုဒ်မ ၁၄၈ အရ အဆိုလွှာကို ပြင်ဆင်နိုင်ရန်
အချိန်တိုးပေးနိင်ပါသည်
။
(အေအိုင်အာ
၁၉၅၂ ၊ ပက်စူး -၄၂
)
Comments
Post a Comment