ကျေအေးခြင်း

 ကျေအေးခြင်း

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၁) -နစ်နာသူများက ကျေအေးလိုလျှင် ကျေအေးနိုင်သော အမှုများ

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ (၂) - တရားရုံး၏ ခွင့်ပြုချက်ဖြင့်သာ နစ်နာသူက ကျေအေးလိုလျှင် ကျေအေးနိုင်သော အမှုများ

"သက်ဆိုင်သည့် ညွှန်ကြားချက်များ"

-ညွှန်ကြားချက်အမှတ် ၁၇( ၆.၂. ၁၉၇၉)

"ကျေအေးခွင့်ပြုနိုင်သည့် တရားရုံး"

-မူလအမှုစစ်ဆေးသည့် ရုံး

- အယူခံတရားရုံး သို့မဟုတ် ပြင်ဆင်မှု တရားရုံး

" ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၁) အရ ကျေအေးခြင်း"

၃၄၅ (၁) အရ ကျေအေးနိုင်သော အမှုများ

(၁)  ရာဇသတ်ကြီးပုဒ်မ ၂၉၀ အရ စွဲဆိုမှု

(၂)  ရာဇသတ်ကြီးပုဒ်မ ၃၃၄ အရ စွဲဆိုမှု

(၃)  ရာဇသတ်ကြီးပုဒ်မ ၃၄၁၊ ၃၄၂ အရ စွဲဆိုမှု

(၄)  ရာဇသတ်ကြီးပုဒ်မ ၃၅၂၊ ၃၅၅၊ ၃၅၈ အရ စွဲဆိုမှု

(၅)  ရာဇသတ်ကြီးပုဒ်မ ၃၇၄ အရ စွဲဆိုမှု

(၆)  ရာဇသတ်ကြီးပုဒ်မ ၄၂၆၊ ၄၂၇ အရ စွဲဆိုမှု

(၇)  ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၄၈၊ ၄၉၁ အရ စွဲဆိုမှု

(၈)  ရာဇသတ်ကြီးပုဒ်မ ၄၉၇၊ ၄၉၈ အရ စွဲဆိုမှု

(၉)  ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၁ အရ စွဲဆိုမှု

(၁၀) ရာဇသတ်ကြီးပုဒ်မ ၅၀၂ အရ စွဲဆိုမှု

(၁၁) ရာဇသတ်ကြီးပုဒ်မ ၅၀၄ အရ စွဲဆိုမှု

(၁၂) ရာဇသတ်ကြီးပုဒ်မ ၅၀၆ အရ စွဲဆိုမှု

(၁၃) ရာဇသတ်ကြီးပုဒ်မ ၅၀၈ အရ စွဲဆိုမှု

(၁၄) အထက်ပါ ပြစ်မှုများကို ကျူးလွန်ရန် အားပေးကူညီခြင်း ၊ အားထုတ်ခြင်း ပြစ်မှုများ

"ရာဇဝတ်ကျင့် ထုံး ဥပဒေပုဒ်မ ၃၄၅ (၁) အရ ကျေအေးနိုင်သူများ"

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅(၁) အရ ကျေအေးနိုင်သော အမှုများ ကို ယင်းဇယား၏ စာတိုင် ၃ တွင် ဖောပြထားသူများကသာ ကျေအေးနိုင်သည်။

"ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၅ (၁) အရ ကျေးအေးခြင်းအတွင် တရားရုံး၏ ခွင့်ပြုချက်လို မလို"

ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၅ (၁) အရ အမှုများကို ကျေအေးရန်အတွက် တရားရုံး၏ ခွင်ပြုချက်မလိုပါ။

 "ပုဒ်မ ၃၄၅ (၁) အတွက် ကျေအေးကြောင်း လျှောက်ထားချက်ကို စိစစ်ခြင်း"

(၁) လျောက်ထားသူသည် ရာဇဝတ်ကျင့် ထုံး ဥပဒေပုဒ်မ ၃၄၅ (၁) တွင် သတ်မှတ် ထားသော အမှု ကျေအေး နိုင်သည့် ပုဂ္ဂိုလ် ဟုတ် မဟုတ်။

(၂) ကျေအေးလိုသည့် ပြစ်မှုမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၅ (၁) တွင် သတ်မှတ်ထားသော ပြစ်မှု ဟုတ် မဟုတ်။

(၃) လျှောက်ထားသူသည် မိမိဆန္ဒအလျောက် ကျေအေးခြင်းဟုတ် မဟုတ်။

(၄) လျှောက်ထားသူအပေါ်တွင် ကျေအေးရန်အတွက် တစ်စုံတစ်ယောက်က အနိုင် အထက်ပြုခြင်း ၊မလျော် သြဇာသုံးခြင်း မတရားသွေးဆောင်ခြင်း ခြိမ်းခြောက် ခြင်းများ ကင်းစင်မှု ရှိ မရှိ။ 

(၅) အမှုကျေးအေးကြောင်း လျောက်ထားသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည့် အပြင် စိတ်ပေ့ါ သွပ် သူမဖြစ်စေ ရ။ သို့ရာတွင် ၎င်းတို့ကိုယ်စား ပဋိညာဉ် ပြုနိုင်သူ တစ်ဦးဦးက တရားရုံး၏ ခွင့်ပြုချက်ဖြင့် အမှုကို ကျေအေးနိုင်သည်။

 "ပုဒ်မ ၃၄၅ (၁) အရ အမှုကျေအေးကြောင်း လျှောက်ထားချက်အပေါ် ဆုံးဖြတ်ခြင်း"

(၁) အထက်ပါ စိစစ် ရ မည့် အချက်များနှင့် ပြည့်စုံလျှင် အမှုကျေအေးကြောင်း လျှောက်ထားချက်ကို လက်ခံပြီး တရားခံအား အပြီးအပြတ်လွှတ်ကြောင်း အမိန့် ချမှတ်ရမည်ဖြစ်သည်။ 

(၂) သီးခြားစီရင်ချက် ရေးသားရန် မလိုဘဲနေ့စဉ်မှတ်တမ်း အမိန့်ဖြင့် သာရေးသား ချက်မှတ်ရမည်ဖြစ်သည်။ 

(၃) “တရားလိုက အမှုအား ကျေအေး၍ တရားခံအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅ (၆)အရ အမှုမှ အပြီး အပြတ်လွှတ်သည်။ “ဟု ရေးသားချက်မှတ်သင့် သည်။

(၄) အထက်ပါ စိစစ်ရမည့် အချက်များ နှင့် ပြည့်စုံမှုမရှိပါက အမှု ကျေအေးကြောင်း လျှောက်ထားချက်ကို လက်မခံဘဲ အမှုကို ဆက်လက်စစ်ဆေးစီရင်ရမည်။ ထိုအကြောင်းကို အမှုနေ့စဉ် မှတ်တမ်းတွင် ရေးသား အမိန့်ချမှတ်ရမည်။ 

"ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၂) အရ ကျေအေးခြင်း"

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၂) အရ ကျေအေးနိုင်သောပြစ်မှုများ 

(၁) ရာဇသတ်ကြီးပုဒ်မ ၃၂၃ အရ စွဲဆိုမှု

(၂) ရာဇသတ်ကြီးပုဒ်မ ၃၃၅ အရ စွဲဆိုမှု

(၃) ရာဇသတ်ကြီးပုဒ်မ ၃၄၃ အရ စွဲဆိုမှု

(၄) ရာဇသတ်ကြီးပုဒ်မ ၃၄၆ အရ စွဲဆိုမှု

(၅) ရာဇသတ်ကြီးပုဒ်မ ၃၅၇ အရ စွဲဆိုမှု

(၆) ရာဇသတ်ကြီးပုဒ်မ ၄၀၃ အရ စွဲဆိုမှု

(၇) ရာဇသတ်ကြီးပုဒ်မ ၄၁၇အရ စွဲဆိုမှု

(၈) ရာဇသတ်ကြီးပုဒ်မ ၄၁၈ အရ စွဲဆိုမှု

(၉) ရာဇသတ်ကြီးပုဒ်မ ၄၁၉ အရ စွဲဆိုမှု

(၁၀) ရာဇသတ်ကြီးပုဒ်မ ၄၃၀ အရ စွဲဆိုမှု

(၁၁) ရာဇသတ်ကြီးပုဒ်မ ၄၅၁ အရ စွဲဆိုမှု

(၁၂) ရာဇသတ်ကြီးပုဒ်မ ၄၉၄ အရ စွဲဆိုမှု

(၁၃) ရာဇသတ်ကြီးပုဒ်မ ၅၀၉  အရ စွဲဆိုမှု

(၁၄) အထက်ပါ ပြစ်မှုများကို ကျူးလွန်ရန် အားပေးကူညီခြင်း အားထုတ်ခြင်း ပြစ်မှုများ 

" ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ (၂) အရ ကျေအေးနိုင်သူများ "

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၂) အရ ကျေအေးနိုင်သော အမှုများကို ယင်းဇယား ၏ စာတိုင် ၃ တွင် ဖော်ပြထားသူများကသာ ကျေအေးနိုင်သည်။ 

 "ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ (၂) အရ ကျေအေးခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်လို မလို"

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ (၂) အရ အမှုများကို ကျေအေးရန်အတွက် တရားရုံး၏ခွင့်ပြုချက် လိုပါသည်။

" ပုဒ်မ  ၃၄၅ (၂) အတွက် ကျေအေးကြောင်း လျှောက်ထားချက်ကို စိစစ်ခြင်း"

(၁) လျှောက်ထားသူသည် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၅ (၂) တွင် သတ်မှတ် ထားသော အမှုကျေအေး နိုင်သည့် ပုဂ္ဂိုလ် ဟုတ် မဟုတ်။

(၂) ကျေအေးလိုသည့် ပြစ်မှုမှာ ရာဇဝတ်ကျင့်ထုံးဥဒေပုဒ်မ ၃၄၅ (၂) တွင် သတ်မှတ်ထားသော ပြစ်မှု ဟုတ် မဟုတ်။

(၃) လျှောက်ထား သူသည် မိမိ ဆန္ဒအလျောက် ကျေအေးခြင်း ဟုတ် မဟုတ်။

(၄) လျှောက်ထားသူအပေါ်တွင် ကျေအေးရန်အတွက် တစ်စုံတစ်ယောက်က အနိုင် အထက်ပြုခြင်း မလျော် သြဇာသုံးခြင်း မတရားသွေးဆောင်ခြင်း ခြိမ်းခြောက်ခြင်းများကင်းစင်မှု ရှိ မရှိ။

(၅) အမှုကျေအေးကြောင်း လျှောက်ထားသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် စိတ်ပေ့ါ သွပ် သူ မဖြစ်စေရ။ သို့ရာတွင် ၎င်းတို့ ကိုယ်စား ပဋိညာဉ် ပြုနိုင်သူ တစ်ဦးဦးက တရားရုံး၏ ခွင့်ပြုချက်ဖြင့် အမှုကို ကျေအေးနိုင်သည်။

"ပုဒ်မ ၃၄၅ (၂) အရ အမှုကျေအေးကြောင်း လျောက်ထားချက်အပေါ် ဆုံးဖြတ်ရာတွင် စဉ်းစားရမည့်အချက်များ"

(၁) ကျေအေးခွင့် ပြုရသည့်အမှုသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှု ရှိနိုသော အမှုမျိုး ဟုတ် မဟုတ်။

(၂) ပြစ်မှုထင်ရှားစီ ရင်ရလျှင် ဟန့်တားလောက်သည့် ပြစ်ဒဏ်ပေးရမည့် အမှုမျိုးဟုတ် မဟုတ်။

(၃) ကျေအေးခွင့် ပြုခြင်းအားဖြင့် အလားတူ အမှုမျိုးတိုးတက် ဖြစ်ပွားလားဘွယ်ရာ အကြောင်းရှိသော အမှုမျိုး ဟုတ် မဟုတ်။

(၄) အထက်ပါ စီစစ်ရမည့် အချက်များနှင့် ပြည့်စုံမှုမရှိပါက အမှုကျေအေးကြောင်း လျောက်ထားချက်ကို လက်မခံဘဲ အမှုကို ဆက်လက်စစ်ဆေးစီရင်ရမည်။ ထိုအကြောင်းကို အမှုနေ့စဉ်မှတ်တမ်းတွင် ရေးသား မိန့်ချ မှတ်ရမည်။ 

"ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒမ ၃၄၅ (၂) အရ ကျေအေးခွင့်ပြုရန် ဆုံးဖြတ်သောအခါ ဆောင်ရွက်ခြင်း"

(၁) စွပ်စွဲခံရသူအား အပြီးအပြတ်လွှတ်ရမည်။ ယင်းသို့ ကျေအေးခွင့်ပြု၍ အပြီးအပြတ် လွှတ်ရခြင်း အကြောင်း ကို အမှုနေ့စဉ်မှတ်တမ်းတွင် ရေးသားအမိန့်ချမှတ်ရမည်။

(၂) တရားရုံးက ကျခံထားသော သက်သေစရိတ်များကို ပြန်လည်ပေးသွင်းရန် သင့် မသင့်ကို ကိုလည်း စဉ်းစား ဆုံးဖြတ်ရမည်။ အကယ်၍  သက်သေစရိတ်များကို  တွက်ချက်ပြီး နောက် တရားလိုက ဖြစ်စေ စွပ်စွဲခံရသူက ဖြစ်စေ မည်သူက ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်းကို အမှု နေ့စဉ်မှတ်တမ်းတွင် ရေးသား အမိန့်ချမှတ် ရမည်။ ထိုသို့ အမိန့်ချမှတ်လျှင် အဆိုပါ သက်သေစရိတ်များကို ဘိလစ်ထံသို့ ပေးသွင်းပြီးမှသာ အမှုကို ကျေ အေး ခွင့်ပြု ရမည်။ သက်သေစရိတ်  ပြန်လည်ပေးသွင်းသော ဘီလစ်ပြေစာကိုလည်း အမှုတွဲတွင် တွဲထားရ မည့် အပြင် ပေးသင့်သော ငွေအရေအတွက် ၊ ဘိလစ်ပြေစာအမှတ်နှင့် နေ့စွဲတို့ကို အမှုနေ့စဉ်မှတ်တမ်းတွင် မှတ်တမ်းတင်၍ လက်မှတ်ရေးထိုးထားရမည်။ ရာဇဝတ်မှတ်ပုံတင် အမှတ် ၃၊ စာတိုင် ၉ တွင် မင်နီဖြင့် မည် သည့် နေ့စွဲပါ မည်သည့် ချခံအမှတ်အရ ပြန်သွင်းပြီးကြောင်း ရေးမှတ်ထားရမည်။

"ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅ (၂) အရ ကျေအေးခွင့်မပြုကြောင်း ဆုံးဖြတ်သော အခါ ဆောင်ရွက်ခြင်း"

အမှုကို ကျေအေးခွင့် မပြုပါက တရားရုံးသည် အမှုကို ဆက်လက် စစ်ဆေးစီရင်ရမည်။ အမှုကို ကျေအေးခွင့် မပြုဘဲ ဆက်လက် စစ်ဆေးစီရင်ရခြင်းအကြောင်းကို အမှု နေ့စဉ်အမှတ်တမ်းတွင် ရေးသားအမိန့်ချမှတ်ရမည်။

" စွပ်စွဲရသူ တစ်ဦးထက်ပို၍ ပါဝင်သောအမှုများ"

စွပ်စွဲခံရသူ တစ်ဦးထက်ပို၍ ပါဝင်သောအမှုများတွင် စွပ်စွဲခံရသူ တစ်ဦးဦးအပေါ် စွဲဆိုသောအမှုကို ကျေအေး ခွင့်ပြုပါက ကျန်စွပ်စွဲခံရသူများအပေါ် စွဲဆိုချက်နှင့် ပက်သတ်၍ ဆက်လက်၍ စစ်ဆေးစီရင်ရမည်။ ကျေအေး ခွင့်ပြုခြင်းနှင့် သက်ဆိုင်သော စွပ်စွဲခံရသူအား အပြီးအပြတ် လွှတ်ရမည်။

 "စွပ်စွဲခံရသူတစ်ဦးအပေါ် ပြစ်မှုတစ်ခုထက်ပို၍ စွဲဆိုသော အမှုများ"

စွပ်စွဲခံရသူ တစ်ဦးအပေါ် ပြစ်မှုတစ်ခုထက်ပို၍ စွဲဆိုသော အမှုများတွင် ပြစ်မှုတစ်ရပ်အတွက်သာ ကျေအေးပြီး အခြား ပြစ်မှုများအတွက် ကျေအေးခြင်းမပြုပါက ကျေအေးခြင်း မပြု သောပြစ်မှုများအတွက် ဆက်လက်စစ် ဆေးစီရင်ရမည်။

" ကျေအေးနိုင်သော ပြစ်မှုနှင့် ကျေအေးနိုင်ခွင့် မရှိသော ပြစ်မှုတို့ဖြင့် ပူးတွဲစွဲဆိုသော အမှုများ "

ကျေအေးနိုင်သော ပြစ်မှုနှင့် ကျေအေးနိုင်ခွင့်မရှိသော ပြစ်မှုတို့ ဖြင့် ပူးတွဲစွဲဆိုသော အမှုများတွင် ကျေအေးနိုင် သော ပြစ်မှုအတွက် ကျေအေးခြင်း ပြုနိုင်ပါသည်။ ကျန်ပြစ်မှုကိုမူ ဆက်လက်စစ်ဆေးစီရင်ရမည်။ 

"အမှုအတောအတွင်း အခြေအနေပြောင်းခြင်း"

အမှုစွဲဆိုသော အမှုသည် ကျေအေးခွင့် မရှိသောအမှုဖြစ်သော်လည်း တရားရုံးရွေ့တွင် ကျမ်းကျိန် အစစ်ခံခဲ့ သော အစစ်ခံချက်များအရ ကျေအေးနိုင်သော အမှုဖြစ်ကြောင်း ပေါ်ပေါလာပါက အမှုစစ်ဆေးသော တရားရုံး သည် ကျေအေးနိုင်သောအမှုအဖြစ် အရေးယူဆောင်ရွက်နိုင်ပြီး အမှုသည်များသည် လွတ်လပ်စွာ ကျေအေးနိုင် ခွင့်ရှိပါသည်။

 "အမှုအားကျေအေးနိုင်သော ကာလ "

အမှုအား စီရင်ချက်မချမီ မည်သည့်အချိန်တွင် မဆို ကျေအေးနိုင်ပါသည်။

"ကျေအေးခြင်း၏ ခြွင်းချက်"

“ရာဇဝတ်ကျင့်ထုံး ဥပဒေ နောက်ဆက်တွဲ ဇယား ၂၊ စာတိုင် ၆ တွင် တရားလိုဘက် စစ်ဆေးဆဲ တရားရုံး၏ ခွင့်ပြုချက်ရလျှင် ကျေအေးခွင့်ရှိသည်။” ဟု ဖော်ပြကန့် သတ်ထားသည့် ပြစ်မှုများရှိသည်။

(၁) ရာဇသတ်ကြီး ပုဒ်မ ၃၂၃ အရ စွဲဆိုမူ၊ 

(၂) ရာဇသတ်ကြီး ပုဒ်မ ၃၃၅ အရ စွဲဆိုမူ၊

(၃) ရာဇသတ်ကြီး ပုဒ်မ ၃၄၃ အရ စွဲဆိုမူ၊

(၄) ရာဇသတ်ကြီး ပုဒ်မ ၃၄၆ အရ စွဲဆိုမူ၊

(၅) ရာဇသတ်ကြီး ပုဒ်မ ၃၅၇ အရ စွဲဆိုမူ၊

(၆) ရာဇသတ်ကြီး ပုဒ်မ ၄၀၃ အရ စွဲဆိုမူ၊

(၇) ရာဇသတ်ကြီး ပုဒ်မ ၄၁၇ အရ စွဲဆိုမူ၊

(၈) ရာဇသတ်ကြီး ပုဒ်မ ၄၂၆ အရ စွဲဆိုမူ၊

(၉) ရာဇသတ်ကြီး ပုဒ်မ ၄၃၀ အရ စွဲဆိုမူ၊

(၁၀) ရာဇသတ်ကြီး ပုဒ်မ ၄၅၁ အရ စွဲဆိုမူ၊

(၁၁) ရာဇသတ်ကြီး ပုဒ်မ ၄၉၄ အရ စွဲဆိုမူ၊

(၁၂) ရာဇသတ်ကြီး ပုဒ်မ ၅၀၉ အရ စွဲဆိုမူ၊

" ပုဒ်မ ၃၄၅ (၂)  ပါ ပြဋ္ဌာန်းချက်နှင့် နောက်ဆက်တွဲဇယား ၂ ၊ စာတိုင် ၆ ပါ ကန့်သတ်ချက် မည်သည်ကို လိုက်နာမည်နည်း။ "

ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၅ (၂) တွင်  “ any prosecution for such offence is pending” ဟု ဖောပြထားပြီး “ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုများကို ၎င်းပြစ်မှုအတွက် တရားစွဲဆိုမှုရှိနေသည့်အတွင်း” ဟု ဘာသာပြန်ဆိုဖော်ပြထားပြီး နောက်ဆက်တွဲ ဇယား၂ ၊ စာတိုင် ၆ တွင်  “which the prosecution is pending”ဟု ဖော်ပြထားကာ “တရားလိုဘက်က စစ်ဆေးဆဲ” ဟုဘာသာပြန်ဆိုထားသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ဥပဒေ ပုဒ်မ ၃၄၅(၂) ပါပြဋ္ဌာန်းချက်တွင်လည်းကောင်း နောက်ဆက်တွဲ ဇယား ၂ စာတိုင် ၆ ပါဖော်ပြချက်တွင်လည်းကောင်း “ prosecution is pending” ဟု တစ်ညီတစ်ညွှတ်တည်း ဖော်ပြ ချက်အရ တရားစွဲဆိုမှု ရှိနေစဉ်အတွင်းဟု ဖော်ပြထားချက်အရ စီရင်ချက်မချမီ အထိ တရားစွဲဆိုမှုသည် ရှိနေ သည်ဟု ကောက်ယူနိုင်မည်ဖြစ်သည်။ 

ထို့ပြင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅ (၅) အရ အယူခ့တရားရုံးကဖြစ်စေ ယင်းပုဒ်မ ၃၄၅ ( ၅က) အရ ပြင်ဆင်မှုတရားရုံးကဖြစ်စေ ကျေအေးနိုင်သဖြင့် မူလရုံးတွင် မည်သည့် အချိန်တွင် မဆို ကျေအေးခွင့် ပြုနိုင် သည့် သဘောသို့ သက်ရောက်သည်။

ပြည်သူ့တရားသူကြီးအဖွ့ဲ ညွှန်ကြားချက်အမှတ် ၁၇ ( ၆-၂-၁၉၇၉) တွင်လည်း စီရင်ချက်မချမီ မည်သည့် အချိန်တွင်မဆို ကျေအေးခွင့်ပြုနိုင်ကြောင်းညွှန်ပြထားသည်။

ထိုကြောင့် တရားရုံး၏ခွင့်ပြုချက်ဖြင့် ကျေးအေးခွင့်ပြုနိုင်သော မည်သည့် ပြစ်မှုတွင် မဆို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၅ (၂) နှင့် ညွှန်ကြားချက်အမှတ် ၁၇ တို့ကို လိုက်နာလျှက် စီရင်ချက်မချမီ မည်သည့်အချိန်တွင် မဆို ကျေအေးခွင့်ပြုနိုင်သည့်အချက်ကို လိုက်နာရန် အလေးသာလျက်ရှိသည်။ 

"တရားရုံးသို့ မရောက်မီ ကျေအေးခဲ့ပြီးဖြစ်သည့် ပြစ်မှုကို တရားရုံးတွင် တစ်ဖန် စွဲဆိုခွင့် ရှိ မရှိ"

ပြစ်မှုများကို  ကျေအေးရာတွင် ရာဇဝတ်ကျင့် ထုံးဥပဒေ ပုဒ်မ ၃၄၅ (၁) အရ ကျေအေးခြင်းနှင့် ၃၄၅ (၂) အရ ကျေအေးခြင်းဟူ၍  နှစ်မျိုးရှိသည်။ ပုဒ်မ ၃၄၅ (၁) အရ ကျေအေးခြင်းတွင် တရားရုံး၏ ခွင့်ပြုချက်မလိုဘဲ ပုဒ် ၃၄၅ (၁) အရ ကျေအေးသည့် ကိစ္စတွင် တရားရုံး၏ ခွင့်ပြုချက်မလိုသဖြင့် တရားရုံးမရောက်မီ ကျေအေးပြီး ဖြစ်ပါက ယင်းကိစ္စအတွက်တရားရုံးတွင် တစ်ဖန်တရားစွဲဆိုခွင့်မရှိတော့ပေ။ (မောင်စိန်လှိုင် ပြည်ထောင်စု ၁၉၆၈ ခုနှစ်၊ မတစ ၁၅၆)။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ (၁) အရ ကျေအေးသည့်ကိစ္စတွင် တရားရုံး၏ ခွင့်ပြုချက်လိုအပ်သဖြင့် တရားရုံးမရောက်မီ ကျေအေးပြီးဖြစ်လျှင့်လည်း ယင်းကိစ္စအတွက် တရားရုံးတွင် တစ်ဖန် တရားစွဲဆိုခွင့် ရရှိ နိုင်ပေသည်။ (ဤ ကားပြုစုသူ၏ သုံးသပ်ချက်)

[ဦးမိုးကျော် ( မဟာဥပဒေ ) ဒုတိယညွန်ကြားရေးမှူး ( ရာဇဝတ်ကျင့်ထုံး ဥပဒေ အခြေပြု လက်စွဲ ) ၊ ပထမ အကြိမ် ၂၀၁၉ ၊ ဒီဇင်ဘာလ ၊ စာ ၁၄၉ ] 

Comments