ကျူးကျော်မြေ note


၁။ နိုင်ငံပိုင်မြေနှင့် အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ(မြို့မြေ/ ရွာမြေ)တွင် ကျူးကျော်ခြင်း

- ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊အခန်း ၂၁(က)ပုဒ်မ၂၁(၂) အရ

- ကော်လိတ္တော်အရာရှိ (ခရိုင်အုပ်ချုပ်ရေးမှူး)က တရားလို ပြုလုပ်တရားစွဲဆို အရေးယူနိုင်သည်။

- ရက်ပေါင်း(၃၀)ထောင်ချ၊ နှင်ထုတ်ခွင့် ရှိပါသည်။

- အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေ ၂၅(ဃ)အရ

- ကော်လိတ္တော်အရာရှိ  (ခရိုင်အုပ်ချုပ်ရေးမှူး)က တရားလို ပြုလုပ်တရားစွဲဆို အရေးယူနိုင်သည်။

- နှင်ထုတ်ခွင့်ရှိသည်။

- ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ အရ

- မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်တရားစွဲဆိုနိုင်သည်။

- (၁)လအထိ အလုပ်လက်မဲ့ ထောင်ဒဏ် (သို့) ငွေဒဏ် (၂၀၀/-) (သို့) ဒဏ်နှစ်ရပ်လုံး။

- ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ အရ

- မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်တရားစွဲဆိုနိုင်သည်။

- ထောင်ဒဏ်(၆)လ (သို့) ငွေဒဏ်(၁ဝဝဝိ/-) (သို့)ဒဏ်နှစ်ရပ်လုံး


၂။ ပုဂ္ဂလိကပိုင် ဦးပိုင်ပေါက်မြေတွင် ကျူးကျော်ခြင်း

- ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၄၇ အရ

- ပိုင်ဆိုင်သူက တရားလိုပြုလုပ် တရားစွဲဆိုနိုင်သည်။

- (၃)လအထိ ထောင်ဒဏ် (သို့) (၅၀ဝိ/-)ထိ ငွေဒဏ် (သို့)ဒဏ်နှစ်ရပ်လုံး


၃။ ဌာနဆိုင်ရာအဆောက်အအုံတည်ရှိရာ မြေ ဥပစာပေါ်တွင်ကျူးကျော်ခြင်း

- ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေ ပုဒ်မ၂ (က) အရ

- အခွင့်ရအာဏာပိုင်က(ဆောက်လုပ်ရေး ဝန်ကြီးမှ ခန့်အပ်သည်)

- ဥပစာမှ အင်အားသုံးဖယ်ရှားနိုင်သည်။

- ပြစ်မှုဆိုင်ရာဥပ ပုဒ်မ ၄၄၇ အရ သက်ဆိုင်ရာဌာနက တရားစွဲဆို အရေးယူနိုင်သည်

- (၃)လအထိ ထောင်ဒဏ် (သို့) (၅၀ဝိ/-)‌  ငွေဒဏ် (သို့) ဒဏ်နှစ်ရပ်လုံး


၄။ လယ်ယာမြေပေါ်တွင် ကျူးကျော်ခြင်း၊

- လယ်ယာမြေဥပ ပုဒ်မ ၃၅ အရ

- လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၊ တရားပွဲဆို အရေးယူနိုင်သည်။

- အနည်းဆုံး ထောင်ဒဏ်(၆)လမှအများဆုံးထောင်ဒဏ်(၂)နှစ် အထိချမှတ်ရမည့်အပြင် အနည်းဆုံးငွေဒဏ်(၃ဝ၀ဝဝဝိ/)မှ အများဆုံးငွေဒဏ် (၅၀၀၀၀၀/-)အထိ။

- လယ်ယာမြေဥပဒေ ပုဒ်မ ၃၆ အရ

- လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကတရားစွဲဆို အရေးယူနိုင်သည်။

- ပုဒ်မ ၃၅ ပါ အများဆုံးထောင်ဒဏ်(၂)နှစ်။

- လယ်ယာမြေဥပဒေ ပုဒ်မ ၃၇ အရ

- လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကတရားစွဲဆို အရေးယူနိုင်သည်။

- အနည်းဆုံး ထောင်ဒဏ်(၁)နှစ်မှအများဆုံးထောင်ဒဏ်(၃)နှစ် အထိ ချမှတ်ရမည့်အပြင် ကျပ်( ၁ဝ)သိန်း အောက်မနည်းသည့်ငွေဒဏ်။


၅။ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရိုထားသူ၏ မြေပေါ်သို့ ကျူးကျော်ခြင်း

- မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ(၂၀၁၂ ခုနှစ်) ပုဒ်မ ၂၇

- မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ က တရားစွဲဆိုနိုင်သည်။

- (၂)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငါးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ


၆။ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့်ချထားပေးခြင်း မရှိသည့်မြေပေါ်သို့ ကျူးကျော်ခြင်း

- အခွင့်အာဏာပေးအပ်သူအရာရှိကမြေလွတ်၊ မြေလပ်နှင့် မြောင်းများစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၇ အရတရားစွဲဆိုအရေး ယူနိုင်သည်။


၇။ သစ်တောကြိုးဝိုင်းအတွင်းကျူးကျော်ခြင်း

- သစ်တောဥပဒေ ပုဒ်မ၄၀(က)မှ (စ) အထိ

- သစ်တောဦးစီးအရာရှိက တရားစွဲဆိုအရေးယူနိုင်သည်

- ထောင်ဒဏ်(၃)နှစ် (သို့)ငွေဒဏ်ကျင်(၃၀ဝဝဝိ/-)


၈။ ကြိုးပြင်ကာကွယ်တောအတွင်းကျူးကျော်ခြင်း

- နည်းဥပဒေ ၁၉(က)မှ (ဆ)အထိ

- သစ်တောဦးစီးအရာရှိကတရားစွဲဆို အရေးယူနိုင်သည်

- ထောင်ဒဏ်(၆)လ (သို့)ငွေဒဏ်ကျပ်(၅၀၀ဝိ/-) (သို့)ဒဏ်နှစ်ရပ်လုံး


၉။ သဘာဝနယ်မြေ/ တိရစ္ဆာန်ဥယျာဉ်၊ရုက္ခဗေဒဥယျာဉ်အတွင်း ကျူးကျော်ခြင်း

- ၁၉၉၄ ခုနှစ်၊ ဟောရိုင်း၊ တိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ၂၉ ပုဒ်မ ၃ဝ အရ

- သစ်တောအရာရှိက တရားစွဲဆိုအရေးယူနိုင်သည်

- ကျပ်(၅ဝဝဝိ/-)အထိပေးဆောင်စေရန်၊ဒဏ်ငွေကျပ်(၁ဝဝဝိ/-)


၁၀။ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းလမ်းမြေအပေါ် ကျုးကျော်သူ

-၂၀၀၀ ပြည့်နှစ်၊လမ်းမကြီးများဥပဒေပုဒ်မ ၇ပုဒ်မခွဲ(က)၊ (ခ)၊(ဂ) အရ

- ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏တာဝန်ပေးအပ်သူက တရားစွဲဆိုအရေးယူနိုင်သည်

- ထောင်ဒဏ်(၃)နှစ် (သို့) ငွေဒဏ်(သို့) ဒဏ်နှစ်ရပ်လုံး


၁၁။စည်ပင်သာယာရေးကော်မတီပိုင်မြေများအပေါ် ကျူးကျော်ခြင်း

- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေ ပုဒ်မ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊၃၂ အရ တရားစွဲဆို အရေးယူနိုင်သည်

- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေ ပုဒ်မ ၂၄၊ ၂၅၊ ၂၆ အရတရားစွဲဆို အရေးယူနိုင်သည်

- နေပြည်တော်စည်ပင်သာယာရေးကော်မတီဥပဒေ ပုဒ်မ ၂၄၊၂၅၊၂၆၊ ၂၇ အရတရားစွဲဆို အရေးယူနိုင်သည်


၁၂။စည်ပင်ပိုင်မြေအပေါ်ကျူးကျော်ခြင်း (နယ်)

- သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြဋ္ဌာန်းထားသည့်စည်ပင်သာယာရေးအဖွဲ့များဥပဒေနှင့် အညီ တရားစွဲဆိုအရေးယူနိုင်သည်


၁၃။ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပေါ်ကျူးကျော်ခြင်း

- ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၄အရရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနကတရားစွဲဆိုအရေးယူနိုင်သည်။

- ဒဏ်ငွေ ကျပ်(၅ဝဝဝဝိ/)အထိဖြစ်စေ၊ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေ


၁၄။မြစ်ချောင်းနယ်မြေ၊ ကမ်းနားနယ်မြေ၊ကမ်းပါးနယ်မြေအတွင်း ကျူးကျော်ခြင်း

- ၂ဝဝ၆ ခုနှစ်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိန်းရေး ဥပဒေပုဒ်မ ၂၅ အရ

- ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တရားစွဲဆို အရေးယူနိုင်သည်

- (၃)နှစ်ထက်မပိုသော ထောင်ဒဏ်၊ကျပ် (၅၀၀၀ဝိ/-)ထက်မပိုသော ငွေဒဏ်ဒဏ်နှစ်ရပ်လုံး


၁၅။ သတ္တုတွင်းမြေအတွင်း ကျူးကျော်ခြင်း

- ၁၉၉၄ ခုနှစ်၊ မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၃ အရ

- တာဝန်ခံ၊ သတ္တုတွင်းနယ်မြေက တရားစွဲဆို အရေးယူနိုင်သည်

- ထောင်ဒဏ်(၆)လအထိဖြစ်စေ၊ ငွေဒဏ်ကျပ်(၅၀၀၀/-)အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ


၁၆။ရတနာမြေအတွင်း ကျူးကျော်ခြင်း 

- ၁၉၉၄ ခုနှစ်၊ မြန်မာ့သတ္တုတွင်း ဥပဒေအရ

- တာဝန်ခံ၊ ရတနာနယ်မြေ သတ္တုတွင်း ဝန်ကြီးဌာနက တရားစွဲဆိုအရေးယူနိုင်သည်

- ထောင်ဒဏ်(၆)လအထိဖြစ်စေ ငွေဒဏ်ကျပ်(၅၀၀၀/-)အထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်


၁၇။ ရတနာမြေအတွင်း ခွင့်ပြုချက်မဲ့ ထုတ်လုပ်ရှာဖွေ၊ စမ်းသပ် တိုင်းတာခြင်း

- ၁၉၉၅ ခုနှစ်မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၄၁(က) (ခ)အရ

- တာဝန်ခံ၊ ရတာနာနယ်မြေ သတ္တုတွင်း ဝန်ကြီးဌာနက တရားစွဲဆိုအရေးယူနိုင်သည်

- ထောင်ဒဏ်အနည်းဆုံး(၇)နှစ်မှ အများဆုံး(၁၅)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်


၁၈။ ရထားပေါ်နှင့် ရထားနယ်နိမိတ်အတွင်း ကျူးကျော်ခြင်း

- ၂ဝ၁၆ ခုနှစ်၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၇၅(ခ) အရ တာဝန်ပေးအပ်သူက တရားစွဲဆို အရေးယူနိုင်သည်

- ငွေဒဏ် (၃၀၀ဝိ/-)မှု (၃၀၀၀ဝိ/-)အထိ


၁၉။ရေနံမြေတွင် ကျူးကျော်ခြင်း

- ၁၉၁၈ ခုနှစ်၊ ရေနံမြေအက်ဥပဒေ ပုဒ်မ ၁၂(က) ပုဒ်မခွဲ(၂)အရ

- ရေနံမြေအရာရှိက တရားစွဲဆို အရေးယူနိုင်သည်

- ထောင်ဒဏ် (၃)လ (သို့) ငွေဒဏ် ကျပ်(၁၀၀) (သို့) ပြစ်ဒဏ်နှစ်ရပ်လုံးနေပြည်တော်ကောင်စီ


Comments