Skip to main content
ကုမ္ပဏီအမှုတွင် တရားလိုခန့်ထားခြင်း/တရားလိုပြောင်းခြင်း
- ကုမ္ပဏီ တရားလို / တရားပြိုင်ဖြစ်သည့်အမှ့များတွင်ကုမ္ပဏီကိုယ်စား တရားရုံးတွင်ဆောင်ရွက်ရန် တဦးတစ်ယောက်အားတာဝန်ပေးမည်ဆိုပါက BOD အစည်းအဝေးကျင်းပပြီးBOD အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်တာဝန်ပေးရသည် ။
- BOD အစည်းအဝေးဆုံးဖြတ်ချက်အရတာဝန်ပေးအပ်ခံရသူက တရာရုံးတွင် အမိန့် ၂၉ နည်း ၁ အရလျှောက်ထားရပါတယ်လျှောက်လွှာနဲ့အတူ BOD အစည်းဝေးမှတ်တမ်းမူရင်းကိုပူးတွဲတင်ရပါသည်။
- မူလကိုယ်စားလှယ်အစား ကိုယ်စားလှယ်အသစ်တာဝန်ပေးအပ်ရန်လိုအပ်လာပါက BOD အစည်းအဝေးကျင်းပပြီးမူလကိုယ်စားလှယ်ကိုမည်သည့်အတွက်ရုပ်သိမ်းကြောင်းနှင့်မည်သူ့ကိုကိုယ်စားလှယ်အဖြစ်တာဝန်ပေးအပ်ကြောင်းဆုံးဖြတ်ရပါတယ် ။
- ကိုယ်စားလှယ်သစ်အဖြစ်တာဝန်ပေးအပ်ခံရသူက အမိန့် ၂၉ နည်း ၁ အရမူလကိုယ်စားလှယ်အားရုပ်သိမ်းခွင့်ပြုရန်နှင့်ကိုယ်စားလှယ်သစ်အဖြစ်ဆောင်ရွက်ခွင့်ပြရန်လျှောက်းထားရပါမည် ။ သို့မှသာဥပဒေနှင့်အညီနည်းလမ်းတကျလျှောက်ထားခြင်းဖြစ်ပါတယ် ။
- လူပုဂ္ဂိုလ် အချင်းချင်းလွှဲသည့်ကိစ္စများတွင်သာ GP/SP လွှဲလို့ရသည်ကိုလည်းသတိပြုရန်လိုအပ်ပါသည် ။
- ၂၀၁၇ ကုမ္ပဏီဥပဒေသစ်အရ ဒါရိုက်တာတဦးတည်းရှိသည့်ကုမ္ပဏီတည်ထောင်ခွင့်ပြုထားပါတယ် ။ Director တစ်တည်းရှိသည့်ကုမ္ပဏီဖြစ်ပါက BOD အစည်းအဝေးကျင်းပရန်မလိုပါ ။
- လိုအပ်သောဆုံးဖြတ်ချက်ကို စာဖြင့်ရေားစားမှတ်တမ်းတင်ပြီးလက်မှတ်ထိုးနိုင်ပါတယ် ။
- တရားရုံးတင်သည့်လျှောက်လွှာတွင်မူ ဒါရိုက်တာတဦးတည်းရှိသောကုမ္ပဏီဖြစ်၍ စာဖြင့်ရေးသားထားသော မှတ်တမ်းကိုတင်ပြရခြင်းဖြစ်ကြောင်းဖော်ပြပါရှိရပါမည် ။
Comments
Post a Comment