တရားလိုမလာ၍ အမှုပယ်ခြင်း

 တရားလိုမလာ၍ အမှုပယ်နည်း နှစ်မျိုးနှစ်စား

  • ပထမ အမျိုးအစားမှာ - အမှုကိုကြားနာရန် ခေါ်သောအခါ မည်သည့်အမှုသည်မျှ လာရောက်ခြင်းမရှိလျှင် ထိုအမှုကို ပလပ်ကြောင်း တရားမကျင့်ထုံးဥပဒေ အမိန့် ၉၊ နည်းဥပဒေ ၃ အရ အမိန့်ချမှတ်နိုင်သည်။ 

  • နောက်တစ်မျိုးမှာ- တရားပြိုင်လာ၍ တရားလိုမလာလျှင် အမှုကို ပလပ်ကြောင်း အမိန့် ၉၊ နည်းဥပဒေ  ၈ အရ အမိန့်ချ မှတ်နိုင်ပါသည်။ 


တရားလိုမလာ၍ အမှုပလပ်ခြင်းအား ပယ်ဖျက်ပေးရန်လျှောက်ထားခြင်း

  • နည်းဥပဒေ ၃ အရ မှုကို ပလပ်သည့် အမိန့်ကို ပယ်ဖျက်ပေးရန် မူလရုံးတွင် နည်းဥပဒေ ၄ အရ လျှောက်ထားနိုင်ပါသည်။ ထိုလျှောက်ထားချက်ကို ပယ်လျှင် ယင်းပယ်သည့်အမိန့်ကို နောက်တဆင့်မြင့်သည့် တရားရုံးတွင် အယူခံခွင့်မရှိတော့ပါ။


  • နည်းဥပဒေ ၈ အရ ပလပ်သည့် အမိန့်ကို နည်းဥပဒေ ၉ အရ မူလရုံးတွင်လျှောက်ထားနိုင်ပါသည်။ ယင်းအမိန့်အား ပယ်ပါက အဆင့်မြင့်ရုံးတွင် အမိန့် ၄၃၊ နည်းဥပဒေ (၈) အရ အယူခံ ဝင်နိုင်ပါသည်။


Ref: ဦးရင်ကြီးနှင့် ဦးရင်လတ်ပါ-၂၊ ၁၉၈၂၊ မတစ၊ စာ-၇၈


Credit: U Hein Nay Soe




Comments