မြေနှင့်အဆောက်အဦးအပြီးအပိုင်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင်စာချုပ်
စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် တင်သွင်းချုပ်ဆိုခဲ့သော မြေနှင့်အဆောက်အဦးအပြီးအပိုင်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင်စာချုပ် 🖊️
📝 စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ
ပုဒ်မ ၁၇(၁)တွင် မှတ်ပုံမတင်၍ မရသောစာချုပ်စာတမ်းများကတော့
၁။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို
မေတ္တာဖြင့်ပေးကမ်းသည့်စာချုပ်
၂။ တန်ဘိုးငွေ၁၀ဝိ/(ယခု တစ်သိန်း) အထက် ရှိသော မရွေ့မပြောင်းနိုင်သောပစ္စည်းကို -
(က) ပေါင်နှံသည့်စာချုပ်
(ခ ) ရောင်းချသည့်စာချုပ်
( ဂ) အာမခံပေးသည့်စာချုပ်
(ဃ) ခွဲခြမ်းစိတ်ဖြာသည့်စာချုပ်
( င) ပိုင်ဆိုင်ခွင့်စွန့်လွှတ်သည့်စာချုပ်
(စ ) မိသားစုစီမံမှုစာချုပ်
(ဆ) တစ်နှစ်ထက်ပို၍ အငှားချထားသည့်
စာချုပ်
( ဇ) ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍
ကြေညာဖန်တီးလွှဲပြောင်းကန့်သတ်
ချုပ်ငြိမ်းစေသောအချက်များပါရှိသ
ည့် ဒီကရီ အမိန့် အနုညာတဆုံးဖြတ်
ချက်ကို လွဲပြောင်းသည့်စာချုပ်
(စျ) ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်သည့် ငွေရရှိ
ကြောင်းပြေစာ
၃။ ကိတ္တိမသားသမီးမွေးစားသည့်စာချုပ်
ဒီလိုစာချုပ်တွေဖြစ်ရင် စာချုပ်စာတမ်းရုံးတွင် မှတ်ပုံမတင်က တရားဝင်မည်မဟုတ်ပါ။
အိမ်ခြံမြေရောင်းဝယ်ရာ၌ မှတ်ပုံတင်ရန်သတ်မှတ်ထားသော စာချုပ်အမျိုးအစားဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၅၄ နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ ၁၇ အရ
မှတ်ပုံတင်ရပါမည်။ မှတ်ပုံတင်မှသာလျှင် ပိုင်ဆိုင်ခွင့်အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဥပဒေက အတ်ိအလင်းဆိုထားပါသည်။
တချို့အရပ်ထဲတွင် အိမ်ခြံမြေရောင်းဝယ်ရာ၌ မှတ်ပုံတင်ရန်သတ်မှတ်ထားသောစာချုပ်များကို မှတ်ပုံမတင်ဘဲ နှစ်ဦးသဘောတူစာချုပ်ဖြင့် ပြုလုပ်သူများရှိတတ်ပါသည်။ ဤစာချုပ်
မျိုးကို အရပ်စာချုပ်ဟုခေါ်ဆိုတတ်ပါသည်။
အိမ်ခြံမြေကို ယင်းစာချုပ်ဖြင့်လက်ရောက်ရယူထားလျှင် ပစ္စည်းလွဲပြောင်းခြင်း
ဥပဒေပုဒ် ၅၃-က အရ တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း(part performance) ဟုခေါ်ဆိုပါသည်။
ပုဒ်မ၅၃-က
သည်ပိုင်ဆိုင်ခွင့်အရေးမရရှိပါ။ အခြားသူအားရန်မူနိုင်သည့် ဓားမဟုတ်ဘဲ သူတပါးကရန်မူလာလျှင် ကာကွယ်နိုင်သည့် ဒိုင်း (part performance is a shield but not a sword ) သာဖြစ်ပေသည်။ ဆက်လက်၍ ပိုင်ဆိုင်ခွင့်
ရရှိအောင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာလျှင်ပြီးပြည့်စုံမည် ဖြစ်ပါသည်။
Credit.
Comments
Post a Comment