တံဆိပ်ခေါင်းထမ်းဆောင် ထားခြင်း မရှိသော စာချုုပ်
ထိုက်သင့်သော
တံဆိပ်ခေါင်းထမ်းဆောင် ထားခြင်း
မရှိသော စာချုုပ်ကိုသက်သေခံ အဖြစ်လက်ခံနိုင်လား။
သက်ဆိုင်ရာဥပဒေမြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ
ပုဒ်မ ၃၅ တွင် အောက်ပါအတိုင်းပြဌာန်း
ထားသည်-
No instrument chargeable with
duty shall be admitted in evidence for any purpose by any person having by law or
consent of parties authority to receive evidence.
အထက်ပါ
ဥပဒေ ပုဒ်မ၏ ဘေးမုတ်စုကို ကြည့် ပါက ပိုမိုရှင်းလင်းပါသည်။ ဘေးမှတ်စုတွင်-
Instrument not duly stamped
inadmissible in evidence etc. ဟု
ဖော်ပြထားချက်အရ တံဆိပ်ခေါင်းကပ်ရန်
လိုအပ်သည့် စာချုပ်သည် ထိုက်သင့်သောတံဆိပ်ခေါင်းထမ်းဆောင်ထားခြင်း
မရှိက သက်သေခံချက်ရယူခွင့်
အာဏာရှိသူတစ်ဦး တစ်ယောက်ကမျှ
မည်သည့်ကိစ္စနှင့်မျှသက်သေခံ
ချက်အဖြစ် လက်ခံခွင့်မရှိပေ။
authority ဆိုသည့် စကားရပ်သည်အထက်ပါ
ဥပဒေ၏ ပုဒ်မ
၃၃ နှင့်ယှဉ်တွဲဖတ်ရှုပါကရဲအရာရှိ မှတစ်ပါး
တရားရုံးစသည့်အများပြည်သူဆိုင်ရာ
ရုံးတစ်ရုံး၊ ထိုရုံး၏
ကြီးကြပ်သူအရာရှိများသာမက ဥပဒေအရဖြစ်စေ၊အမှုသည်အကြားသဘောတူညီ
ချက်အရ ဖြစ်စေ
သက်သေခံလက်ခံခွင့်ရှိသော ခုံသမာဓိ
တို့ပါဝင်သည်။
Impounding instruments
(စာချုပ်စာတမ်းများကို သိမ်းချုပ်ခြင်း)
ထိုက်သင့်သောတံဆိပ်ခေါင်းထမ်းဆောင်ထား
ခြင်းမရှိသော စာချုပ်ကို
သက်သေခံအဖြစ် တင်သွင်းလာပါက
လက်မခံရပါ၊ သိမ်းချုပ်ပြီး မှသာ လက်ခံနိုင်မည်ဖြစ်သည်။ သိမ်းချုပ်ရန် တာဝန်ရှိသူများမှာ
တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ
၃၃ ပြဌာန်းထားသည့် ရဲအရာရှိမှတစ်ပါး တရားရုံးစသည့်အများပြည်သူဆိုင်ရာ
ရုံးတစ်ရုံး ထိုရုံး၏
ကြီးကြပ်သူအရာရှိ၊ ခုံသမာဓိတို့ဖြစ်သည်။
သိမ်းချုပ်ခြင်းနည်းလမ်းကို
တံဆိပ်ခေါင်းဥပဒေပုဒ်မ ၃၈
တွင်ပြဌာန်းထားသည်။
ထိုက်သင့်သည့်တံဆိပ် ခေါင်းထမ်းဆောင်ထားခြင်းမရှိသည့်
စာချုပ်မူရင်းကို တရားရုံး/အများပြည်သူရုံး သို့တင်ပြလာသည်အခါ အဆိုပါရုံးများက
သိမ်းယူ ရမည်ဖြစ်သည်။ ထိုသိမ်းယူရရှိသော စာချုပ်မူရင်းကိုတံဆိပ်ခေါင်း အက်ဥပဒေ
ပုဒ်မ ၃၈ (၂) အရမြို့နယ်အခွန်ဦးစီးမှူး ထံ ပေးပို့ရမည်ဖြစ်သည်။ မြို့နယ်အခွန်ဦးစီးမှူးက စာချုပ်မူရင်းကို
လက်ခံရရှိသည့်အခါထမ်းဆောင်
ရန်လိုအပ်သည့် တံဆိပ်ခေါင်းနှင့်
ယင်း၏၁၀ဆ (တစ်ထောင်ရာခိုင်နှုန်း) ဖြစ်သော ဒဏ်ငွေကို သက်သေခံအဖြစ်တင်ပြလိုသူ/ကာယကံရှင်အား ဘဏ်သို့ငွေသွင်းပေးဆောင်စေပြီး
အဆိုပါစာချုပ် မူရင်း၏ ကျောဘက်တွင်
မြို့နယ်အခွန်ဦးစီးမှူးက အခွန်နှင့်ဒဏ်ငွေကောက်ခံရရှိပြီးဖြစ်ကြောင်း
မှတ်ချက်ရေးကာ
၎င်းထံပေးပို့လာသည့် တရားရုံး အများပြည်သူရုံးသို့ပြန်လည်ပေးပို့ရမည်ဖြစ်သည်။
ဒဏ်ငွေကို ကင်းလွှတ်ခွင့်ပေးနိုင်ခြင်း။
ထိုက်သင့်သောတံဆိပ်ခေါင်းထမ်းဆောင်ရန်ပျက်ကွက်သူသည် ၎င်း၏ ဆန္ဒအလျောက် တံဆိပ်ခေါင်းပြည့်မီစွာထမ်းဆောင်ထားခြင်း
မရှိသော စာချုပ်ကို
ချုပ်ဆိုသည့်နေ့မှ တစ်နှစ် အတွင်း မြို့နယ်အခွန်ဦးစီးမှူးထံတင်ပြပြီး
ပျက်ကွက်သူက ထိုသို့ပြည်မီစွာ
ထမ်းဆောင် ရန်ပျက်ကွက်ရခြင်းမှာ
မတော်တဆဖြစ်ခြင်း၊မှားယွင်းခြင်း၊
အဆောတလျှင်ဖြစ်ခြင်း၊
တစ်ခုခု ကြောင့်ဖြစ်ရသည်ဟုမြို့နယ်အခွန်ဦးစီးမှူး
က ကျေနပ်လျှင် အခွန်မှူးကပင်
တံဆိပ်ခေါင်း အက်ဥပဒေ
ပုဒ်မ ၄၁ နှင့် ၅၆ အရ ဒဏ်ငွေကို ကင်းလွှတ်ခွင့်ပြုနိုင်သည်။
သက်ဆိုင်ရာစီရင်ထုံး
တရားရုံးတွင် သက်သေခံအဖြစ်
တင်ပြသော စာချုပ်တစ်ခုသည်
ဥပဒေအရကင်းလွှတ်ခွင့်ပြုခြင်း
မှတပါး လိုအပ်သည့်တံဆိပ်ခေါင်း
ထမ်းဆောင်ရခြင်း။
ဦးလှရွှေနှင့်
ပြည်သူ့ပုလဲနှင့် ငါးလုပ်ငန်းအဖွဲ့ ၁၉၈၀ မတစ ၅၈ စီရင်ထုံးတွင်အောက်ပါအတိုင်း လမ်းညွှန်ထုံးဖွဲ့ထားသည်-
တံဆိပ်ခေါင်းကပ်ရန်
လိုအပ်သည့် စာချုပ်တစ်ခု သည် လိုအပ်သော တံဆိပ်ခေါင်းများကပ်ထား ခြင်းမရှိပါက
သက်သေခံအဖြစ် လက်ခံခြင်းမပြုရ တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ
၃၅ တွင်ပြဌာန်း ထားသည့်အတွက် စာချုပ်တစ်ခုတွင် တရားရုံး တွင် သက်သေခံအဖြစ်တင်ပြလာပါက ဥပဒေက ကင်းလွတ်ခွင့်ပြုထားသည့်
ကိစ္စများမှတပါး မည်သည့်အကြောင်းကြောင့်
တင်ပြသည်ဖြစ်စေ စာချုပ်အမျိုးအစားအလိုက်
ဥပဒေနှင့်အညီလိုအပ်သည့်
တံဆိပ်ခေါင်း ကို ထမ်းဆောင်ရပေမည်။
တံဆိပ်ခေါင်းကပ်ရန်လိုသော
စာချုပ်ကို သက်သေခံအဖြစ်လက်ခံခဲ့လျှင် နောက်ပိုင်းတွင် သက်သေခံမဝင်ဟု ကန့်ကွက်ခွင့်မရှိခြင်း။
ဦးကာစင်ပါ
၃ နှင့် ဦးအုန်းရွှေပါ၅ ၁၉၈၀ မတစ ၈၃ တွင် အောက်ပါအတိုင်းလမ်းညွှန်ထုံးဖွဲ့ထားသည်-
တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ
၃၆ အရတံဆိပ်ခေါင်းကပ်ရန်လိုသည့်စာချုပ်တစ်ခုသည်
တံဆိပ်ခေါင်းမပါဘဲ တရားရုံးက အမှုတွင် သက်သေခံ အဖြစ် လက်ခံထားပြီးဖြစ်လျှင် မည်သူကမှ ယင်းစာချုပ်သည် သက်ခံမဝင်ပါဟု နောက်ပိုင်းတွင် ကန့်ကွက်ခွင့်မရှိတော့ပေ။
Ref: တံဆိပ်ခေါင်းအက်ဥပဒေ
ရုံးခွန်၊ တံဆိပ်ခေါင်းခွန်-ဦးတင်အောင်
အခွန်အကြောင်းတစေ့တစောင်း-ဘအောင်ငြိမ်း
၁၉၈၀ ပြည့်နှစ် မြန်မာနိုင်ငံတရားစီရင်ထုံးများ။
တရားရုံးများလက်စွဲအပိုဒ် ၁၀၂
Comments
Post a Comment