ထွက်ပြေးတိမ်းရှောင်နေသူပိုင်ပစ္စည်းကို ဝရမ်းကပ်ခြင်း
ပုဒ်မ ၈၈ (၁) တွင်ပုဒ် ၈၇ အရ ကြေညာချက်ထုတ်ထားသော ယင်းသို့ ကြေညာ ချက် ထုတ်ပြန်ခြင်း ခံရသူပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို ဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ မည်သည့် ပစ္စည်းကို မဆို ဝရမ်းကပ်ရန် အချိန် မရွှေး အမိန့်ထုတ်ဆင့်နိုင်သည်။
(၂) ယင်းအမိန့်သည် ထုတ်ပြန်သည့် ခရိုင်အတွင်း ထိုသူပိုင် မည်သည့်ပစ္စည်းကို မဆို ဝရမ်းကပ်ရန်အခွင့် အာဏာ ရှိစေရမည်။ ထို့ပြင် ယင်းအမိန့်သည် အဆိုပါခရိုင်၏ ပြင်ပတွင် ထိုသူပိုင်မည်သည့် ပစ္စည်းကို မဆို ယင်းပစ္စည်းတည် ရှိရာ ခရိုင်ကို စီရင် ပိုင်ခွင့် အာဏာရှိသည့် ခရိုင်ရာဇဝတ်တရားသူကြီးက ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုးသည့် အခါ ဝရမ်းကပ်ရန် အခွင့်အာဏာရှိစေရမည်။
(၃) ဝရမ်းကပ်ရန် ထုတ်ဆင့်သည့် ပစ္စည်းသည် ကြွေးမြီတစ်ရပ်သော်လည်း ကောင်း၊ အခြားရွှေ့ပြောင်းနိုင်သော ပစ္စည်းသော်လည်းကောင်းြဖြစ်လျှင် ဤပုဒ်မအရ ဝရမ်းကပ်ခြင်းကို -
(က) ဖမ်းဆီးသိမ်းယူခြင်းဖြစ်စေ
(ခ)ပစ္စည်းထိန်း တစ်ဦးခန့်ထားခြင်းဖြစ်စေ
(ဂ) အဆိုပါ ပစ္စည်းကို ကြေညာခြင်းခံရသူအား သို့မဟုတ် ယင်းကိုယ်စား အခြားသူတစ်ဦးဦးအား မပေးအပ် စေရန် တားမြစ်သော အမိန့်စာဖြင့်ဖြစ်စေ
(ဃ)အဆိုပါ နည်းလမ်းအားလုံးဖြင့်ဖြစ်စေ ၊ သို့မဟုတ် ယင်းနည်းလမ်းများအနက် နှစ်နည်းနှင့် ဖြစ်စေတရားရုံးက သင့်သည် ထင်မြင်သည့် အတိုင်း ဆောင်ရွက်ရမည်။
(၄) ဝရမ်းကပ်ရန် အမိန့်ထုတ်ဆင်သည့် ပစ္စည်းသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်လျှင် အစိုးရအား အခွန်ထမ်းဆောင်နေသော မြေဖြစ်သည့်ကိစ္စတွင် ယင်းမြေတည်ရှိရာ ခရိုင်၏ ကော်လိတ္တော်မှ တစ်ဆင့် ထိုပုဒ်မအရ ဝရမ်း ကပ်ခြင်းကို ဆောင်ရွက်ရသည်။ ထို့ပြင် အခြားကိစ္စများတွင်-
(င) လက်ရောက်သိမ်းယူခြင်းဖြင့် ဖြစ်စေ
(စ) ပစ္စည်းထိန်းတစ်ဦးဦး ထားခြင်းဖြင့်ဖြစ်စေ
(ဆ) ကြေညာခြင်းခံရသူ သို့မဟုတ် ယင်းကိုယ်စား အခြားတစ်ဦးဦးအား အခွန် အခပေးခြင်းကိုသော်လည်း ကောင်း ပစ္စည်းပေးအပ်ခြင်းကို သော်လည်း ကောင်း တားမြစ်သည့် အမိန့်စာဖြင့် ဖြစ်စေ
(ဇ) အဆိုပါနည်း လမ်းအားလုံးဖြင့်ဖြစ်စေ ယင်းနည်းလမ်းများအနက် နှစ်နည်းဖြင့် ဖြစ်စေ တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း ဆောက်ရွက်ရမည်။
၅။ ဝရမ်းကပ်ရန် အမိန့်ထုတ်ဆင့်သည့် ပစ္စည်းများတွင် ကျွဲ၊ နွား တိရိစ္ဆာန်သော်လည်းကောင်း ပျက်စီးယိုယွင်းလွယ်သည့် ပစ္စည်းသော်လည်းကောင်း ပါဝင်လျှင် တရားရုံးသည် လျော်ကန်သင့်မြတ်သည် ထင်မြင်သည့်အတိုင်းယင်းပစ္စည်းကို ချက်ခြင်းရောင်းချရန်အမိန့်ထုတ်ဆင့်နိုင်သည်။ ထိုသို့ရောင်းချ၍ ရရှိသော ငွေကို တရားရုံး၏ အမိန့်အတိုင်းစီမံခန့်ခွဲရမည်။
၆။ ဤပုဒ်မ အရ ခန့်ထားသော ပစ္စည်းထိန်းတစ်ဦး၏ အခွင့်အာဏာတာဝန်နှင့် ဝတ္တရားများသည် တရားမကျင့် ထုံး ဥပဒေအရ ခန့်ထားသသည့် ပစ္စည်းထိန်းတစ်ဦး၏ အခွင့်အာဏာ တာဝန်ဝတ္တရားများနှင့် ထပ်တူ ဖြစ်စေ ရမည်။
(၆-က) ကြေညာခြင်းခံရသူမှတပါး အခြားသူတစ်ဦးဦးက ဤပုဒ်မအရ ဝရမ်း ကပ်သည့် ပစ္စည်းတစ်စုံတစ်ရာ တွင် မိမိအကျိုးခံစားခွင့်ရှိကြောင်း ထိုအကျိုး ခံစားခွင့်ကို ဤပုဒ်မအရ ဝရမ်းမကပ်ထိုက်ကြောင်းဖြင့် ဝရမ်းကပ် သည့်နေမှ ခြောက်လအတွင်း တောင်းဆိုခြင်း သို့ မဟုတ် ကန့်ကွက်ခြင်းအပေါ် စုံးစမ်းစစ်ဆေးရာတွင် ထို့ နောက် တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက်များ အားလုံးကို ဖြစ်စေ တချို့တစ်ဝက်ကို ဖြစ်စေခွင့်ပြုနိုင် သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။
သို့ရာတွင် ဤပုဒ်မခွဲအရ ခွင့်ပြုုထားသည့် အချိန်အတွင်း သို့မဟုတ် ကန့် ကွက် ထားစဉ် တောင်းဆိုသူ သို့မ ဟုတ် ကန့်ကွက်သူ သေဆုံးခဲ့သော် ထိုသူ၏ တရားဝင်ကိုယ်စားလှယ်က ဆက်လက်ဆောင်ရွက်နိုင်သည်။
(၆-ခ) ပုဒ်မခွဲ (၆-က) အရ တောင်းဆိုချက် သို့မဟုတ် တောင်းဆိုချက်ကို ရမ်းထုတ်သော တရားရုံးတွင် တင်ပြ နိုင် သည်။ အကယ်၍ တောင်းဆိုချက် သို့မ ဟုတ် ကန့်ကွက်ချက်သည် ပုဒ်မခွဲ(၂) ပါ ပြဋ္ဌာန်းချက်များအရ ခရိုင် ရာဇဝတ်တရားသူကြီးတစ်ဦးက ထပ်ဆင့်လက်မှတ်ရေးထိုးသော အမိန့် ဖြင့် ဝရမ်းကပ်သည့် ပစ္စည်းနှင့် စပ် လျဉ်းပါက တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက်ကို အဆိုပါ ခရိုင်ရာဇဝတ်တရားသူကြီး၏ ရုံးတွင် တင်ပြနိုင်သည်။
(၆-ဂ) အဆိုပါတောင်းဆိုချက်တို့ ကန့်ကွက်ချက်အတိုင်းကို ယင်းကန့်ကွက် ချက်သို့မဟုတ် တောင်းဆိုချက်ကို လက်ခံရရှိသည့် တရားရုံးက စုံးစမ်းစစ်ဆေးရမည်။
သို့ရာတွင် တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက်ကို ခရိုင်ရာဇဝတ်တရား သူကြီး တစ်ဥိး၏ ရုံးသို့ တင်ပြပါ က ထိုခရိုင် ရာဇတ်ဝတ်တရားသူကြီးက မိမိလက်အောက်ရှိ ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီး တစ်ဦးဦးသို့ ဆောင်ရွက်ရန် လွဲှပြောင်းပေးနိုင်သည်။
(၆-ဃ) ပုဒ်မခွဲ ( ၆-က) အရ ချမှတ်သော အမိန့်ဖြင့် တစ်ဦးဦး၏ တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက် အားလုံးကို ဖြစ်စေ တချို့တစ်ဝက်ကိုဖြစ်စေငြင်းပယ်ခံရလျှင် ထိုအမိန့်ချမှတ်သည့်နေ့ မှ တစ်နှစ်အတွင်း အငြင်း ပွားသည့် ပစ္စည်းနှင့် စပ်လျှဉ်း၍ မိမိတောင်းဆိုသည့်အခွင့်အရေးရရှိရန် တရားမမှု စွဲဆိုနိုင်
သည်။သို့သော် အဆိုပါတရားမမှုတွင် ဆုံးဖြတ်ချက်တစ်စုံတရာရှိခဲ့လျှင် ထိုဆုံးဖြတ်ချက်နှင့် မဆန့်ကျင်စေဘဲ ထိုအမိန့်သည့် အပြီးသတ်ဖြစ်စေရမည်။
( ၆-င) ကြေညာခြင်းခံရသူသည် ကြေညာချက်တွင် သီးခြားဖော်ပြထားသည့် အချိန်အတွင်ရောက်ရှိလာလျှင် တရားရုံးသည် ပစ္စည်းကို ဝရမ်းကပ်ထားခြင်းမှ ဝရမ်းခွာကြောင်း အမိန့်ချမှတ် ပေးရမည်။
(၇) ကြေညာခြင်းခံရသူသည် ကြေညာချက်တွင် သတ်မှတ်ထားသည့်အချိန်အတွင်း မရောက်ရှိခဲ့လျှင် ဝရမ်း ကပ် သည့် ပစ္စည်းကို အစိုးရက စီမံခန့်ခွဲခွင့်ရှိစေရမည်။ သို့သော် ဝရမ်းကပ်သည့် နေ့ရက် မှ ခြောက်လမကုန်မီ နှင့် ပုဒ်မခွဲ( ၆-က) အရပြုလုပ်သည့် တောင်းဆိုချက် သို့မဟုတ် ဝရမ်းကပ်ထားသည့် ပစ္စည်းကို မရောင်းချ စေရ။ သို့သော်လည်း ယင်းပစ္စည်းသည် အလျင်အမြန်နှင့် သဘာဝအလျောက် ပျက်စီးယိုယွင်းမည်ဖြစ်လျှင် သို့မဟုတ် ထိုပစ္စည်းကို ရောင်းချခြင်းက ပိုင်ရှင် အဖို့ အကျိုးရရှိစေရမည်ဟု တရားရုံးက ယူဆလျှင် တရားရုံး သည် ထိုကိစ္စနှစ်ရပ်လုံးတွင် မိမိ သင့်သည် ထင်မြင်သည့် အချိန်တွင် ထိုပစ္စည်းကို ရောင်းချစေနိုင်သည်။
( စာညွှန်း- ဦးသက်ထွန်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပြဿနာဆိုင်ရာ မှတ်စုကြမ်း၊ စာ ၂၆၄ ) ။
Comments
Post a Comment