မယားစရိတ်ရလိုမှု မှတ်စု

၁။ မယားစရိတ်ရလိုမှုကို လင်မယားနောက်ဆုံးပေါင်း သင်းနေထိုင်ရာမြို့တွင်ဖြစ်စေ ၊ လင်ဖြစ်သူ တည်ရှိနေသည့် မြို့တွင်ဖြစ်စေ တရားစွဲဆိုရမည်။ 

၂။ မယားသည် ကိုယ်ပိုင်အလုပ်အကိုင်နှင့် ဝင်ငွေရှိပါက တရားမကြောင်းအရ စားစရိတ် တောင်းခံမှုစွဲ၍ မရနိုင်ပါ။

၃။ တရားမကြောင်းအရ စွဲဆိုရာတွင် လင်ဖြစ်သူ၏ အဆင့်အတန်းအလိုက် ဝင်ငွေ၏ သုံးပုံတစ်ပုံကို မယားဖြစ်သူကရရှိနိုင်သည်။ 

၄။ စားစရိတ်ကို စွဲဆိုသည့်နေ့ကသာလျှင် စ၍ရခွင့်ရှိသည်။

Comments