Hostile Witness ဆိုသည်မှာ

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂အရ ရဲထံထွက်ချက်နှင့်ရုံးရှေ့ထွက်ချက်ကွဲလွဲစွာ ထွက်ဆိုသဖြင့်အမှုလိုက်ဥပဒေအရာရှိကတိုက်ဆိုင်တိုင်းမယုံကြည်ထိုက်သောဆန့်ကျင်သက်သေ(Hostile Witness)ဟူ၍သတ်မှတ်ခြင်းမပြုနိုင်ပေ။ယုံကြည်ထိုက်မယုံကြည်ထိုက်ကိုသက်သေခံအက်ဥပဒေပုဒ်မ၁၄၅/၁၄၆/၁၅၄/၁၅၅တို့နှင့်အညီသက်သေကိုမယုံထိုက်သူဖြစ်ကြောင်းစွပ်စွဲမေးမြန်း၍တရားရုံး၏ခွင့်ပြုချက်အရထိုသက်သေကိုမယုံကြည်ထိုက်သောဆန့်ကျင်သက်သေဖြစ်ကြောင်းကြေညာရန်လိုပေသည်။ထိုသို့ဆောင်ရွက်ထားခြင်းမပြုပါကမယုံကြည်ထိုက်သောသက်သေအဖြစ်ကြေညာထားခြင်းခံရသူဟု မသတ်မှတ်နိုင်ပေ။

(ဒေါ်ညွှန်စိန်နှင့်ပထစ/ပထစနှင့်ဦးကြည်ဝင်း ပါ၂      ၂၀၀၄ခုနှစ်မတစ စာ-၁)

Comments