မြေပုံအရောင်နှင့် မြေသင်္ကေတ

 ဂရန်မြေဆိုရင်  သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်၊

ဘိုးဘပိုင်မြေဆိုရင်  သင်္ကေတ  B  နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ာ၊ 

အစိုးရ မြေဆိုရင် သင်္ကေတ  A  နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်၊ 

ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း 

ဘာမြေအမျိုးအစားဖြစ်နိူင်တယ်

၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား

၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့် 

ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊

ကျနော်လည်း စုပီးသားဖြစ်သွားအောင် 

သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။  မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင်   R/P/M တို့နဲ့ပြသတက်ပီး၊

ပထမတန်းစားဆိုရင်  R1

ဒုတိယတန်းစားဆိုရင် R2

တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3

တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။  အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင်  RG

၃။  ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။  ကန်ရေသောက်မူရင်းလယ်ဆိုရင်  TM

၅။  မူရင်းလယ်မြေဆိုရင်   M/MY

၆။  ချောင်းရေဝင် မြေဆိုရင်  C

၇။  ယာမြေ  ဆိုရင်   Y

၈။  ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင်  RR

၉။  တောင်ယာ မြေဆိုရင်  TY/YY

၁၀။ ကိုင်းမြေ ဆိုရင်  K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင်  KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင်  G/U

၁၃။ ဓနိမြေဆိုရင်   D

၁၄။ အပိုင်ရမြေ  O

၁၅။ အပိုင် ဂရန်မြေ  G

၁၆။ အငှားဂရန်မြေ  L 

Comments