တရားမမှု မှတ်စုများ
တရားမမှု မှတ်စုများ
ပြစ်မှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်အပေါ် မရိုးဖြောင့်သောသဘော၊ လိမ်လည်လှည်ဖျား လိုသော သဘောတို့ဖြင့် နစ်နာဆုံးရှုံးစေရန် အနိူင်အထက်ပြုကျင့်ခြင်း ဖြစ်လင့်ကစား အများပြည်သူဆိုင်ရာ နစ်နာစေမှုဟု သက်မှတ်ထားသည်။ တရားမမှုဆိုသည့်မှာ တစ်ဦးတစ်ယောက်၏ ရပိုင်ခွင့် ပိုင်ဆိုင်ခွင့် သက်သာခွင့် ကိုတောင်းဆိုမှုဖြစ်ပါတယ်။
ပြစ်မှု နှင့် တရားမမှု ကွာခြားချက် (၅) ချက်
၁။ ပြစ်မှုသည် နိူင်ငံတော် အစိုးရအားထိခိုက် နစ်နာစေမှုဟု သက်မှက်ပြီး၊ တရာမမှုသည် တစ်ဦးတစ်ယောက်
ကိုသာ ထိခိုက်နစ်နာစေမှုဟု သက်မှတ်ထားပါသည်။
၂။ ပြစ်မှုတွင် နစ်နာသူကိုယ်စား နိူင်ငံတော်က တရားစွဲဆိုပြီး၊ တရားမမှုတွင် နစ်နာသူကိုယ်တိုင်က တရားရုံးသို့ အဆိုလွှာ တင်သွင်းလျှောက်ထားရသည်။
၃။ ပြစ်မှုတွင် တရားရုံး ကုန်ကျစရိတ်များကို နိူင်ငံတော်က ကျခံပြီး (ကိုယ့်ဘာသာ ပေးတာမပါ) ၊ တရားမမှု
တွင် တရားရုံး
ကုန်ကျစရိတ်များကို အမှုသည် ကိုယ်တိုင်က ကျခံရပါသည်။
၄။ ပြစ်မှုတွင် နိူင်ငံတော် ခွင့်ပြုချက်ရမှသာ ရုပ်သိမ်းကြေအေးခွင့်ရှိပြီး၊ တရားမမှုတွင် နှစ်ဘက် အမှုသည်များ ကျေနပ်လျင် မည်သည့်အချိန်၌မဆို ကြေအေးရုပ်သိမ်းခွင့် ရှိသည်။
၅။ ပြစ်မှုတွင် ရည်ရွယ်ချက် အကြံအစည် မရိုးဖြောင့်သော သဘောများပါရှိပြီး၊ တရားမမှုတွင် ထိုအချက်များ
ပါဝင်ရန်မလိုပေ။
ထိုကြောင့် တရားမမှုသည် ကိုယ့်စားရိတ်ကိုယ်စားပြီး ရပိုင်ခွင့်နှင့်ညီမှုသော အခွန်ကိုထမ်းဆောင်ရကာ တရားစွဲဆိုရသောကြောင့် တရားစွဲမမှားရလေအောင် နစ်နာသတဲ့ မနစ်နာလေရအောင် ဒီတရားမမှတ်စုတို
လေးတွေကို လေ့လာထားသင့်ပါတယ်။
တရားမမှု စွဲဆိုရာတွင် သတိပြုရမည့်အချက်များ
(၁) တရားမသဘောသက်၀င်သည့်အမှု ဖြစ်ရမည်။
(၂) မီးသေ သိုမဟုတ် အပြီးအပြတ်ဆုံးဖြတ်ပြီးသောအမှုမဖြစ်စေရ၊
(၃) ဥပဒေအရ တားမြစ်ပိတ်ပင်ထားသည့်အမှုမျိုးမဖြစ်စေရ၊
(၄) စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးတွင် တရားစွဲဆိုရမည်။
(၅) မရွှေမပြောင်းနိုင်သည့်ပစ္စည်းဖြစ်ပါက ပစ္စည်းတည်ရှိရာနေရာတွင် စွဲဆိုရမည်။
(၆) တရားပြိုင်အား တစ်စုံတစ်ရာဆောင်ရွက်ပေးရန် တောင်းဆိုမှုဖြစ်က တရားပြိုင်ရှိရာအရပ်၌ စွဲဆိုရမည်။
(၇) သက်ဆိုင်ရာတရားရုံးတွင် သတ်မှတ်ရုံးခွန်ထမ်းဆောင်၍ စွဲဆိုရမည်။
(၈) ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိ-မရှိကြည့်ရမည်။
#မှတ်စု(၁)
(က) သင့်သက်သေများသည် အလိုအလျောက်မလာသည့်အကြောင်းနှင့် စိုးရိမ်ထင်မှတ်လျင်အမှုမဆိုင်မီ မည်သည့်အချိန်အခါ၌မဆို သင့်ရာသက်သေစရိတ်ကို တင်သွင်းလျောက်ထားသည့်အခါ မည်သည့်သက်သေ
ကိုမဆို လာရောက်စေရန်မှစ၍ တင်ပြစေရန်၊၄င်းသက်သေအပေါ်တွင် သင်ကတောင်းဆိုပိုင်သည့် စာချုပ်လက်မှတ် အစရှိသည်တို့ကို တင်ပြစေရန် ဤရုံးက သမ္မာန်စာများရရှိနိုင်သည်၊
(ခ) စွဲဆိုချက်အတိုင်း သင်ကမှန်ကြောင်းဖြောင့်ဆိုလျင် ကျရှိမည့်ဒီကရီကို သင့်အပေါ်တွင်ဖြစ်စေ၊ပစ္စည်းအ ပေါ်တွင်ဖြစ်စေ၊အခွင့်သင့်လျင် ၄င်းနှစ်ရပ်လုံးအပေါ်တွင်ဖြစ်စေ၊ အတည်မပြုလုပ်ရအောင် စွဲငွေနှင့်အတူ ထိုက်သင့်ရာတရားစရိတ်ပါ ရုံးသို့သွင်းရမည်။
#မှတ်စု(၂)
(၁) သမ္မာန်စာကို နည်းလမ်းတကျ ချအပ်ပြီးကြောင်း အထောက်အထားမခိုင်လုံလျင် ဒုတိယအကြိမ်အဖြစ် သမ္မာန်စာကို ထုတ်ဆင့်၍ တရားပြိုင်ထံ ချအပ်ရန်တရားရုံးက ညွှန်ကြားနိုင်သည်၊ (အမိန် ၉ ၊ နည်း (၁) (ခ))
(၂) သမ္မာန်စာကို တရားပြိုင်ထံ ချအပ်ခဲ့သော်လည်း တရားပြိုင်အနေဖြင့် သမ္မာန်စာ၌ သတ်မှတ်ထားသည့် ရက်တွင် လာရောက်ဖြေဆိုရန် အချိန်မီချအပ်ခဲ့ခြင်းမရှိကြောင်း အထောက်အထားခိုင်လုံလျင် တရားရုံးသည် အမှုကြားနာရန် ရွှေ့ဆိုင်းချိန်းဆိုရမည့်အပြင် ယင်းသို့ရွှေ့ဆိုင်းသောရက်ကိုလည်း တရားပြိုင်ထံ ထပ်မံအ ကြောင်းကြားရန် ညွှန်ကြားနိုင်သည်၊(အမိန် ၉ နည်း (၁)(ဂ) )
(၃) တရားလို၏ပျက်ကွက်မှုကြောင့် သမ္မာန်စာကို နည်းလမ်းတကျ မချနိုင်လျင် (သို့ ) အချိန်မီ မချအပ်နိင်လျင် အမှုရွှေ့ဆိုင်းရသည့် အတွက် ကုန်ကျခဲ့သောစရိတ်ကို တရားလိုကပေးသွင်းရန် တရားရုံးက
အမိန့်ချမှတ် ရမည်၊ (အမိန် ၉ ၊နည်း(၆) (၂) )
#မှတ်စု(၃)
(၁) တရားပြိုင်သည် ၄င်းအပေါ် ရုံးတော်မှချအပ်သောသမ္မာန်စာကို အတည်ပြု၍ မရအောင် ရှောင်တိမ်းသည် ဟုယုံကြည်လျင် ၄င်းအပေါ် အခြားနည်းသမ္မာန်စာ ထုတ်ဆင့်နိုင်ပါသည်၊(အမိန့် ၅ နည်း ၂၀)
(၂) သမ္မာန်စာတကြိမ်ထုတ်ဆင့်ပြီး၍ တရားပြိုင်ရှောင်တိမ်းနေလျင် အခြားနည်းသမ္မာန်စာထုတ်ဆင့်ပေးရန် ရုံးတော်သို့ကတိသစ္စာပူးတွဲ၍ လျှောက်ထားနိုင်သည်။
(၃) တရားပြိုင်မည်သည့်အရပ်၌ နေကြောင်းမသိက အခြားနည်းသမ္မာန်စာတစ်စောင်ကို နေ့စဉ်ထုတ်မြန်မာ့ သတင်းစာ၌ ကြော်ငြာရမည်၊ ကျသင့်ငွေကို လျှောက်ထားသူက ကျခံရမည်။
(၄) အခြားနည်းသမ္မာန်စာ ချအပ်ခြင်းသည် လူပုဂ္ဂိုလ်အပေါ်သို့သမ္မာန်စာအတည်ပြုသကဲ့သို့ အာနိသင်ရှိပါ သည်၊
(၅) တရားရုံးကကျေနပ်လျင် တရားရုံးအဆောက်အအုံတွင် အများမြင်သာသောနေရာ၌၄င်း၊ တရားပြိုင်နောက် ဆုံးနေထိုင်ခဲ့သည့်နေရာ သို့မဟုတ် မိမိကိုယ်တိုင် အကျိုးအမြတ်အစွန်းအတွက် အလုပ်လုပ်ကိုင်ခဲ့သည်ဟု သိရှိရသည့် အိမ်၏ အများမြင်သာသည့်နေရာ၌ သမ္မာန်စာမိတ္တူတစ်စောင် ကပ်ခြင်းခြင်းဖြင့်ဖြစ်စေ၊ တရားရုံးက အမိန့်ချမှတ်နိုင်ပါသည်၊
#မှတ်စု(၄)
(၁) တရားမမှုတွင် နို့တစ်ပေးရန်လိုအပ်က တစ်ဖက်အမှုသည်အား နို့တစ်ပေးရပါမည်။ တချို့အမှု များတွင် နို့တစ်မပို့က တရားစွဲဆို၍ မရပါ၊ (အမိန့် -၆ နည်း -၆)
(၂) အစိုးရအပေါ် စွဲဆိုသောတရားမမှုများတွင် ကျင့်ထုံးပုဒ်မ ၈၀ အရ နိ့တစ်ပေးရပါမည်။ နို့တစ်ပေး ပြီး ၂ လကုန်လွန်မှသာလျင် တရားစွဲခွင့်ရှိပါသည်။ အစိုးရအနေနှင့်လည်း ခုခံချေပနိုင်သည်၊ (အမိန် ၂၇ နည်း၈)
(၃) လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊(ချက်လက်မှတ်၊ဟွန်ဒီများ) အိမ်ရှင်အိမ်ငှားနှင့်ချုပ်မှုများ စသည်တို့တွင် မလွှဲမသွေ နို့တစ်ပေးရပါမည်။
(၄) အိမ်ရှင်အိမ်ငှား နှင်ထုတ်လိုမှုများတွင် ဥပဒေနှင့်အညီ နိ့တစ်ပေးရပါမည်။ (ပစ္စည်းလွှဲပြောင်းခြင်းဥပ ဒေပုဒ်မ -၁၀၆ ၊၁၁၁ ၊ ၁၁၃ နှင့် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁) (က)
#မှတ်စု(၅)
(၁) အဆိုအချေရေးသားရာ၌ အကြောင်းခြင်းရာ အပြည့်အစုံတို့ကို ရေးသားဖေါ်ပြရပါမည်။သို့မှသာ တဘက်မှပြည့်စုံသောအချေလွှာကို တင်သွင်းနိုင်ပါမည်၊ အမှုနှင့်ပတ်သက်၍ ပြည့်စုံသောအဆိုအချေတို့ကို ဖေါ်ပြပေးရန် ရုံးတော်သို့ လျောက်ထားနိုင်ပါသည်၊ (အမိန့် ၆ နည်း ၅ )
(၂) လိုအပ်ပါက အဆိုအချေတို့ကို ပြင်ဆင်တင်သွင်းရပါမည်၊ တရားစွဲဆိုရန် အကြောင်းခြင်းရာအသစ်ကို တင်သွင်းခွင့်မရှိပါ၊
(၃) အချိန်ကြာမြင့်ပြီးမှ တောင်းဆိုလျင် ရုံးတော်မှခွင့်မပြုပေ။
#မှတ်စု(၆)
(၁) ဆိုလွှာ သို့မဟုတ် ချေလွှာ၌ အမှုနှင့်သက်ဆိုင်ခြင်းမရှိသည့် တစ်ဖက်အမှုသည်၏အကျိုးကို ထိခိုက်နစ်နာ သည့်ရေးသားချက်ပါရှိက ပယ်ဖျက်နိုင်ပါသည်။ (အမိန့်၆ နည်း ၁၆ )
(၂) နစ်နာစေသည့်သဘောဖြင့် ရေးသားက တဘက်အမှုသည်အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ(၅၀၀) ရာဇ၀တ်ကြောင်းဖြင့်၄င်း၊နစ် နာကြေးရလိုကြောင်း တရားမကြောင်းဖြင့် တရားစွဲဆိုနိုင်ပါသည်။
(၃) မလိုအပ်သောစကားများကို ပယ်ဖျက်ပေးရန် စောနိုင်သမျှစောစွာ လျောက်ရမည်။
(၄) ဤလျောက်ထားချက်နှင့်ပတ်သက်၍ ချမှတ်သည့်အမိန့်အပေါ် အယူခံ၀င်ခွင့်ရှိသည်။
(၅) အသရေပျက်စေသော အဆိုအချေပါစွပ်စွဲချက်သည် အမှုတွင်ထုတ်ထားသော ငြင်းချက်နှင့်စပ်ဆိုင်လျင် ပယ်ဖျက်ခြင်းမပြုနိုင်ပေ၊
(၆) တရားရုံးသည်(အမိန့်၆ နည်း၁၆)တွင် အကျုံး၀င်သော စွပ်စွဲချက်များကို မိမိသဘောအတိုင်း ထုတ်ပယ်
နိုင်သည်။
#မှတ်စု(၇)
(၁) တဘက်သတ်စစ်ဆေးရန် အမိန့်မချမှတ်မီ ဖြစ်ရမည်ဖြစ်ပြီး ချေလွှာတင် ရန် ချိန်းဆိုထားပြီးဖြစ်ရမည်။
(၂) ချေလွှာတင်ရန် အဆိုလွှာအား သမ္မာန်စာနှင့်အတူချအပ်၍ သမ္မာန်စာအတည်ဖြစ်လျင် ချေလွှာတင်ရန် တာ ၀န်ရှိပါသည်။ ရုံးတော်က ချေလွှာတင်ရန် အမိန့်ချမှတ်ပြီး ဖြစ်ပါလျက် မတင်သွင်းပါက အမိန့်၉နည်း ၇ အရ တဘက်သတ်အမိန့်ပယ်ဖျက်ပေးရန် လျောက်ထားရမည်ဖြစ်ပါသည်။
#မှတ်စု(၈)
၁ ။ သမ္မာန်စာချအပ်ရန် ပေးသွင်းရမည့်ရုံးခွန် (သို့) စာပို့စရိတ် ပျက်ကွက်သဖြင့် တရားပြိုင်ထံသမ္မာန်စာ ချအပ်နိုင်ခြင်းမရှိလျင် အမှုကိုပလပ်ရန် အမိန့်ချမှတ်နိုင်သည်၊ (အမိန့်၉ နည်း ၂)
၂ ။ တရားမမှုကို ကြားနာရန်အတွက် အမှုခေါ်သောအခါ မည်သည့်အမှုသည်မျှ ရုံးရှေ့သို့လာရောက်ခြင်းမရှိ လျင် တရားရုံးသည် တရားမမှုကို ပလပ်ကြောင်းအမိန့်ချမှတ်နိုင်သည်၊ (အမိန့်၉ နည်း ၃)
၃ ။ အယူခံတရားရုံးက အမှုကိုပြန်လည်စစ်ဆေးရာတွင် ကြားနာရန်ချိန်းဆိုသောရက်၌ နှစ်ဘက်အမှုသည်များ မလာလျင်လည်း အမှုကို ပလပ်နိုင်သည်၊
၄ ။ အမှုပြန်ဖွင့်ပေးရန် လျောက်ထားက တရားပြိုင်ထံ အကြောင်းကြားစာထုတ်ရန်မလိုပါ၊
၅ ။ အမိန့်၉ နည်း ၂ နှင့် နည်း ၃ တို့အရ တရားမမှုကို ပလပ်သောအခါ တရားလိုသည် အမှုသစ်ထပ်မံစွဲဆိုနိုင်သည်၊ (သို့) ပလပ်သည့်အမိန့်ကို ပယ်ဖျက်ပေးရန် လျောက်ထားနိုင်သည်၊ မလာရောက်သည့်အတွက် လုံလောက်သောအကြောင်းကို တရားရုံးကျေနပ်အောင် တရားလိုက
တင်ပြနိုင်လျင် တရားရုံးသည် ပလပ်သော အမိန့်ကို ပယ်ဖျက်သည့်အမိန့်ချမှတ်ရမည့်အပြင် တရားမမှုကိုဆက်လက်ဆောင်ရွက်သွားရန် ရက်တစ်ရက်ကိုလည်း သတ်မှတ်ပေးရမည်၊
(အမိန့်၉ နည်း ၄ )
၆ ။ အမိန့်၉ နည်း ၄ သည် ဇာရီမှု၌ ရုံးချိန်းပျက်ကွက်ခြင်းနှင့်မသက်ဆိုင်ပေ။
#မှတ်စု(၉)
၁ ။ တရားမမှုကို ကြားနာရန်ချိန်းဆိုသောရက်တွင် တရားလိုသာလာရောက်ပြီး တရားပြိုင်
မလာရောက်သောအခါ သမ္မာန်စာကို နည်းလမ်းတကျချအပ်ပြီးကြောင်း အထောက်အထား
ခိုင်လုံလျင် တရားရုံးသည် အမှုကို တစ်ဖက်သတ် (အမှုသည်၏မျက်ကွယ်) ဆက်လက်ဆောင်ရွက်
သွားနိုင်ပါသည်၊ (အမိန့်၉ နည်း ၆(၁)(က) )
၂ ။ နေ့စဉ်မှတ်တမ်း (Diary) တွင် အမှုကို တစ်ဖက်သတ်စစ်ဆေးမည်ဖြစ်ကြောင်း မှတ်တမ်းတင်ချက်သည် အမိန့်မဟုတ် ၊အမိန့်ချမှတ်ရန်လည်း မလိုအပ်ပါ၊
၃ ။ တစ်ဖက်သတ်ကြားနာသောအမှုများကို တရားရုံးကျင့်စဉ်အရ ငြင်းချက်မထုတ်ဘဲ စစ်ဆေးလေ့ရှိပါသည်။ ငြင်းချက်ထုတ်ရမည်ဟု ဥပဒေကဆို မထားပါ၊ တရားလိုသည် မိမ်ိအမှုကို တရားရုံးကျေနပ်လောက်အောင် သက်သေပြရန် တာ၀န်ရှိပါသည်။ မခိုင်လုံက အမှုပလပ်ခြင်း
ခံရတတ်ပါသည်၊အမိန့်၁၃
နည်း ၁ တင်ရန်မလို ၊ သက်သေစာရင်းတင်ပြရပါမည်။
#မှတ်စု(၁၀)
၁ ။ တရားရုံးက အမှုကို အမိန့်၉ နည်း ၆(၁)(က) အရ တစ်ဖက်သတ်စစ်ဆေးရန်ချိန်းဆိုသည့်အခါ ယင်းသို့ချိန်းဆိုသည့်နေ့တွင် ဖြစ်စေ၊ ထိုရက်မတိုင်မီဖြစ်စေ၊ တရားပြိုင်လာရောက်ပြီး ယခင်ရက်ချိန်းက မိမိမလာ ရောက်နိုင်ခြင်းမှာ ခိုင်လုံသောအကြောင်းပြနိုင်က တရားရုံးသည် တရားစရိတ်ဖြစ်စေ၊ အခြားစည်းကမ်းချက် ဖြစ်စေ သတ်မှတ်၍ ယခင်ရက်ချိန်းက တရားပြိုင်လာရောက်ဘိသကဲ့သို့အမှုတွင် တရားပြိုင်၏ခုခံပြောဆိုချက် ကို ကြားနာနိုင်သည်။ (အမိန့်၉ နည်း ၇)
၂ ။ ခိုင်လုံသည့်အကြောင်း ဆိုသည်မှာ တရားပြိုင်ခရီးလွန်နေခြင်း၊
အရေးကြီးကိစ္စဆောင်ရွက် နေရခြင်း၊ အကြီးအကျယ်နာမကျန်းဖြစ်ခြင်း၊ မတော်တဆထိခိုက်မှုဖြစ်ခြင်း၊မိသားစုနာရေးကိစ္စ ဆောင်ရွက်နေခြင်း စသည်တို့ ဖြစ်ပါသည်၊
၃ ။ တရားပြိုင်ရုံးချိန်းပျက်ကွက်ရသည့် ခိုင်လုံသောအကြောင်း မတင်ပြနိုင်ဟူသော အကြောင်းသက်သက်
ဖြင့် ရောက်ရာအဆင့်မှ ပါ၀င်ဆောင်ရွက်ခွင့်ကို ပိတ်ပင်ထားခြင်းမရှိပါ၊
၄ ။ အကယ်၍ ရုံးချိန်းပျက်ကွက်သည့်အတွက် ခိုင်လုံသည့်အကြောင်းမပြနိုင်လျင် တရားပြိုင်သည် ထိုနေ့တွင် ဆောင်ရွက်ရမည့်ကိစ္စများကို ဆောင်ရွက်ခွင့်မရရှိတော့သော်လည်း ရောက်ရာအဆင့်မှ ပါ၀င်ဆောင်ရွက်
ခွင့်ရှိပါ သည်။
၅ ။ အမှုတွင် ချေလွှာတင်ပြီးဖြစ်လျင် အမိန့်၁၈ နည်း ၂ အရ သက်သေခံအထောက်အထားများ တင်ပြခွင့်ရှိပါ သည်၊
၆ ။ ဒီကရီချပြီးသည့်နေ့အထိ တရားပြိုင်လာရောက်ရန် ပျက်ကွက်က တစ်ဖက်သတ် ဒီကရီကိုပယ်ဖျက်ပေးရန် ရက်ပေါင်း ၃၀ အတွင်း အမိန့်၉ နည်း ၁၃ အရ မူလရုံးသို့လျောက်ထားရန် သို့မဟုတ် ပုဒ်မ ၉၆ အရ တဆင့် မြင့်ရုံးသို့အယူခံ၀င်ရောက်နိုင်သည်၊
၇ ။ အချုပ်အားဖြင့်ဆိုရလျင် တစ်ဖက်သတ်ကြားနာရန် ချမှတ်သည့်အမိန့်သည် တရားပြိုင်အပေါ် အမှုဆောင်ရွက်ခွင့်လုံး၀မဆုံးရှုံးကြောင်း မှတ်ယူနိုင်ပါသည်၊
၈ ။ တဘက်အမှုသည်အား အကြောင်းကြားခြင်းမပြုဘဲ မည်သည့်ဒီကရီကိုမျှ ပယ်ဖျက်ခြင်းမပြုနိုင်ပါ၊ (အမိန့်၉ နည်း ၁၄) ၊
#မှတ်စု(၁၁)
၁ ။ အထက်ပါလျောက်လွှာသည် တရားပြိုင်ရုံးရှေ့သို့ရောက်ရှိပြီးနောက် အမှုကြားနာရန် ချိန်းဆိုသည့်ရုံးချိန်း နေ့၌ လာရောက်ရန်ပျက်ကွက်သဖြင့် တစ်ဖက်သတ်စစ်ဆေးရန် ချမှတ်သည့်အမိန့်အား ပယ်ဖျက်ပေးရန် လျောက်ထားခြင်းဖြစ်သည်။
၂ ။ တစ်ဖက်သတ်အမိန့်သည် ဒီကရီဖြစ်က အမိန့်၉ နည်း ၁၃ အရ လျောက်ထားရပါမည်။ လုပ်ထုံးလုပ်နည်း မှာ အမိန့် ၉ နည်း ၇ အရ ဆောင်ရွက်ရပါမည်။
#မှတ်စု(၁၂)
၁ ။ အမှုကြားနာရန် ချိန်းဆိုသောရက် (သမ္မာန်စာတွင် ဖေါ်ပြထားသောရက် (သို့) အခြားနေ့(သို့) ငြင်းချက် ထုတ်သည့်ရက်) တွင် တရားပြိုင်လာရောက်၍ တရားလိုမလာရောက်လျင် တောင်းဆိုချက် သိုမဟုတ် ယင်း၏ တစိတ်တဒေသကို တရားပြိုင်က ၀န်ခံခြင်းမပြုပါက တရားရုံးသည် တရားမမှုကို ပလပ်ကြောင်း အမိန့်ချမှတ်ရ မည်၊ တရားပြိုင်က ၀န်ခံလျင် တရားရုံးသည် တရားပြိုင်အပေါ် ယင်း၀န်ခံချက်အရ ဒီကရီချမှတ်ရမည်။ တောင်း ဆိုချက်၏တစိတ်တဒေသကိုသာ ၀န်ခံသောအခါ ၀န်မခံဘဲကျန်ရှိသည့် တောင်းဆိုချက်နှင့်စပ်လျဉ်းသမျှ တရား မမှုကို ပလပ်ရမည်။ (အမိန့်၉ နည်း ၈)
၂ ။ အမှုကို ကြားနာရန် ရွှေ့ဆိုင်းလိုက်သောနေ့ တွင် တရားလိုမလာက အမှုကို ပလပ်ပေးရန် အမိန့်၁၇ နည်း ၂ နှင့် အမိန့်၉နည်း ၈ အရ ရုံးတော်သို့လျောက်ထားရမည်။
၃ ။ တရားလိုကွယ်လွန်သွားကြောင်းမသိ၍ အမှုကို ပလပ်လိုက်လျင် တရားရုံးသည် ပုဒ်မ ၁၅၁ အရ အမှုပလပ် သည့်အမိန့်ကို ပယ်ဖျက်ပြီး အမှားပြင်ဆင်နိုင်သည်၊ တရားလို၏တရား၀င်ကိုယ်စားလှယ်များ
သည် အမိန့်၂၂ နည်း ၃ အရ ဆက်လက်ဆောင်ရွက်ရမည်။
၄ ။ တရားလို၏တောင်းဆိုချက်အပေါ် ဒီကရီချမှတ်ရန် အမှုတွဲ၌ လုံလောက်သောသက်သေ
အထောက်အထား ရှိလျင်ဖြစ်စေ၊လျောက်လဲချက်ကြားနာရန်သာ ကျန်ရှိလျင်ဖြစ်စေ၊
တရားလိုမလာခြင်းကို အကြောင်းပြု၍ အမှုပ လပ်ခြင်းမပြုနိုင်၊ (ရမ်ဒမ်ပန်ဒေး နှင့် နရရိန်မူဘီး အောက်မြန်မာ အတွဲ ၅ စာ ၇၅ နှင့် အလာဟာဘတ် အတွဲ ၃ ၊ စာ ၂၉၂ )
၅ ။ ကော်မရှင်နာ အစီရင်ခံစာမရသေးမီ အမှုကို မကြားနာနိုင်သဖြင့် ရုံးချိန်းပျက်သည့်အတွက် အမှုကို ပလပ် ခြင်းမပြုနိုင် ၊ ( အေ အိုင် အာ ၁၉၂၀ ၊ ကာလကတ္တား ၂၀၄)
၆ ။ ချေလွှာကို လက်ခံရန်ဖြစ်ပြီး ကြားနာရန်အကျုံးမ၀င်သဖြင့် ချေလွှာတင်သည့်နေ့တွင် တရားလိုဘက်မှ ရက်ချိန်းပျက်သည်ကို အကြောင်းပြု၍ အမှုပလပ်ခြင်းမပြုနိုင် ၊ ( ဦးစိန်လှိုင် နှင့် ဦးမောင်မောင်အေး ၁၉၈၆ ၊ မတစ ၁၃၇)
၇ ။ တရားလိုအများရှိအမှုတွင် တရားလိုအားလုံးမလာက အမှုပလပ်ပေးရန် အမိန့်၉ နည်း ၈ အရ လျောက် ထားရမည်။
#မှတ်စု(၁၃)
(၁) အမိန့် (၉) နည်း (၈) အရ တရားမမှုတစ်ခုလုံးကိုဖြစ်စေ၊တစိတ်တဒေသကိုဖြစ်စေ ပလပ်သောအခါ အမှုစွဲ ဆိုနိုင်ရန် အကြောင်းတစ်ရပ်တည်းနှင့်စပ်လျဉ်း၍ တရားလိုသည်အမှုသစ်တဖန် စွဲဆိုခွင့်မရှိပေ၊သိုသော်အမှုပ လပ်သည့်အမိန့်ကိုပယ်ဖျက်ရန် အမိန့်ချမှတ်ပေးလိုကြောင်းဖြစ် တရားလိုကလျှောက်ထားနိုင်
သည်၊ အမှုကြား နိုင်ရန်
ချိန်းဆိုသောရက်တွင် မိမိမလာရောက်နိုင်ခဲ့ခြင်းမှာ လုံလောက်သောအကြောင်းကို တရားရုံးကျေနပ် အောင်တင်ပြနိုင်က တရားစရိတ်နှင့်စပ်လျဉ်း၍ဖြစ်စေ၊အခြားအကြောင်းကိစ္စနှင့်
စပ်လျဉ်း၍ဖြစ်စေ၊သင့်သည် ထင်မြင်သည့်စည်းကမ်းချက်များသတ်မတ်၍ အမှုပလပ်သည့်အမိန့်ကို ပယ်ဖျက်သောအမိန့်ချမှတ်ရမည့်အပြင် တရားမမှုကိုဆက်လက်ဆောင်ရွက်ရန် ရက်တရက်ကိုလည်း သတ်မတ်ရမည်၊ (အမိန့် (၉) နည်း (၁) )
(၂) အမှုပလပ်သည့်အမိန့်ကို ပယ်ဖျက်ပေးရန်လျှောက်ထားကြောင်း တဘက်အမှုသည်အားအကြောင်းကြား စာချအပ်ခြင်းမပြုဘဲ ဤနည်းဥပဒေအရ အမိန်ချမှတ်ခြင်းမပြုရ၊(အမိန့်(၉) နည်း (၉) (၂))
(၃) (အမိန့်(၉) နည်း (၉))သည် တရားမကြီးမှုများနှင့်သာ သက်ဆိုင်ပြီး အယူခံမှုများနှင့်မသက်ဆိုင်ပေ၊
(၄) အမှုပြန်ဖွင့်ပေးရန်လျှောက်ထားရာတွင် ရှေ့နေကိုယ်စားလှယ်စာအသစ်တင်ရန်မလိုပေ၊
(၅) တရားလိုသည် တရားစွဲဆိုနိုင်ရန်အကြောင်းတစ်ရပ်တည်းပေါ် အခြေခံကာနောက်ထပ်အမှုစွဲခွင့်မရှိပေ၊
(၆) ရုံးချိန်ပျက်ကွက်သဖြင့် ပလပ်လိုက်သောပစ္စည်းခွဲဝေပေးစေလိုမှုကိုမူ ပူးတွဲပိုင်ဆိုင်မှုဆက်လက်
တည်မြဲနေ သရွှေ့ကာလပတ်လုံးအမှုသစ်စွဲခွင့်ရှိပါသည်၊
(၇) အရွယ်မရောက်သေးသူတရားလို၏နီးစပ်ရာမိတ်ဆွေ၏လွန်ကဲစွာပေါ့လျော့မှုကြောင့် ရုံးချိန်းပျက်ကွက်
သဖြင့် အမှုပလပ်ခြင်းခံရလျင် အရွယ်မရောက်သေးသူသည် အခြားနီးစပ်ရာမိတ်ဆွေမှ တဆင့်ဖြစ်စေ၊
အရွယ် ရောက်သောအခါတွင်ဖြစ်စေ၊အမှုသစ်စွဲဆိုနိုင်ပါသည်၊
(၈) လုံလောက်သောအကြောင်းဆိုသည်မှာ အမှုကြားနာစဉ်က တရားရုံးသို့ရောက်ရှိရန်ရိုသေစွာဖြင့် အချိန်မှီ ရောက်ရှိအောင် အစွမ်းကုန်ဆောင်ရွက်ခြင်း၊မလွှဲမရှောင်သာသော ထိခိုက်အနာတရာဖြစ်ခြင်း၊
ကံဆိုးမှု ဖြစ်ခြင်း၊ ရှေ့ဖတ်စာရေးက ရက်ချိန်းမှားပေးခြင်း၊အမှုကြားနာရန်ချိန်းဆိုသောနေ့မဟုတ်ဘဲ အမှုပလပ်ခြင်း၊
ရုံးပိတ်ရက် တွင်ရုံးချိန်းပေးခြင်း၊အမှုသည်ကို အသိမပေးဘဲ အမှုကိုရုံးပြောင်းခြင်း၊
အမှုကြားနာမည် ဖြစ်ကြောင်းနို့တစ်မပေး ခြင်း၊ညနေ (၅) နာရီကျော်မှအမှုခေါ်ခြင်း၊လမ်းပိတ်နေ၍ တရားရုံးသို့
မလာရောက် နိုင်ခြင်း၊နှင့်မိနစ်အနည်းငယ် နောက်ကျသွား၍ နောက်ဆုံးရထားမမှီလိုက်ခြင်း၊ စသည်တို့ဖြစ်ပါသည်၊
(၉)ယခုအခါ တရားရုံးများအနေဖြင့် အမှုကြားနာရန်ချိန်းဆိုသည့်နေ့ရက်၌ တဘက်အမှုသည်မှ ရုံးရှေ့သို့ချိန်း ဆိုသည့်အချိန်၌ ရောက်ရှိခြင်းမရှိပါက ခေတ္တစောင့်ဆိုင်းသည့်အချိန်ထိ လာရောက်ခြင်းမရှိမှသာအမှုကို
ပလပ် လေ့ရှိသည်၊
(၁၀) တရားလိုများအနက် တစ်ဦး၏လျှောက်ထားချက်အရ ပလပ်သည့်အမှုကို ပြန်ဖွင့်ပေးရန်
လျှောက်ထား က လျှောက်ထားခြင်းမပြုသူများအတွက်ပါ အမှုဖွင့်ပေးရန်တရားရုံးက ညွှန်ကြားနိုင်သည်၊
(၁၁) မူလရုံးမှပလပ်သည့်အမိန့်အား ပယ်ဖျက်ပေးခြင်းမရှိက တစ်ဆင့်မြင့်ရုံးသို့ပုဒ်မ (၁၁၅) အရ ပြင်ဆင်မှု ၀င်ရောက်နိုင်သည်၊
(၁၂) ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယား ၊တတိယခန်းလျောက်လွှာများစာပိုဒ် ၁၆၃ အရ အမှုကို ပလပ်သောနေ့မှ ရက်ပေါင်း (၃၀) အတွင်း ပယ်ဖျက်ပေးရန်လျှောက်ထားနိုင်သည်၊
(၁၃) ပလပ်သည့်အမိန့်ကို ပြန်လည်သုံးသပ်ရန်လျှောက်ထားခွင့်ရှိသည်၊
Credit - Lawyer Handbookတရားမမှု ဆိုင်ရာ မှတ်စုတိုများ
Comments
Post a Comment