သက်တမ်းကုန်ဂရန်အမွေခွဲ

 ဂရန်သက်တမ်း ကုန်ဆုံးသော်လည်း ပေးဆောင်ရန်ရှိသည်များကို ဆက်လက်ပေးဆောင် နေခြင်း၊ အဆိုပါမြေကိုအစိုးရက ပြန်လည်သိမ်းယူကြောင်း မပေါ်ပေါက်ခြင်း စသည့်အခြေ အနေ များတွင် အမွေဆိုင်များအကြား မည်သူကမည်မျှသုံးစွဲခွင့်ရှိကြောင်း ဆုံးဖြတ်ခြင်းသည် တည်ဆဲ ဥပဒေများနှင့် ဆန့်ကျင်ခြင်းမရှိ ၍မှားယွင်းမှုမရှိပေ။

 ဂရန်သက်တမ်းကုန်ဆုံးသောမြေ အမွေခွဲဝေပိုင်ခွင့်ရှိသည် ။ အမွေဆိုင်ပစ္စည်းအဖြစ် သတ်မှတ်၍ ခွဲဝေယူစေရန် ဒီကရီချပေးခွင့်ရှိသည်။ 

သီးလှမြင့်နှင့် ဒေါ်အေးမိုး ပါ - ၄ ၊ ၁၉၉၅ - ခုနှစ်၊ တရားမအထွေထွေလျှောက်လွှာ (အထူး) အမှတ်- ၁၈၉ (၂-ပါးထိုင်) (၂၀.၁၂.၁၉၅)

ဂရန်နှင့် သာသနာဂရန်ပေါက်မြေများအကြောင်းသိကောင်းစရာ စာမျက်နှာ ၁၇ - ၁၈

အမှုတွင် အချင်းဖြစ်မြေမှာ  အစိုးရမြေအား ကျူးကျော်ထားသော မြေဖြစ်သော်လည်း အချင်းဖြစ်မြေသည် လူနေအိမ်ရာအဖြစ် လွန်ခဲ့သောနှစ်ပေါင်း (၄၆) နှစ်ခန့်ကတည်းက တည်ရှိခဲ့ သည့် မြေဖြစ်၍ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင် ထည့်သွင်းစွဲဆိုပိုင်ခွင့်ရှိသည်။ 

ဒေါ်ခင်အေး နှင့် ဒေါ်ခင်ရီ ပါ - ၇ ၊ ၁၉၉၈ - ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် -၂၆၀ ( ၉ .၂ .၉၉)

 ဦးမျိုးမင်းသိန်းနှင့် ဒေါ်ခင်ဌေးမြင့်အမှုတွင် ဂရန်သက်တမ်းကုန်ဆုံးလျှင် အဆိုပါမြေသည် အစိုးရမြေဖြစ်သွားသဖြင့် အဆိုပါမြေကို အမွေဆက်ခံခွင့် ၊ လွှဲပြောင်း ရောင်းချခွင့်မရှိကြောင်း ထည့်သွင်းသုံးသပ်ထားပါသည်။ 

“ ဦးမျိုးမင်းသိန်းနှင့် ဒေါ်ခင်ဌေးမြင့်ပါ -၆   ၂၀၁၃ မတစ ၈၇”


#credit : LLB G r o u p

Comments