Car Owner Book

 ကားအုံနာစာအုပ်

ကားအုံနာစာအုပ် ဟု အများသိထားသည့်

ဤစာအုပ်ကို ရုံးစာအနေနဲ့ (ကမ-၃)

ဟုခေါ်လေသည်။

ဒီစာအုပ်လေးက အမည်ပေါက်သူသည်

ဒီကားပိုင်ရှင်ပါ လို့ ကညန က အတည်မပြုနိုင်ပါ။ မော်တော်ယာဥ်ကို တာဝန်ခံ မှတ်ပုံတင်ထားသူဟုသာ 

မှတ်ယူထားပါသည်။

 မောင်လှ ဟု အမည်ပေါက်သော်လည်း

ပိုင်ရှင်အစစ်သည် မောင်လှအဖေ 

ဦးဘ ဖြစ်နိုင်သလို ယောက္ခမ ဒေါ်မြ

ဖြစ်နိုင်သည်။

ပိုင်ရှင်အစစ်အမှန်ကို ကညန က သိထားစရာမလို။

 ယာဥ်မှတ်ပုံတင်သူကိုသာ

မှတ်တမ်းတင်ထားကာ 

ကိုယ်ရေးအချက်အလက်များ အတိအကျ

ယူထားခြင်းဖြစ်ပေသည်။

ဒါကြောင့်မို့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်၍

ဤစာအုပ်ကို တရားရုံးမှာ သက်သေခံ

တင်သွင်းမရပါ။

အတိုပြောချင်တာက

ကားရယ်/ ကားဝှီးတက်ရယ်/ ကမ-၃

စာအုပ် ၃မျိုး- စုံတိုင်း 

အရှုပ်အရှင်းကင်းကင်း ရောင်း/ဝယ်

လို့ အဆင်မပြေနိုင်ပေ။

များမကြာမီ

မောင်လှ အမည်ပေါက်တဲ့ကားကို

ကားပိုင်ရှင် အစစ်အမှန်

အဖေဦးဘ သို့မဟုတ် ဒေါ်မြ က

နိုင်ငံပိုင်သတင်းစာကကန့်ကွက်လိုက်လျှင်

လူမှုရေးများ ရှုပ်ထွေးကုန်နိုင်သည်။

နေ့စဥ်နဲ့အမျှ လူမှုကွန်ယက်တွင်

ကြေငြာပေးနေကြတာလည်း မြင်နေရလို့ပါ။

အုံနာစာအုပ်ကို ပိုင်ရှင်က သေချာစွာ သိမ်း

ထားသော်လည်း 

ခွဲမရအောင်တူသော ကမ ၃

ဝှီးတက် အာမခံစာအုပ်စိမ်းတို့နဲ့ အစားထိုးခါ ရောင်းဝယ်နိုင်ကြလေသည်။

အထူးသဖြင့် လချုပ်/နှစ်ချုပ် နဲ့ငှား

ထားသော ကားများစွာ မှာ

အထက်ပါ နည်းနဲ့ ရောင်းစားကြလေသည်။

ပြီးရင် ပြသနာ တက်ကြလေပြီ။

ပြသနာဖြစ်လာလျှင်လည်း 

ရဲစခန်းနဲ့တရားရုံးတို့တွင်သာ

အချိန်ကုန်ငွေကုန် လူပမ်းရှင်းရပါတော့မည်။

အတိအကျ အနှစ်ချုပ်က

ကမ ၃ သည် ယာဥ်ပိုင်ဆိုင်မှုအတွက်

သက်သေခံမဟုတ် ။

တရားဝင် စာချုပ်စာတမ်း နဲ့ အရောင်းဘက်က သက်သေ အဝယ်ဘက်ကသက်သေများ

သာ အဓိက ဖြစ်ပေသည်။

ကားသက်တမ်းကုန်မယ့်လကို ပထမ 

စာမျက်နှာမှာ ထင်ရှားစွာ ရေးပေးထားလို့

အလွယ်မြင်နိုင်သည်။

အတွင်းစာရွက်တွေတစ်ခုမကျန်ဆက်လှန်ပြီး Up Date အချက်အလက်တွေစစ်ဆေးပါ။

ရောက်ရှိလက ကြိုပြီး ရက်၉၀ 

ကြိုတိုးနိုင်သည်။

အလုံးစုံအာမခံ ယူထားသောကားများသည် ကညန သက်တမ်းရှိနေရမည်။

ယခု အကဲဆတ်နေသော အချိန်အခါမှာ

ကညန သက်တမ်းတိုးခြင်း

ပတခ မှာ အမည်ပြောင်း သက်တမ်းတိုး

ဘို့အတွက် အခွန်ဆောင်ခြင်းသည်

သင့်စိတ်ကြိုက် ဆုံးဖြတ်နိုင်သော

သင့်ရဲ့ မူဝါဒ Ur Policy ပါ။

သက်တမ်းမရှိတဲ့ကားရော

သက်တမ်းရှိတဲ့ကားရော

အရောင်းအဝယ် ဖြစ်ပါတယ်

ခေတ်အခြေအနေအရ ဘဏ်တွေအပေါ်

ယုံကြည်မှု ပျက်ယွင်းနေလို့ 

ကိုင်ထားကြတဲ့ ငွေလေး ၁၀၀/၂၀၀

ပတ်လည်လောက်နဲ့ ကားဝယ်ရောင်းလေး

တွေ လည်ပတ်နေကြတာ မြင်နေရလို့ပါ။

ဘဏ်အပ်မယ့် ပိုက်ဆံ ထုတ်ရတာ မလွယ်တော့ ကားလေးကိုင်ထား

နဲနဲ ပါးပါးလေး ကျန်ရင် ပြန်ထုတ်ကြနဲ့

ငွေစငွေန လေးတွေ ထုတ်ပေးနေကြတဲ့

ဝယ်ရောင်းလက်သစ်လေးတွေလည်း

သတိပြုမိရအောင်ပါ။

Credit: Thet Win

Comments