တစိမ်းလက်ရောက်ရှိနေသောအမွေပစ္စည်း

သူတစိမ်းလက်၀ယ်တွင်ရောက်ရှိနေသော အမွေပစ္စည်းအားလက်ရောက်ရလိုမှု - 

 အောက်ပါစီရင်ထုံးကိုလေ့လာကြည့်ပါ ။ 

မေးခွန်း - သူတစိမ်းလက်၀ယ်တွင်ရောက်ရှိနေသော အမွေပစ္စည်းအား လက်ရောက်ရလိုလျှင် မည်သို့ဆောင်ရွက်ရမည်နည်း  ။

အဖြေ - အမွေဆိုင်ပစ္စည်းများသည် သူတစိမ်းလက်၀ယ်ရှိနေ၍ လက်ရောက်ရလိုကြောင်း စွဲဆိုလို လျှင် အမွေဆိုင်တစ်ဦးကဖြစ်စေ၊ တစ်ဦးထက်ပိုသူတို့ကဖြစ်စေ၊ အမွေပစ္စည်းများကို ထိန်သိမ်းရန် အတွက် အမွေထိန်းစာလျှောက်ထားတောင်းယူပြီးနောက် အမွေထိန်း (သို့) အမွေထိန်းများအဖြစ် ဖြင့် သူတစိမ်းလက်၀ယ်ရှိ အမွေဆိုင်ပစ္စည်းများကို လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်ပေမည်။

 အမွေထိန်းစာရယူခြင်းမပြုလိုလျှင် အမွေဆိုင်အားလုံးပါ၀င်ပြီး လက်ရောက်တောင်း ဆိုနိုင်ပါသည်။ အမွေဆိုင်အားလုံးပါ၀င်ခြင်းမရှိဘဲ မခွဲဝေရသေးသည့် အမွေဆိုင်မြေကို သူတစိမ်း လက်မှ မိမိဝေစုအတွက်တောင်းဆိုလျှင်  “ ဦးကြွားပါ (၇) နှင့်ဒေါ်တင်လှပါ (၄) ၁၉၈၄ မတစ ၂၃၉ ” 

စီရင်ထုံးကဲ့သို့ အမှုရှုံးနိမ့်နိုင်ပါသည်

Credit: ဥပဒေ အကျိုး ဆောင် LL.B G r o up Myanmar L a w F i r m 


Comments