သက်သေခံပစ္စည်းနှင့်ပါတ်သတ်၍
သက်သေခံပစ္စည်း
ပြစ်မှုနှင့်သက်ဆိုင်သည့်သက်သေခံပစ္စည်း(၄)မျိုးရှိပါသည်။၎င်းတို့မှာ...
၁။ အမှုနှင့်ပတ်သက်၍တရားရုံးသို့တင်ပြထားသောသက်သေခံပစ္စည်းများ
၂။ တရားရုံးမှလက်ခံထိန်းသိမ်းထားသောပစ္စည်းများ
၃။ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုထားသောပစ္စည်းနှင့်
၄။ ပြစ်မှုတွင်အကျုံး၀င်သောပစ္စည်းများဖြစ်ပါသည်
သက်သေခံပစ္စည်းကိုတရားရုံးမှနည်းလမ်း(၄)မျိုးဖြင့့်စီမံဆောင်ရွက်ပါသည်။
၁။ ဖျက်ဆီးခြင်း
၂။ သိမ်းယူခြင်း
၃။ ပိုင်ဆိုင်ခွင့်ရှိသူအားပြန်လည်ပေးအပ်ခြင်းနှင့်
၄။ အခြားနည်းဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
သက်သေခံပစ္စည်းထုတ်ယူခွင့်ပြုရန်လျှောက်ခြင်း
၁။ အမှုနှင့်ပတ်သက်ပြီးသိမ်းဆည်းထားသည့်သက်သေခံပစ္စည်းကိုအမှုအတောအတွင်းပြန်လည်လျှောက်ထားနိုင်ပါသည်။
၂။ ပြစ်ကျင့်ပုဒ်မ ၅၁၆(က)အရလျှောက်ထားရမည်။ရုံးတော်ကသက်သေခံပစ္စည်းကိုပြန်ပေးရန်သင့်သည်ဟုယူဆလျှင်ခံ၀န်ဖြင့်ထုတ်ပေးလေ့ရှိပါသည်။
၃အမှုပြီးဆုံးမှသက်သေခံပစ္စည်းကိုလျှောက်ထားလျှင်ပြစ်ကျင့်ပုဒ်မ ၅၁၇အရလျှောက်ထားရမည်။ခံ၀န်လုပ်ရန်မလိုပေ။
၄။ တရားရုံး၌ရှာဖွေပုံစံဖြင့်သက်သေခံအဖြစ်သိမ်းဆည်းထားသည့်ပစ္စည်းအပေါ်သာပြန်လည်လျှောက်ထားပိုင်ခွင့်ရှိပါသည်။
၅။ တရားရုံးမှပြန်လည်ပေးအပ်သည့်ပစ္စည်းအားတရားရုံးကအချိန်မရွေးပြန်လည်ရယူနိုင်သည်။
၆။ အမှုပြီးဆုံးသည့်အခါရထိုက်ခွင့်ရှိသူလက်သို့ပေးသင့်လျှင်ပြန်လည်ပေးအပ်ပါသည်။
၇တရားခံကိုအမှုမှအပြီးပြတ်လွှတ်သည့်အခါ၎င်းထံမှသိမ်းယူခဲ့သည့်သက်သေခံပစ္စည်းအားတရားခံသို့ပြန်ပေးလေ့ရှိသည်။
၈။ တရားခံအပြစ်ရှိသည်ဟုဆုံးဖြတ်လျှင်သက်သေခံပစ္စည်းအားသိမ်းဆည်းခံရသူသို့ပြန်လည်ပေးနိုင်သည်။(သို့မဟုတ်)ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ပါသည်။
၉။ ခိုးမှု၌ပစ္စည်းပိုင်ရှင်နှင့်ခိုးရာပါပစ္စည်းအားသဘောရိုးဖြင့်၀ယ်ယူခဲ့သူနှစ်ဦးအပြိုင်လျှောက်သည့်ကိစ္စတွင်တရားရုံးကချင့်ချိန်၍ဆုံးဖြတ်ပေးပါသည်။
၁၀။ တရားမကြောင်းအရပိုင်ဆိုင်ခွင့်အငြင်းပွားရမည့်ကိစ္စများတွင်တရားရုံးမှဝ်ရောက်စွတ်ဖက်လေ့မရှိပေ။
ဒေါ်လှလှမော်
Comments
Post a Comment