မိသားစုစီမံမှု
မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ်ခြံမြေအမွေမှု မဖြစ်နိုင်တော့ဘူး။
ဒါကြောင့် မိသားစုစီမံမှုကို လုပ်ကြဖို့ မြန်မာ့ ဥပဒေပညာရှင်ကြီးများက အမြဲတိုက်တွန်းခဲ့ ကြတယ်။ ပညာပေးခဲ့ကြတယ်။ အဲဒါနှစ် (၁၀၀) ကျော်တိုင်ခဲ့ပြီ။ (သို့သော် တချို့တချို့တွေက တော့ ဖုံးကြတယ်။ ဖွက်ကြတယ်။ ပညာပေးတဲ့သူကတစ်ဖွဲ့၊ လူတွေမသိအောင် လိုက်ကာနေတဲ့ သူတွေကလည်း တစ်ဖွဲ့ပါ)
ပစ္စည်းရှင်ကွယ်လွန်ပြီးနောက် အိမ်ခြံမြေအမွေ များကို မည်သို့ ခွဲဝေယူကြ ရမည်ဆိုသော မိသားတစ်စု၏ စီမံမှုကို မိသားစုစီမံမှု ဟုခေါ်ပြီး ၁၉၆၆ ဦးဘဖေနှင့် မချိုတီ မတစ ရ၂၇၊ စီရင်ထုံးနှင့် ဒေါက်တာဦးမောင်မောင်၊ မြန်မာဓလေ့ထုံး ၁၉၆၃/၁၀၄ အပြင် စီရင်ထုံးများစွာမှာ ထင်ရှားစွာ ဖော်ပြထားပါသည်။
မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေဆက်ခံခွင့် မရှိသူများ ပါ၀င်ချုပ်ဆိုရေးသားခွင့် မရှိဟု ဦးညွန့်မောင်/ဒေါ်မြရွှေ ၁၉၇၄ တရားမဒုတိယ အယူခံ အမှတ်-၃၃ မှာလည်း စီရင်ထားပါတယ်။
မိသားစုစီမံမှု ကို သဘောတူညီ ပြုလုပ်ပြီးပါက ကြိုတင်တရားစွဲ တောင်းဆိုခွင့်မရှိ၊ ဖောက်ဖျက်ခွင့် မရှိသည့်အပြင် ငြင်းဆိုခွင့်လည်း မရှိပါကြောင်း၊ မပန်းစီ/မလှရင်၊ ၁၉၆၃ မတစ၊ ၈၀၀(၈၀၈) တွင်ပါရှိပါတယ်။
မိသားစုစီမံမှုသည် မိသားစုအတွင်းတွင်သာ သဘောတူညီ ခွဲဝေကြသည့်အတွက် အခွင့်အရေးတို့သည် ဥပဒေနှင့် အတိအကျ ညီညွတ်နိုင်မည် မဟုတ်ပါ၊ သို့သော်လည်း ခိုင်မာပါသည်ဟု ဦးမြတ်သူ/မစောရှင် ၁၉၄၉ မတစ၊ လွှတ်တော် ၉၄၂တွင် စီရင်ထားရှိသည်ကိုတွေ့ နိုင်ပါသည်။
credit#ဥပဒေရေးရာ
Comments
Post a Comment