အမွေခွဲပုံ
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ
အမွေခွဲဝေပုံအခြေခံမူ (၄)ရပ်
__________________________________
၁။ လင်သေလျှင် လင်၏ဥစ္စာပစ္စည်းအရပ်ရပ်ကို မယားက အမွေဆက်ခံရရှိသည်။ မယားသေလျှင် မယား၏ဥစ္စာပစ္စည်းအရပ်ရပ်ကို လင်က အမွေဆက်ခံရရှိသည်။
၂။ အမွေခံထိုက်သူတို့ကိုရွေးချယ်ရာတွင် သွေးနီးသွေးဝေးကိုထောက်ချင့်ရခြင်း။သွေးနီးရှိကသွေးဝေးအမွေခံမထိုက်။
၃။ သွေးနီးသွေးဝေးစိစစ်ရာတွင် တစ်မိတည်းမှမွေးဖွားသူတို့သည် မိတူဖကွဲ ဖတူမိကွဲ မွေးဖွားသူတို့ထက် တစ်ဆင့်နီးသည်ဟု ယူဆရမည်။
၄။ အမွေသည်စုန်နိုင်လျှင်မဆန်စေရ။မစုန်နိုင်၍ဆန်ရလျှင်လည်းလိုသည်ထက်ပို၍ မဆန်စေရ
__________________________________
၁။ လင်သေလျှင် လင်၏ဥစ္စာပစ္စည်းအရပ်ရပ်ကို မယားက အမွေဆက်ခံရရှိသည်။ မယားသေလျှင် မယား၏ဥစ္စာပစ္စည်းအရပ်ရပ်ကို လင်က အမွေဆက်ခံရရှိသည်။ ကို ရှင်းလင်းခြင်း
@ လင်မယားနှစ်ဦးတွင် သြရသဝေစု ရယူပိုင်သည့် သားကြီး သမီးကြီးရှိလျှင် ကျန်ရစ်သူ လင် သို့မဟုတ် မယားက လင်မယားနှစ်ဦးပိုင်ပစ္စည်းအရပ်ရပ်၏ ၄ ပုံ ၃ပုံ ရရှိသည်။သြရသမှာ ကျန် ၄ပုံ ၁ပုံ ရရှိသည်။
@ ကျန်ရစ်သူ လင် သို့မဟုတ် မယားက အိမ်ထောင်အသစ်ထူထောင်လျှင် ပထမအိမ်ထောင်မှ သားသမီးတို့သည် လင်မယားနှစ်ဦးပိုင် ဥစ္စာပစ္စည်းအရပ်ရပ်၏ တစ်ဝက်ကို ထို သားသမီးများက တောင်းခံခွင့်ရှိသည်။
@ လင်သည်မယားတစ်ယောက်ထက်မကထားရှိ၍ ထိုမယားတို့အနက် တစ်ဦးဦးသည် လင် အရင် ကွယ်လွန်ခဲ့လျှင် ကွယ်လွန်သူမယား၏ သားသမီးတို့သည် ဖခင်ထံမှ မိမိတို့အမိ ပိုင်ဆိုင်ခွင့်ရှိသမျှကို အမွေအဖြစ်တောင်းခံနိုင်သည်။
[ ရန်ကုန်စီရင်ထုံး အတွဲ(၈) စာ - ၅၂၄ ]
__________________________________
၂။ အမွေခံထိုက်သူတို့ကိုရွေးချယ်ရာတွင် သွေးနီးသွေးဝေးကိုထောက်ချင့်ရခြင်း။သွေးနီးရှိကသွေးဝေးအမွေခံမထိုက်။ ကို ရှင်းလင်းခြင်း
@ သေသူ၏ အမွေကို ဖခင်၏နှမ နှင့် မိခင်ဖခင်နှစ်ဖက်လုံးမှတော်စပ်သည့် တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတို့ ယှဉ်ပြိုင်လုကြသည်။
*ဖခင်၏နှမ*
--------------------
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘမှဘိုးဘွားသို့အဆန် - ၁ဆက်
ဘိုးဘွားမှဦးကြီး ဦးလေးအစရှိသူများသို့အစုန် - ၁ဆက်
* မိခင်ဖခင်နှစ်ဖက်လုံးမှတော်စပ်သည့် တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမ*
-----------------------------------
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘမှဘိုးဘွားသို့အဆန် - ၁ဆက်
ဘိုးဘွားမှဦးကြီး ဦးလေးအစရှိသူများသို့အစုန် - ၁ဆက်
ဦးကြီး ဦးလေးတို့မှ တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများသို့ အစုန် - ၁ဆက်
@ သွေးနီးသူမှ သွေးဝေးသူကိုထုတ်ပယ်သည့် အခြေခံမူအရ ဖခင်၏နှမ သည် တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများ ကို အမွေမှ ထုတ်ပယ်သည်။
[ ဦးဖေကြီး နှင့် ဦးပျိုး ရန်ကုန်စီရင်ထုံး အတွဲ(၃) စာ-၂၇၁ ]
__________________________________
၃။ သွေးနီးသွေးဝေးစိစစ်ရာတွင် တစ်မိတည်းမှမွေးဖွားသူတို့သည် မိတူဖကွဲ ဖတူမိကွဲ မွေးဖွားသူတို့ထက် တစ်ဆင့်နီးသည်ဟု ယူဆရမည်။
__________________________________ အမွေသည်စုန်နိုင်လျှင်မဆန်စေရ ကို ရှင်းလင်းခြင်း
@ အမွေသည်စုန်နိုင်လျှင် မဆန်စေရ အခြေခံမူအရ ကွယ်လွန်သူ၏ညီမများသည် ကွယ်လွန်သူ၏ အစ်ကိုဖြစ်သူကိုအမွေမှ ပယ်ထုတ်သည်။
[ လင်ကာဂင် နှင့် မစ္စစ်အိုင်းရစ် မောင်စိန် ၁၉၅၅ မတစ(တရားလွှတ်တော်ချုပ်).စာ - ၁၅ ]
__________________________________
မစုန်နိုင်၍ဆန်ရလျှင်လည်းလိုသည်ထက်ပို၍ မဆန်စေရ ကို ရှင်းလင်းခြင်း
@ သေသူ၏ဦးလေး နှင့် တူ တို့ယှဉ်ပြိုင်လုကြသည်
*ဦးလေး*
-------------
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘမှဘိုးဘွားသို့အဆန် - ၁ဆက်
ဘိုးဘွားမှဦးကြီး ဦးလေးအစရှိသူများသို့အစုန် - ၁ဆက်
*တူ*
-------
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘများမှညီအစ်ကိုမောင်နှများသို့ အစုန် - ၁ဆက်
ညီအစ်ကိုမောင်နှမများမှတူ တူမများသို့ အစုန် - ၁ဆက်
@ အမျိုး ၃ဆက်ဖြစ်၍ အနီးအဝေးတူနေသော်လည်း မစုန်နိုင်၍ဆန်ရလျှင်လည်းလိုသည်ထက်ပို၍ မဆန်စေရ အခြေံမူအရ တူ က တစ်ခါသာဆန်ရပြီး ဦးလေးသည် နှစ်ခါဆန်ရသဖြင့် သေဆုံးသူ၏တူသည် ဦးလေးကိုအမွေမှပယ်ထုတ်သည်။
[ မတင် နှင့် မရွှေဆင့် ရန်ကုန်စီရင်ထုံး အတွဲ(၄) စာ-၂၇ ]
Credit :U Ko Ko Aung
ကူးယူဖော်ပြပါသည်။
Comments
Post a Comment