ပေးကမ်းခြင်းစာချုပ် ချုပ်မယ်ဆိုပါက

   စိန်၊ရွှေအစရှိသည့်ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုပေးကမ်းတဲ့နေရာမှာစာချုပ် ချုပ်ပြီးပေးကမ်းလို့လည်းရတယ်၊စာချုပ်မချုပ်ဘဲလည်းပေးလို့ရပါတယ်။

      မြေ၊အိမ် အစရှိတဲ့မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတစ်စုံတစ်ရာကိုပေးကမ်းမယ်ဆိုလျှင်တော့ပေးကမ်းခြင်းစာချုပ်ပြုလုပ်ရပါမယ်။ပေးကမ်းစာချုပ်ဟာအောက်ပါအတိုင်းဖြစ်ရပါမည်......

       ၁။ စာချုပ်စာတမ်းပြုလုပ်ရပါမည်။

       ၂။ အနည်းဆုံးသက်သေ၂ယောက်လက်မှတ်ရေးထိုးရပါမည်။

       ၃။ အလိုအလျောက်ဖြစ်ပေါ်လာတဲ့မေတ္တာသက်၀င်မှုအရပေးတာဖြစ်ရပါမယ်။

       ၄။ ပစ္စည်းရသူ ဒါမှမဟုတ်သူ့ရဲ့ကိုယ်စားလှယ်ကပစ္စည်းပေးကမ်းတာကိုသဘောတူတဲ့အကြောင်း၊လက်ခံတဲ့အကြောင်း ဖွင့်ဟ၀န်ခံပြီး လက်မှတ်ရေးထိုးရပါမည်။

        ၅။ စာချုပ်ကိုရေစစ္စရီမှတ်ပုံတင်ပြုလုပ်ရပါမည်။

    စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတ်မှတ်ထားတဲ့တံဆိပ်ခေါင်းအလုံအလောက်ထမ်းဆောင်ဖို့လိုပါတယ်။တံဆိပ်ခေါင်းအက်ဥပဒေဇယား-၁၊အပိုဒ်၃၃အရပစ္စည်းရဲ့တန်ဖိုးအပေါ်မှာခေါင်းပါစာချုပ်နဲ့ရေးသားချုပ်ဆိရပါမယ်။

      ပစ္စည်းပိုင်ရင်အနေနှင့်မိမိပိုင်ပစ္စည်းတွေကိုမိမိဆန္ဒအလျောက်ပေးကမ်းခွင့်ရှိတယ်လို့အခြေခံသဘောအားဖြင့်ဆိုရမှာဖြစ်ပေမယ်ိ့မိပိုင်ပစ္စည်းအားလုံးပေးခွင့် ရှိ၊မရှိ ဆိုတဲ့ပြဿ်ာတစ်ရပ်ရှိလာပါတယ်။၁၉၄၉ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး၊လွှတ်တော်စာမျက်နှာ ၄၇၁ အမှုမှာပါတဲ့အချက်ဟာသတိပြုရမယ့်အချက်ပဲဖြစ်ပါတယ်။

       အသက်၂၇နှစ်အရွယ်ရှိဒေါ်ရွှေရီဆိုသူဟာမသေမီ၉ရက်အလ်ိုမှာမှတ်ပုံတင်အရာရှိက်ိုအိမ်ကိုခေါ်ပြီးပေးကမ်းစာချုပ်ပြုလုပ်မှတ်ပုံတင်စေပါတယ်။စာချုပ်မှာသူ့ရှိသမျှပစ္စည်းအားလုံးကိုနှစ်ပေါင်းများစွာသူ့ကိုပြုစုနေခဲ့တဲ့သူကိုပေးကမ်းလိုက်ခြင်းဖြစ်ပါတယ်။ဒေါ်ရွှေရီဟာနှစ်ပေါင်းအတော်ကြာကြာကိုယ်ရေပြားရောဂါဖြစ်နေပြီးမှတ်ပုံတင်စာချုပ်ချုပ်လုပ်တဲ့အချိန်မှာတော့ကျန်းမာရေးမကောင်းတော့ပါ။ဒါကြောင့်ဒီစာချုပ်ကိုမြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့မညီညွတ်တဲ့အတွက်လွှတ်တော်ကအတည်မပြုပါ။တရားလွှတ်တော်ကအကြောင်းရင်းနှစ်ရပ်ပြပါသည်။

          ပထမအကြောင်းကသေခါနီးဆဲဆဲပေးကမ်းတာဖြစ်ပါတယ်။

         ဒုတိယအကြောင်းကသေသူဟာရှိသမျှပစ္စည်းအားလုံးကိုပေးကမ်းတာဖြစ်ပါတယ်။

        အထက်စီရင်ထုံးနဲဓမ္မသတ်ခြောက်စောင်တွဲအခန်း၈၊ပုဒ်မ ၇၅တို့ကိုထောက်ထားပြီးပစ္စည်းရှင်ဟာမိမိပိုင်ပစ္စည်းကိုမိမိဆန္ဒအလျောက်ပေးကမ်းခွင့်ရှိပေမယ့်အမွေစားအမွေခံတွေရဲ့အခွင့်အရေးတွေကိုထိခိုက်လောက်အောင်ရှိသမျှပစ္စည်းအားလုံးပေးကမ်းခွင့်မရှိဘူးဆိုတဲ့သဘောပါ။

            

           ပေးကမ်းခြင်းဆိုင်ရာစာချုပ်မှတ်စု✍️✍️✍️


၁။မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းကိုပေးကမ်းတာဆိုလျှင်စာချုပ်ပြုလုပ်ချုပ်ဆိုရပါမည်။

၂။အဆိုပါစာချုပ်ကိုမှတ်ပုံတင်ရပါမည်။

၃။အလိုအလျောက်မေတ္တာသက်၀င်ချစ်ခင်မှုဖြင့်ပေးကမ်းတာမျိုးဖြစ်ရပါမယ်။

၄။ပေးကမ်းခြင်းခံရသူကပေးကမ်းခြင်းကိုလက်ခံသဘောတူကြောင်းဖော်ပြပါရှိရပါမယ်။

၅။ပေးကမ်းတဲ့ပစ္စည်းစာရင်းဇယားဖော်ပြပါရှိရပါမယ်။

၆။ဆိုင်ရာကထုတ်ပေးတဲ့ပစ္စည်းတည်ရှိရာမြေပုံ၊မြေရာဇ၀င်ပူးတွဲပါရှိရပါမယ်။

၇။ပေးကမ်းသူပိုင်ဆိုင်ကြောင်းမရွေ့မပြောင်းနိုင်တဲ့ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားပူးတွဲဖော်ပြပါရှိရပါမယ်။

၈။စာချုပ်မှာအသိသက်သေနှစ်ဦးအနည်းဆုံးပါရှိရပါမယ်။

၉။ပေးကမ်းစဉ်မှာပေးသူအနေနဲ့အသက်ရှင်လျက်ရှိပြီးမှပေးနိုင်ခွင့်ရှိပါမယ်။

၁၀။လက်ခံသူအနေနဲ့လည်းအသက်ရှင်ဆဲလက်ခံနိုင်ပါမယ်။သေဆုံးမှဆိုလျှင်ပေးကမ်းခြင်းပျက်ပြယ်ပါမည်။

၁၁။တည်ရှိလတ္တံပစ္စည်း ဒါမှမဟုတ် အနာဂါတ်ပစ္စည်းကိုပေးကမ်းခြင်းမပြုနိုင်ပါ။

၁၂။အပေးခံရတဲ့သူဟာတစ်ဦးထက်ပိုနေပြီးတစ်ဦးကပေးကမ်းတာကိုလက်မခံရင် လက်မခံသူအတွက်သာပေးကမ်းခြင်းပျက်ပြယ်ပြီးကျန်လက်ခံသူတွေအတွက်တေတော့ပေးကမ်းခြင်းကအတည်ဖြစ်ပါတယ်။

၁၃။ပေးသူပိုင်ပစ္စည်းအားလုံးကိုပေးတာဆိုလျှင်ပေးစဉ်အခါကပေးသူမှာတင်ရှိနေတဲ့ကြွေးမြီးအားလုံးအတွက်ပေးတဲ့ပစ္စည်းနဲ့အညီလက်ခံသူအပေါ်မှာတာ၀န်ရှိပါသည်။

၁၄။ပစ္စည်းတန်ဖိုးအပေါ်တံဆိပ်ခေါင်းအက်ဥပဒေဇယား(၁)အပ်ိုဒ်၃၃နဲ့အညီတံဆိပ်တော်ခေါင်းထမ်းဆောင်ရပါမည်။

 

အားလုံးပဲအဆင်ပြေပါစေလို့ရည်ရွယ်ရင်းးးး

ဒေါ်လှလှမော်

 

အကိုး ဆရာကြီးဦးကျော်ဇေယျ၏စာချုပ်အမျိုးမျိုးချုပ်ဆိုနေကြသူများနှင့်သက်ဆိုင်သောပြညွှန်းချက်များ

Comments