အလွဲပေါ်ကခွင်
Credit # Daw Khin Than Win
Share မရ၍ copy ပါ ။
ခွင်ပေါ်မှအလွဲလေးများ
**********************
တရားခွင်ပေါ်မှတရားသူကြီးများ
အမိန့် စီရင်ချက် ဒီကရီချမှတ်၍မှန်သည်ဖြစ်စေမှားသည်
ရှုံးသည့်ဘက်မှအယူခံအဆင့်ဆင့်တက်ခွင့်ရှိသည်မှာ
ဥပဒေကပေးသောအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။
တစ်ခါတစ်ရံတရားသူကြီးတစ်ဦး၏အမိန့် ဒီကရီမဟုတ်
သောညွှန်ကြားချက်အလွဲလေးများကြောင့်ရှေ့နေများ
အမှုသည်များစောဒကတက်ခွင့်မရှိ အောင့်သီးအောင့်
သက်ဖြင့်နစ်နာမှုလေးတွေကြုံရလေ့ရှိပါသည်။
တလောကကျမ တပည့်မလေးတစ်ဦးကနေပြည်တော်
မှဖုန်းလှမ်းဆက်ပြီး အကြံညဏ်တောင်းပါသည်။
သူမအမျိုးသားရဲ့ညီမဝမ်းကွဲတစ်ယောက်ကိုယောက်ျား
ကလင်မယားကွာလိုမှုစွဲတာရှမ်းပြည်နယ်မြို့လေးတစ်မြို့က ဆင့်စာရောက်လာသည်ဟုဆိုပါသည်။အကျိုးအကြောင်းမေးလိုက်တော့လက်ထပ်ခဲ့တာရန်ကုန်မှာနောက်ဆုံးပေါင်းသင်းခဲ့တာ လှည်းကူးမှာမန်းခလေးကလင်မယားကွဲပြီးမိဘတွေနဲ့အတူမြင်းမူမှာနေသည်ဟု ဆိုပါသည် ယောက်ျားကသူလက်ရှိတာဝန်ကျနေသည့်ရှမ်းပြည်နယ်ဝေးလံသောမြို့လေးတစ်မြို့ရံ့တရားရုံးမှာအမှုစွဲခြင်းပါ။ အဆိုလွှာကိုviberက ပို့ပေးလို့ကြည့်လိုက်တော့
ရှေ့နေမပါလျှောက်လွှာစာရေးနှင့်ရေးဟန်တူပါသည်
တရားလိုသည်ရှမ်းပြည်နယ်......မြို့တွင်တာဝန်ထမ်း
ဆောင်နေသဖြင့်ထိုမြို့နယ်၏စီရင်ပိုင်ခွင့်အတွင်းကျ
ရောက်သည်ဟုဆိုပါသည် အမှုစိစစ်သည့်မြို့နယ်တရား
သူကြီးကအဲဒီရုံးမှာစီရင်ပိုင်ခွင့်မရှိလို့အမိန့်၇နည်း၁၀
အရအဆိုလွှာပြန်ပေးပြီးသက်ဆိုင်ရာလှည်းကူး(သို့မ
ဟုတ်)မြင်းမူမှာစွဲဖို့ညွှန်ကြားရမယ့်အမှုပါ။တရားမကျင့်ထုံးဥပဒေပုဒ်မ၂၀နဲ့အမိန့်၇နည်း၁၀ကိုညွှန်းပြီးလျှောက်လွှာတင်ဖို့အကြံပြုလိုက်ပါသည်။မိန်းကလေးခမြာ
ဝေးလံတဲ့ဒေသမှာသွားရောက်အမှုရင်ဆိုင်ရတဲ့ဒုက္ခ
ကြီးကြီးရလိုက်ပါသည်
အိမ်ခြံမြေတွေကိုအရပ်စာချုပ်နဲ့ ဝယ် ထားတာမှတ်ပုံတင်စာချုပ် ချုပ်ချင်လို့စွဲတဲ့အမှုတွေ ရောင်းသူတရားပြိုင်က သတင်းစာထဲထည့်ပြီးသမ္မာန်စာထုတ် တစ်ဖက်သတ်စစ် ဒီကရီကျ ဇာရီမှုဖွင့်တော့တရားရှုံးကိုသတင်းစာထဲထည့်ကြေညာပြီးခေါ်စရာမလိုပဲ ဘီးလစ်နဲ့စာချုပ်တာဆယ်မှုမကလိုက်ဖူးပါသည် အမိန့်၂၁နည်း၂၂အရဒီကရီကျတဲ့နေ့မှ၃နှစ်မကျော်ရင် တရားရှုံး ရုံးရှေ့မှာမရှိလည်းဆောင်ရွက်လို့ရမယ့် တစ်ဖက်သတ်စစ်ခဲ့တဲ့အမှု ဖြစ်မယ်ဆိုရင် သတင်းစာကြော်ငြာနဲ့တရားရှုံးထံအကြောင်းကြားဖို့မလိုတာဥပဒေကပေးတဲ့အခွင့်အရေးပါ အမှုတစ်မှုမှာတော့safe ဖြစ်အောင်သတင်းစာထဲထည့်ပါလို့တရားသူကြီးကညွှန်ကြားတော့လည်း အမှုသည်ခမြာအောင့်သက်သက်နဲ့အိပ်ကပ်ထဲကငွေတစ်သိန်းပိုထွက် တစ်လပိုကြာသွားပါသည်။
အမှုတစ်မှုမှာတော့ တရားနိုင်ကကုမ္ပဏီဆိုတော့
အစည်းအဝေးဆုံးဖြတ်ချက်နဲ့မန်နေဂျင်းဒါရိုက်တာ
ကိုယ်တိုင်ကုမ္ပဏီကိုယ်စားဇာရီလျှောက်လွှာတင်ပါ
သည် စီရင်ချက်မိတ္တူမှာအမှုကြီးစွဲတုန်းက ကိုယ်စား
ပြုသူကမန်နေဂျာဖြစ်နေလို့ ဘာကြောင့်မန်နေဂျင်း
ဒါရိုက်တာကိုယ်တိုင်တင်ရသလဲဆိုတာဖြေရှင်းချက်
ပါရမယ်ဆိုပြီးရုံးချိန်းမပေးဘဲထားလို့တစ်လပိုကြာသွား
ပြီးအမှုသည်နဲ့ပူညံပူညံဖြစ်ခဲ့ရတာလည်းကြုံဖူးပါသည်
လူပုဂ္ဂိုလ်အပေါ်ဒီကရီချပေးခြင်းမဟုတ်ကုမ္ပဏီအပေါ်
ချပေးခြင်းဖြစ်ကြောင်း အယူခံတက်တုန်းကမန်နေဂျင်း
ဒါရိုက်တာကိုယ်စားပြု၍တက်ခြင်းဖြစ်ကြောင်း မန်နေ
ဂျာမှာအလုပ်မှထွက်သွားပြီဖြစ်ကြောင်းရှင်းပြသော်
လည်းလက်မခံပါ
အမှုတစ်မှုမှာတော့ကျမက တရားလိုဘက်မှလိုက်ပါသည် တရားပြိုင်ကကုမ္ပဏီပါမန်နေဂျာကိုယ်စားပြုလိုက်ပြီး ကိုယ်စားလှယ်စာတင်သွားပါသည် တရားသူကြီးကစိစစ်ပြီးလက်ခံလိုက်ပါသည် တစ်ဖက်ရှေ့နေကိုမပြပါ ၂ချိန်း၃ချိန်းချိန်းပြီးတရားပြိုင်ဘက်မှစာရွက်စာတမ်းတွေကြည့်ရှုစစ်ဆေးမိတ္တူကူးယူခွင့်ရတော့မှကိုယ်စားလှယ်လွှဲစာမှာအစည်းအဝေးဆုံးဖြတ်ချက်ဖြင့်ဒါရိုက်တာအဖွဲ့ကလွှဲခြင်းမဟုတ်ပါ စာချုပ်ချုပ်စဉ်ကကုမ္ပဏီကိုယ်စားလက်မှတ်ရေးထိုးသူ ဘာရာထူးမှန်းမသိသည့်နိုင်ငံခြားသားကSPဖြင့်လွှဲထားပြီးအမိန့်၃နည်း၁နဲ့လျှောက်လွှာတင်ထားပါသည် အကယ်၍ငွေဒီကရီရခဲ့ပြီးနိုင်ငံခြားသားကလည်းနိုင်ငံခြားသို့တိမ်းရှောင်သွားခဲ့ပါလျှင်ကုမ္ပဏီအပေါ် ဒီကရီအတည်ပြု၍ရပါမည်လောဟုစဉ်းစားမိပြီး ဗုဒ္ဓေါတမိပါသည် ဘယ်လိုပြန်လည်ပြီးကုစားရမည်ကိုစဉ်းစား၍မရသေးပါ ။
အမှုတစ်မှုမှာတော့ တရားသူကြီးကရှေ့နေအလုပ်လုပ်ပြီး အမှုကိုဦးဆောင်စစ်လို့တရားသူကြီးနဲ့တစ်ဖက်ရှေ့နေအခြေအတင်စကားများကြတာကြည့်ပြီးကျမမျက်နှာပူမိပါသည် အမှုကတိုက်ခန်းချင်းအလိုက်လဲတဲ့ငွေရလိုမှုပါ တိုက်ခန်းချင်းအလိုက်လဲတဲ့စာချုပ်ချုပ်ခဲ့တာအငြင်း
မပွားပါ ပေးရန်ကျန်တဲ့အလိုက်ငွေပေးပြီးတာမှန်မမှန်
ဆိုတဲ့ငြင်းချက်သာထွက်ပါသည် သို့သော်သမရိုးကျ
အတိုင်းတရားပြိုင်ဘက်မှစတင်မစစ်ဆေးဘဲတရားလို
ဘက်မှ စစစ်ပါသည် တစ်ဖက်ရှေ့နေကအသက်ကြီး
ပြီးတုန်တုန်ချိချိပါ တရားလိုကလည်းဟိန္ဒူကုလား
ဗမာစကားရေရေလည်လည်မပြောတတ်သည့်အဖိုးကြီး။သူ့့ရှေ့့နေမေးနေတာတရားသူကြီးကအားမလိုအား
မရဖြစ်ပြီးအမှန်တရားဖေါ်ထုတ်တာပြည့်ပြည့်စုံစုံမေး
ပေးပါပြောပြီးဘယ်နေရာမှာဘယ်သက်သေတွေရှေ့မှာ
ချုပ်တယ်ဆိုတာဦးဆောင်စစ်သွားရင်းရှေ့နေနဲ့တရား
သူကြီးအခြေအတင်ပြောကြဆိုကြပါသည် စာချုပ်ချုပ်
ပြီးတော့ဘာလုပ်သလဲမေးတော့တရားလိုကအကြာကြီး
စဉ်းစားနေတော့ရှေ့နေက စိတ်မရှည်တော့ပဲ" လက်မှတ်မထိုးကြဘူးလားဗျာ"ဆိုတော့တရားသူကြီးကနိမိတ်ပြမေးခွန်းမမမေးနဲ့လေလို့တားပါလေရောနှစ်ဖက်အငြင်းမပွားတဲ့အချက်မို့နိမိတ်ပြမေးခွန်းမေးခွင့်ရှိလို့ကျမလည်းမကန့်ကွက်မိတဲ့အပြင်တရားသူကြီးကလည်းတားမြစ်ပြီးသားဖြစ်သွားတော့တစ်ဖက်ရှေ့နေက"တရားပြိုင်ရှေ့နေကလည်းတရားသူကြီးဟောင်းပါဗျာ"ဆိုပြီးကျမကိုစစ်ကူတောင်းပါသည်ကျမစိတ်ထဲမှာတော့"ညီမလေးရယ်...ပင်ပမ်းလိုက်တာရှေ့နေအလုပ်ရှေ့နေလုပ်ပလေ့စေပေါ့...ရှေ့နေမှားရင်ရှေ့နေအချင်းချင်းကန့်ကွက်တော့မှဆုံးဖြတ်ပေးရမှာကတရားသူကြီးတာဝန်ပါ...ခုတော့တရားပြိုင်ဘက်ကလဖက်ရည်တစ်ခွက်တောင်မသောက်ရပဲဘက်လိုက်တယ်လို့ထင်မှဖြင့်......"လို့တွေးနေမိပါသည်။
အယူခံမှုများတွင်မူလရုံးတရားသူကြီး၏သုံးသပ်ဆုံး
ဖြတ်ချက် တရားမျှတမှန်ကန်မှုမရှိကြောင်း လွန်စွာ
မှားယွင်းချွတ်ချော်လျက်ရှိကြောင်း တရားစီရင်ရေးတိမ်းစောင်းနေ၍တည့်မတ်ပေးသင့်ကြောင်း စသဖြင့်တင်ပြခွင့်ရှိ၍အမှုပေါင်းတစ်ရာမကတင်ပြခဲ့ဖူးပါပြီ။အမိန့်မဟုတ်သည့် တရားခွင်ပေါ်မှအလွဲလေးများကိုတော့ စောဒကတက်ခွင့်မရှိသဖြင့်fbပေါ်မှာအပြုသဘောဝေဖန်သုံးသပ်ပြခြင်းပါ။
ဥပဒေပညာရှင်များလွတ်လပ်စွာသဘောကွဲလွဲနိုင်
ပါသည်။"လွဲလွဲလေးပဲကောင်းပါတယ်..."ဆိုသော
သီချင်းစာသားကလေးတွေဆိုတာကြားဖူးပါသည်။
လွဲတာ မှားတာမကောင်းပေမယ့်လွဲလွဲလေးပဲကောင်း
ပါတယ်ဆိုတဲ့ခေတ်ကြီးမှာအမှားကြာအမှန်ဖြစ်နေတဲ့
ဥပဒေလွဲမှားခြင်းကတော့ပြည်သူတွေအတွက်မကောင်း
ပါကြောင်းတင်ပြလိုက်ရပါသည်။ ။
Comments
Post a Comment