စလစ်ပျောက်
ကျွန်တော့်မိဘတွေ မြေဝယ်ထားတာ နှစ်ပေါင်း ၂၀ ကျော်ရှိနေပါပြီ ။ စလစ်နဲ့ မူရင်းတွေ ပျောက်ဆုံးနေပါတယ်။ ကျွန်တော့်မိခင် ပိုင်ဆိုင်ကြောင်းကိုတော့ ပတ်ဝန်းကျင်က အားလုံးသိကြပါတယ် ။ ဂရန်အမည်ပေါက် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ၊ ဘယ်လိုစာရွက်စာတမ်းတွေ လိုမလဲဆိုတာကို သိပါရစေခင်ဗျား ။
=====================
စလစ်ပေးမြေကို ဝယ်ယူထားရာမှ စလစ် ပျောက်ဆုံးနေသဖြင့် မြေဂရန်လျှောက်ထားလိုသည့်အတွက် မေးမြန်း လာသည်ဟု ထင်မြင်မိပါသည်။ စလစ်ပျောက်ဆုံးသော်လည်း ဝယ်ယူထားသည့် အရပ်စာချုပ် ပျောက် ဆုံးခြင်း ရှိ၊ မရှိ ဖေါ်ပြမထားပါ။ သို့အတွက် စာချုပ် လက်ဝယ်ရှိသေးသည် ဟု ယူဆချက်ဖြင့် ဖြေပါမည်။ ဝယ် ယူထားသည့် စလစ် (ပါမစ်) ပျောက်ဆုံးခြင်းနှင့် စပ်လျှဉ်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနတွင် စလစ်ပျောက်ဆုံးခြင်းအတွက် မြေငှားဂရန် လျှောက်ထားရန် သတ် မှတ်သည့် လျှောက်လွှာ ပုံစံကို ဝယ်ယူနိုင်ပါသည်။ ထို့နောက် စလစ်မူရင်း ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ စလစ်ချထားပေးခြင်း ခဲရသည့် မြို့နယ်ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ စလစ်ပျောက်ဆုံးကြောင်း သတင်းပို့ထားကြောင်း ထောက်ခံစာများ၊ စလစ်ပျောက်ဆုံးကြောင်း ကိုယ်တိုင်ရေး ခံဝန်ကတိ တင်ပြချက်၊ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမိတ္တူတို့နှင့်အတူ ပူးတွဲလျှောက်ထားနိုင်သည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
#ဥပဒေရေးရာ
Comments
Post a Comment