လျောက်လဲ

 စွဲဆိုတဲ့ပုဒ်မ -၃၆၆ 


ရောက်ရှိတဲ့အဆင့် - စွဲချက် တင်သင့်/မတင်သင့် 


တရားလိုဘက်လျှောက်လဲချက် ။

အမှုအကြောင်းအရာ အကျဉ်းချုပ်ကိုပြောပါတယ်။

ပီးတော့ အဓိသက်သေရဲ့ထွက်ဆိုချက်ကိုအကျယ်ပြောပါတယ်။

နောက် ပြစ်မှု အဂါင်္ရပ်မှာပါတဲ့အချက်တွေကို  ဘယ်သက်သေက ထောက်ခံတယ်ဆိုတာ ပြောပါတယ်။

လူသက်သေကုန်တော့ စာရွက်စာတမ်း ။ဓါတ်ပုံတွေအရ စွဲဆိုတဲ့ပုဒ်မရဲ့ ဘယ်အချက်ကိုထင်ရှားစေပါတယ်။လို့ လျောက်ပါတယ် 


ရာဇဝတ်မှုတွေမှာ တိုင်တန်းသူဖက်က စွဲချက်တင်နိုင်လောက်တဲ့အထောက်အထားတင်ပြဖို့တာဝန်ရှိပါတယ်။စွပ်စွဲရုံနဲ့မပီးပါ။ဒါကြောင့်တရားလိုဖက်က တရားလိုပြသက်သေ (၂) ရဲ့ထွက်ဆိုချက်အရအလိုမတူပဲခြိမ်းခြောက်ခေါ်ယူခဲ့ကြောင်း၊ အတင်းလက်ထပ်ရန်အကြံနဲ့ ခေါ်ခဲ့ကြောင်း  သက်သေခံ cd, မှတ်တမ်း, သက်သေခံ ဓါတ်ပုံမှတ်တမ်းများအရ နှင့်ဆေးစာမှတ်တမ်းများအရ အနာတရဖြစ်အောင်ပြုလုပ်ခဲ့သည်များကို ကွင်းဆက်မပြတ် သက်သေအထောက်အထားတင်ပြခဲ့ပါကြောင်း ၊


ရာဇဝတ်မှုမှာ သက်သေခံချက်များအရ ဖြေရှင်းရန်ငြိစွန်းနေသည့်အထောက်အထားပေါ်လျှင် တရားခံကိုစွဲချက်တင်ရမှာဖြစ်ကြောင်း။ ( ၁၉၈၁ ၊မတစ။ စာ ၄(၇) ) ၊

စွပ်ခံရသူသည်ပြစ်မှဲကျူးလွန်သည်ဟမှတ်ယူနိုင်ရန်ငြိစွန်းချက်ရှိလျှင်စွဲချက်တင်ရမှာဖြစ်ကြောင်း

( ၁၉၉၁ ။မတစ ။ စာ-၁၁၃) 


တရားခံကခုခံချေပခြင်းမပြုသည့်တိုင်အောင် တရားလိုဘက်မှ တင်ပြတဲ့သက်သေခံချက်များအရ တရားခံအပေါ် အပြစ်ပေးနိုင်ဖွယ်ရာ မတွေ့ရတဲ့အခါမှသာ တရားရုံးက တရားရှင်လွှတ်နိုင်မှာဖြစ်လ်ု့ အခုအမှုမှာတော့ တရားခံကိုစွဲချက်မတင်မီ လွှတ်သင့်မည်မဟုတ်ဟု သဘောရိုးနဲ့ယူဆပါကြောင်း ။ဒီအမှုမှာ စွပ်စွဲခံရသူသည်ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရန် အကြောင်းများပေါ်ပေါက်နေကြောင်း ၊ ပမာအားဖြင့် ပြန်လှန်မေးခွန်းများအရ တရားလိုပြ(၂) သည်မိမိသဘောဆန္ဒအရလိုက်ခဲ့ခြင်းဆိုသည့်အချက်၊ ရဲများလိုက်သွားသည့်အခါ ည ၁/၂ နာရီအချိန် ---မြို့နယ်ရှိအိမ်တစ်အိမ်အတွင်းခန်းမှာ တရားလိုပြ(၂) နဲ့  စွပ်စွဲခံသူ ။စွပ်စွဲခံရသူမိခင်။အဒေါ်မိသားစုသာရှိနေခြင်း ၊ လိုပြ (၂) ရရှိသည့်ဒဏ်ရာများသည် စွပ်စွဲခံရသူပြုလုပ်၍ရသည့်ဒဏ်ရာများဟုတ်မဟုတ် ဖြေရှင်းရန်အချက်များငြိစွန်းပေါ်ပေါက်နေကြောင်း ၊

အဲ့လိုဖြေရှင်းရန်အခိက်တွေပေါ်ပေါက်နေပါရဲ့နဲ့ စွပ်စွဲခံရသူကို ထုချေမဖြေရှင်းပဲ တရားရှင်လွှတ်ပေးမယ်ဆိုရင် နစ်နာသူ လိုပြ(၂)အဖို့ တရားမျှတမှုကင်းမဲ့ခဲ့ပြီလို့ ထင်မြင်ယူဆနိုင်ပါကြောင်း။ တရားရုံးအနေနဲ့ တိကျဆက်စပ်သောအချက်အလက်များကို ဖော်ထုတ်ဆုံးပြီးမှ ဆုံးဖြတ်ချက်ချပါက ပိုမို၍လည်းမှန်ကန်နိုင်ပြီး အမှန်တရားကို စီရင်ကြောင်း ပိုမိုထင်ရှားစွာအများကမြင်နိုင်မည်ဖြစ်ပါကြောင်း ( ၁၉၆၆ ။မတစ ။ ၆၁၆ ) 

ဒါကြောင့် ၃၆၆ နဲ့စွဲချက်တင်သင့်ပါကြောင်း 


တရားခံဖက်လျှောက်လဲချက်။


ပထမ သတင်းပေးတိုင်ချက်မှာ လိုပြ(၂) ကအရွယ်ရောက်သူဖြစ်ပါလျှက် သူကိုယ်တိုင်မတိုင်ပဲ  မိခင်က တရားလိုလုပ်ပီးတိုင်တာသည် ရာ/ ကျင့် ၁၅၄ နှင့်မညီကြောင်း ။

မိခင်သည် ကိုယ်တိုင်မြင် ကိုယ်တိုင်ကြား သည်ကို တိုင်တန်းခြင်းမဟုတ်ပါကြောင်း ။ တသ်ဖက်အကျိုးဆောင်ကျနော်ကိုကန့်ကွက်ခဲ့သလို သက်သေခံ ဥပဒေပုဒ်မ ၆၀ နှင့်မညီပါကြောင်း။ 


လိုပြ(၂) မှာ အသက် ၂၈ နှစ်ဖြစ်လို့ Guardian Act အရ အရွယ်ရောက်ပြီးသူဖြစ်လို့  မိခင်အုပ်ထိမ်းမှု အောက်တွင်နေထိုင်သူဟု ယူဆ၍မရကြောင်း။

Cd မှတ်တမ်း။   စာရွက်စာတမ်း မှတ်တမ်းများမှာ လိုပြ (၂) နဲ့ မိခင်ဖြစ်သူတို့ဆက်သွယ်မှုသာဖြစ်ကြောင်း။

မြို့ထဲရုံးမှ မြောက်ဒဂုံထိသွားရာလမ်းတွင်မီးပွိုင့်များရှိပါလျှက်တံခါးဖွင့်မဆင်ခဲ့ခြင်း ။သည်အလိုတူ၍ဖြစ်ကြောင်း။ လိုပြ  (၂) ရဲ့ထွက်ဆိုချက်ကို ဘယ်သက်သေကမှ ထောက်ခံထွက်ဆိုနိုင်ခြင်းမရှိကြောင်း ။ စကားပြောသက်သေတို့ကထောက်ခံချက်မရှိသလို စကာူမပြောတဲ့သက်သေ ဥပမာ လူသတ်မှုတွင်ဒါး စသည်တို့ကိုသိမ်းသကဲ့သို့  ယခုအမှုတွင် ထိုသို့မသိမ်းနိုင်ပါကြောင်း၊ 

သက်သေခံ ဥပဒေပုဒ်မ ၁၀၁ အရ တရားလိုဘက်ကသက်သေပြရန်တာဝန်ရှိကြောင်း ။

ယခုအမှုတွင် တရားလိုဘက်က သက်သေမပြနိုင်ပါကြောင်း ၊လိုပြ (၂) နဲ့ စွပ်စွဲခံရသူမှာ ယခင်ကလဲ အတူသွားလာစားသောက်ခဲ့ခြင်းများရှိပါကြောင်း။ ကျနော်တော်တော်ကောင်းတဲ့စီရင်ထုံး (၆) ခုတွေ့ထားပါကြောင်း ယခုမပြောနိုင်ပါကြောင်း ရေးသားလျှောက်လဲချက်တွင် တင်ပြပေးမည်ဖြစ်ကြောင်း ။ အကြိုက်ဆုံးက ဒေါက်တာမောင်မောင်ပါတဲ့ စုံညီခုံရုံးဆုံးဖြတ်ချက်ဖြစ်ကြောင်း။ မိန်းခလေးက လှေစင်းလုံးငှားရာမှ ဖြစ်ပွါးသည့်အမှုဖြစ်ပီး တရားခံကို အမှုမှအပြီး ပြန်လွှတ်ခဲ့သည့်အမှုဖြစ်ကြောင်း၊ယခုအမှုတွင်လဲ လူသက်သေ။စကားမပြောတဲ့သက်သေတွေအရ တရားခံပြစ်မှုကျူးလွန်ကြောင်းမပေါ်ပေါက်၍ ဘာဖြစ်လို့တစ်ယောက်နဲ့တစ်ယောက်အာဃာတဖြစ်စေမည့် စွဲချက်ကိုတင်ရမလဲ ။ ဒါကြောင့် စွပ်စွဲခံရသူကို တရားရှင်လွှတ်ပေးပါတဲ့။


ပြန်လှန် လျှောက်လဲချက်။


- ရာဇဝတ်မှုများတွင် မည်သူတရားလိုပြုလုပ်ရမည်ဟု သတ်မှတ်ထားသော အမှုများရှိသော်လည်း ယခုအမှုမျိုးတော့မပါပါကြောင်း။သမီးဖြစ်သူက မိမိနှင့်ချိန်းဆိုထားသည့်အချိန်တွင်မတွေ့နိုင်ကြောင်းပြော။ပြန်လာသင့်သည့်အချိန်ပြန်မရောက် စွပ်စွဲခံရသူခေါ်သွားကြောင်းသိရ။စောင့်သင့်သလောက်စောင့် အချိန်လွန်လာ၍ရဲစခန်းတိုင်ခြင်းသည် ဥပဒေနှင့်မညီဟုဆို၍မရပါကြောင်း။


ဒီအမှုနဲ့ပတ်သက်လို့ သွေးဆောင်ခေါ်စဉ်က တရားခံရဲ့အကြံအစည်သည် ပြစ်မှုကျူးလွန်ခြင်းရှိမရှိဆိုသောပြဿနာရဲ့အဓိကအဂါင်္ရပ်ဖြစ်ကြောင်း၊မိန်းခလေးကို ခေါ်ယူစဉ် သွေးဆောင်စဉ် ဆွဲခေါ်စဉ်တရားခံရဲ့စိတ်မှာဘယ်လိုအကြံရှိတယ်ဆိုတာကို ဘယ်သူမှအတပ်မပြောနိုင်ပါကြောင်း ။ သက်သေမပြနိုင်ပါကြောင်း ၊ ဒါကြောင့်ဘယ်လိုအကြံအစည်နဲ့ခေါ်တယ်ဆိုတာကို တရားခံအပြုအမူပေါ်မူတည်ပြီး ဘယ်အကြံနဲ့ခေါ်တယ်ဆိုတာဆုံးဖြတ်ရမှာဖြစ်ကြောင်း ( အဲ့ဒီအချက်ကို တရားလိုဘက်က  သက်သေပြခဲ့ပြီးဖြစ်ပါကြောင်း ။) တရားလိုစွပ်တဲ့အကြံနဲ့မဟုတ်ကြောင်းဆိုလိုပါက မည်သည့်အကြံနဲ့ခေါ်ကြောင်း စွပ်စွဲခံရသူက သက်သေခံ ဥပဒေ ပုဒ်မ ၁၀၆ ဥပမာ(က) အရ စွပ်စွဲခံရသူအပေါ်မှာကျရောက်ပါကြောင်း ။ 


တဘက်ကပြောသလို သက်သေခံချက်နဲ့ပတ်သက်လို့ စကားပြောတဲ့သက်သေ /စကားမပြောတဲ့သက်သေရှိသလို တိုက်ရိုက်သက်သေခံချက်မရနိုင်တဲ့ အမှုတွေမှာ ပတ်ဝန်းကျင်သက်သေခံချက်များကို ကြည့်ရပါကြောင်း ။

ကားပေါ်မှာနှစ်ယောက်ထဲရှိတာမို့ သက်သေအထောက်အထားမရှိပေမဲ့ ----- မြို့နယ်က အိမ်အတွင်းခန်းမှာ လိုပြ(၂) နဲ့ စွပ်စွဲခံရသူ။ သူ့မိဘဆွေမျိုးတွေပဲရှိနေတာ။ ညအချိန်မတော်အဲ့အိမ်မှာ ရဲတွေက ရှာတွေ့ခဲ့တာတွေသည် ပတ်ဝန်းကျင်သက်သေခံချက်များဖြစ်ပါကြောင်း 


ယခုအဆင့်တွင်တရားလိုဘက် စွပ်စွဲခံရသူကိုအပြစ်ပေးပေးရန်လျှောက်နေခြင်းမဟုတ်ပါကြောင်း။ဒီလို ဒီလို အချက်တွေတော့ငြိနေပါတယ်။ ဒါကိုဖြေရှင်းဖို့လိုနေပါတယ်။ ဒါကြောင့် စွဲချက်တင်ပေးပါလို့လျှောက်တာပါ။ စွဲချက်တင်တယ်ဆိုတာ သူ့ကိုအပြစ်ပေးနေတာလဲမဟုတ်ပါဘူး တရားလိုဘက်ကတော့ လူသက်သေ စာရွက်စာတမ်းတွေနဲ့ အကျယ်တဝင့် စွပ်စွဲနေပီး စွပ်စွဲခံရတဲ့သူဖက်ကတော့ သူ့ရှေ့နေ ရဲ့ ပြန်လှန်မေးခွန်းလေးတွေနဲ့ပဲခုခံနေရပါတယ်။ ဒါကြောင့် စွပ်စွဲခံရတဲ့သူကလည်းသူ့သည်ပြစ်မှုကိုမကျူးလွန်ကြောင်း သက်သေ အထောက်အထားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ခုခံနိုင်ဖို့အတွက် တင်စေချင်တာပါ။ သူ့ကိုသက်သေအထောက်အထားပြည့်ပြည့်စုံစုံနဲ့ခုခံစေချင်လို့ပါ။ဒါကြောင့်တင်စေချင်တာပါဟု လျှောက်လဲခဲ့ပါကြောင်း။

Comments