မေတ္တာဖြင့်ပေးကမ်းခြင်းစာချုပ် ချုပ်ဆိုခြင်း

စိန်၊ရွှေအစရှိသည့်ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုပေးကမ်းတဲ့နေရာမှာစာချုပ် ချုပ်ပြီးပေးကမ်းလို့လည်းရတယ်၊စာချုပ်မချုပ်ဘဲလည်းပေးလို့ရပါတယ်။

မြေ၊အိမ် အစရှိတဲ့မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတစ်စုံတစ်ရာကိုပေးကမ်းမယ်ဆိုလျှင်တော့ပေးကမ်းခြင်းစာချုပ်ပြုလုပ်ရပါမယ်။ပေးကမ်းစာချုပ်ဟာအောက်ပါအတိုင်းဖြစ်ရပါမည်။

၁။ စာချုပ်စာတမ်းပြုလုပ်ရပါမည်။

၂။ အနည်းဆုံးသက်သေ၂ယောက်လက်မှတ်ရေးထိုးရပါမည်။

၃။ အလိုအလျောက်ဖြစ်ပေါ်လာတဲ့မေတ္တာသက်၀င်မှုအရပေးတာဖြစ်ရပါမယ်။

၄။ ပစ္စည်းရသူ ဒါမှမဟုတ်သူ့ရဲ့ကိုယ်စားလှယ်ကပစ္စည်းပေးကမ်းတာကိုသဘောတူတဲ့အကြောင်း၊လက်ခံတဲ့အကြောင်း ဖွင့်ဟ၀န်ခံပြီး လက်မှတ်ရေးထိုးရပါမည်။

၅။ စာချုပ်ကိုရေစစ္စရီမှတ်ပုံတင်ပြုလုပ်ရပါမည်။

စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတ်မှတ်ထားတဲ့တံဆိပ်ခေါင်းအလုံအလောက်ထမ်းဆောင်ဖို့လိုပါတယ်။တံဆိပ်ခေါင်းအက်ဥပဒေဇယား-၁၊အပိုဒ်၃၃အရပစ္စည်းရဲ့တန်ဖိုးအပေါ်မှာခေါင်းပါစာချုပ်နဲ့ရေးသားချုပ်ဆိုရပါမယ်။

ပစ္စည်းပိုင်ရှင်အနေဖြင့် မိမိပိုင်ပစ္စည်းတွေကို မိမိဆန္ဒအလျှောက်ပေးကမ်းခွင့်ရှိတယ်လို့ အခြေခံသဘောအားဖြင့်ဖွင့်ဆိုရမှာဖြစ်ပေးမယ့် မိမိပိုင်ပစ္စည်းအားလုံးပေးခွင့်ရှိ၊မရှိဆိုတဲ့ ပြဿနာတစ်ရပ်ရှိလာပါတယ်။ ၁၉၄၉ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး၊ လွှတ်တော်၊ စာမျက်နှာ ၄၇၁အမှုမှာပါတဲ့အချက်ဟာသတိပြုရမည့်အချက်ပဲဖြစ်ပါတယ်။


ပထမအကြောင်းကသေခါနီးဆဲဆဲပေးကမ်းတာဖြစ်ပါတယ်။

ဒုတိယအကြောင်းကသေသူဟာရှိသမျှပစ္စည်းအားလုံးကိုပေးကမ်းတာဖြစ်ပါတယ်။

အထက်စီရင်ထုံးနဲဓမ္မသတ်ခြောက်စောင်တွဲအခန်း၈၊ပုဒ်မ ၇၅တို့ကိုထောက်ထားပြီးပစ္စည်းရှင်ဟာမိမိပိုင်ပစ္စည်းကိုမိမိဆန္ဒအလျောက်ပေးကမ်းခွင့်ရှိပေမယ့်အမွေစားအမွေခံတွေရဲ့အခွင့်အရေးတွေကိုထိခိုက်လောက်အောင်ရှိသမျှပစ္စည်းအားလုံးပေးကမ်းခွင့်မရှိဘူးဆိုတဲ့သဘောပါ။

၁။မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းကိုပေးကမ်းတာဆိုလျှင်စာချုပ်ပြုလုပ်ချုပ်ဆိုရပါမည်။

၂။အဆိုပါစာချုပ်ကိုမှတ်ပုံတင်ရပါမည်။

၃။အလိုအလျောက်မေတ္တာသက်၀င်ချစ်ခင်မှုဖြင့်ပေးကမ်းတာမျိုးဖြစ်ရပါမယ်။

၄။ပေးကမ်းခြင်းခံရသူကပေးကမ်းခြင်းကိုလက်ခံသဘောတူကြောင်းဖော်ပြပါရှိရပါမယ်။

၅။ပေးကမ်းတဲ့ပစ္စည်းစာရင်းဇယားဖော်ပြပါရှိရပါမယ်။

၆။ဆိုင်ရာကထုတ်ပေးတဲ့ပစ္စည်းတည်ရှိရာမြေပုံ၊မြေရာဇ၀င်ပူးတွဲပါရှိရပါမယ်။

၇။ပေးကမ်းသူပိုင်ဆိုင်ကြောင်းမရွေ့မပြောင်းနိုင်တဲ့ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားပူးတွဲဖော်ပြပါရှိရပါမယ်။

၈။စာချုပ်မှာအသိသက်သေနှစ်ဦးအနည်းဆုံးပါရှိရပါမယ်။

၉။ပေးကမ်းစဉ်မှာပေးသူအနေနဲ့အသက်ရှင်လျက်ရှိပြီးမှပေးနိုင်ခွင့်ရှိပါမယ်။

၁၀။လက်ခံသူအနေနဲ့လည်းအသက်ရှင်ဆဲလက်ခံနိုင်ပါမယ်။သေဆုံးမှဆိုလျှင်ပေးကမ်းခြင်းပျက်ပြယ်ပါမည်။

၁၁။တည်ရှိလတ္တံပစ္စည်း ဒါမှမဟုတ် အနာဂါတ်ပစ္စည်းကိုပေးကမ်းခြင်းမပြုနိုင်ပါ။

၁၂။အပေးခံရတဲ့သူဟာတစ်ဦးထက်ပိုနေပြီးတစ်ဦးကပေးကမ်းတာကိုလက်မခံရင် လက်မခံသူအတွက်သာပေးကမ်းခြင်းပျက်ပြယ်ပြီးကျန်လက်ခံသူတွေအတွက်တေတော့ပေးကမ်းခြင်းကအတည်ဖြစ်ပါတယ်။

၁၃။ပေးသူပိုင်ပစ္စည်းအားလုံးကိုပေးတာဆိုလျှင်ပေးစဉ်အခါကပေးသူမှာတင်ရှိနေတဲ့ကြွေးမြီးအားလုံးအတွက်ပေးတဲ့ပစ္စည်းနဲ့အညီလက်ခံသူအပေါ်မှာတာ၀န်ရှိပါသည်။

၁၄။ ပစ္စည်းတန်ဖိုးအပေါ်တံဆိပ်ခေါင်းခွန်ဥပဒေဇယားနှင့်အညီ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရပါမည်။

Comments