အစုစပ်လုပ်ငန်း ဥပဒေ (Partnership Act )၏ သိမှတ်စရာများ
အစုစပ်လုပ်ငန်း ဥပဒေ (Partnership Act ) ဆိုင်ရာ သိမှတ်စရာများ ။
အစုစပ်လုပ်ငန်း-ဆိုသည်မှာလူအားလုံးကဖြစ်စေ၊၎င်းတို့အနက်မှတစ်ဦးဦးကဖြစ်စေ၊လုပ်ကိုင်သည့်လုပ်ငန်းမှ
ရရှိသောအကျိုးအမြတ်ကိုခွဲဝေယူရန်သဘောတူသူတို့တစ်ဦးနှင့်တစ်ဦးဆက်ဆံလုပ်ကိုင်ခြင်းကိုဆိုလိုသည်။( ုပုဒ်မ-၄)
အစုစပ်လုပ်ငန်းကိုလုပ်ကိုင်ရာတွင်အစုစပ်လုပ်ငန်းစာချုပ်ကို(၁)ရန်ကုန်မြို့၊(၂)ကျောက်ဖြူမြို့၊(၃)ပုသိမ်မြို့၊(၄)မော်လမြိုင်မြို့၊(၅)မန္တလေးမြို့၊(၆)ထားဝယ်မြို့၊
တို့တွင်လုပ်ကိုင်ပါကကုမ္ပဏီများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ရမည်။( စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမဟုတ်ပါ)(ကုမ္ပဏီများမှတ်ပုံတင်ရုံးသည်ယခင်ကရန်ကုန်မြို့
၌ထားရှိပြီးယခုနေပြည်တော်တွင်ထားရှိပါသည်)
အဆိုမြို့(၆)မြို့မှအပမြန်မာနိင်ငံရှိအခြားသောမြို့များတွင်အစုစပ်လုပ်ငန်းလုပ်ကိုင်ရာတွင်အစုစပ်လုပ်ငန်းစာချုပ်ကိုမှတ်ပုံတင်ရန်မလိုပါ။(ပုဒ်မ-၅၆)
အစုစပ်လုပ်ငန်းစာချုပ်အားအထက်ဖေါ်ပြပါမြို့(၆)မြို့အတွက်မှတ်ပုံတင်ပေးရန်သီးခြားမှတ်ပုံတင်အရာရှိကိုခန့်ထားပါသည်။(ပုဒ်မ-၅၇)
မြို့(၆)မြို့တွင်လုပ်ကိုင်သောအစုစပ်လုပ်ငန်းများသည်အစုစပ်ငန်းမှတ်ပုံတင်ရုံးရှိမှတ်ပုံတင်အရာရှိထံတွင်မှတ်ပုံမတင်ပါကတရားရုံးတွင်တရားစွဲဆိုခွင့်မရှိပါ။(ပုဒ်မ-၆၉)
အစုစပ်လုပ်ငန်းကိုအစုဝင်အချင်းချင်းသဘောတူညီချက်ဖြင့်ဖျက်သိမ်းနိင်ပါသည်။(ပုဒ်မ-၄၀)
အစုဝင်တစ်ဦးကကျန်အစုဝင်များထံသို့နို့တစ်စာပေး၍ဖျက်သိမ်းနိင်သည်။(ပုဒ်မ-၄၃)
အစုစပ်လုပ်ငန်းကိုအစုဝင်(၂)ဦးမှ(၂၀)ဦးအထိသာလုပ်နိင်သည်။(၂၀)ဦးထက်ကျော်လွန်လျှင်မြန်မာနိင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၄(၂)၊ပျက်ကွက်ပါကဒဏ်ငွေ၁၀၀၀/ကျပ်(ပုဒ်မ-၄(၅) )
အစုစပ်လုပ်ငန်းအစုဝင်ဦးရေ(၂၀)ဦးထက်ကျော်လွန်ပါကပုဒမ-၄၂)နှင့်ပုဒ်မ-၄(၄)တိ့အရတရားဝင်အစုစပ်လုပ်ငန်းလုပ်ငန်းမဟုတ်သည့်အတွက်အစုစပ်လုပ်ငန်းအားတရားမစွဲနိင်ပါ။
Comments
Post a Comment