မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် လိုအပ်သည့်အချက်များ
မေတ္တာဖြင့်ပေးကမ်းခြင်းအတွက်
လိုအပ်သည့်အချက်များ-
၁။ မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံ၊_______________________
-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မိမိပိုင်ဆိုင်သော ဂရန်မြေ၊မြေပိုင်။ မြေများကိုအထောက်ထားပြုပြီး မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇ၀င်လျောက်ထားကူးယူရပါမည်။ကြာချိန် ၃၀ ရက်။
လိုအပ်သောစာရွက်စာတမ်များ
*မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင် မူရင်း၊မိတ္တူ
*မှတ်ပုံတင် မူရင်းမိတ္တူ
*မြေခွန်ပြေစာ၊မြေပိုင်မြေဆိုမလိုပါ။
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာပါ။
၂။ မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်တန်ဖိုးသတ်မှတ်ခြင်း
မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံရပါကမိမိတို့နေထိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနသို့သွားရောက်ထွက်ဆိုချက်ပေးရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ
* ပေးလိုသောမြေ၊အိမ်ဓါတ်ပုံ
*မေတ္တာဖြင့်ပေကမ်းသည့်စာချုပ်
*မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇ၀င်
*မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်
*ပေးသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*လက်ခံသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*မိခင်၊ဖခင်၊အကို၊အမတော်စပ်ကြောင်းကျမ်းကျိန်
*အဖိုးစားနားရယူခြင်းမရှိ၊မိမိပိုင်သော၊စီမံခန့်ခွဲလျက်ရှိသောကျမ်းကျိန်လွှာ( ပေးသူမှကျိန်ရပါမည်။)
*မိခင်ဖခင်မှ သားသမီးများရှိသည့်အနက် တစ်ဦးတည်းသာပေးပါက ကျန်မောင်နှမများ သဘောတူသိရှိကြောင်း၊ကန့်ကွက်ရန်မရှိကြောင်း တစ်ဦးချင်းစီမှကျန်းကျိန်တစ်စောင်ချင်းစီ(မောင်နှစ်မငါးယောက်ဆို ကျမ်းကျိန်ကုန်ကျစားရိတ်နဲ့သွားပြီ၊အချက်လက်များ၊မှတ်ပုံတင်နံပါတ်များမမှားစေရန်သတိပြုပါ)
*ပေးသူ၊ယူသူခံ၀န်ချုပ်(အခွန်ရုံးမှာနမူနာတောင်းကြည့်နိုင်ပါတယ်၊၊)
*စာချုပ်ပါ သက်သေနှစ်ယောက် နဲ့ မှတ်ပုံတင်မူရင်း
အထက်ဖော်ပြပါ အားလုံးစုံလျင်၊စာရွက်စာတမ်းများအားမိတ္တူ(၃)စုံဆွဲပါ၊မူရင်းများအားလုံးနှင့် ပေးသူ၊ယူသူ၊အသိသက်သေများ၊ကြောင်းကျမ်းကျိန်ထားသူများပါလိုက်သွားရပါမည်။အခွန်ရုံးရှိသက်ဆိုင်ရာအရာရှိထံမှန်ကန်ေကြာင်းထွက်ဆိုချက်ပေး၊လက်ပွေနှိပ်၊ဓါတ်ပုံရိုက်မှတ်တမ်းတင်တာ၀န်ကျအရာရှိမှလုပ်ပါသည်၊(တချို့ရုံးမှာတော့ဓါတ်ပုံမရိုက်ပါ၊၊)တခါတရံတာ၀န်ကျအရာရှိ အစည်းဝေးသွားခြင်း၊ကွင်းဆင်းသွားခြင်းများရှိပါတယ်၊၀န်ဆောင်မူ့ပေးသူအနေဖြင့်အရာရှိနှင့်ကြိုတင်ချိန်းထားသင့်ပါတယ်။
*၂/၃ပတ်ခန့်ကြာလျင်ခွင့်ပြုမိန့်ကျပါပြီ၊တံဆိပ်ခေါင်းခွန်၄%ချလံအခွန်ရုံးတွင်ယူပြီး၊သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပါ၊ဘဏ်မှငွေသွင်းချလံတပိုင်းပြန်ပေးပါမည်၊အဆိုပါချလံဖြင့်အခွန်ရုံးပြန်သွားပြီးတံဆိပ်ဂေါင်းထုတ်ပါ။
၃။ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခြင်း
အဆိုပါတံဆိပ်ခေါင်းများရပါက ရန်ကင်းမြို့နယ်ရှိ၊စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခ 0-5%( အခွန်ရုံးမှသတ်မှတ်သည့်တန်ဖိုးရဲ့0-5% /သိန်း100လျင်50000နှုန်း၊)ထပ်မံထမ်းဆောင်မှတ်ပုံတင်ရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ
*ပိုင်ဆိုင်မူ့အထောက်ထား(ဂရန်၊အမည်ပေါက်စာချုပ်)
*ဘဏ်ငွေသွင်းထားသည့်ချလံ
*တံဆိပ်ခေါင်း (၄%) နှင့်မေတ္တာဖြင့်ပေးကမ်းခြင်းစာချုပ်၊ မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇ၀င်
*သက်သေနှစ်ယေက်နှင့်မှတ်ပုံတင်မူရင်း
*ပေးသူ၊ယူသူ နှင့်မှတ်ပုံတင်မူရင်း
*အစိုးရရုံးဖွင့်ရက်တိုင်း နံနက်၉:၀၀မှစတင်မှတ်ပုံတင်ပေးပါသည်။
*မှတ်ပုံတင်စာချုပ်မှာ(၃) ပတ်နေလျင်ပြန်ရွေးရပါမည်
၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မြေအမည်ပြောင်းဆောင်ရွက်ခြင်း
လိုအပ်သောစာရွက်စာတမ်များ
*မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင် မူရင်း၊မိတ္တူ
*မေတ္တာဖြင့်ပေးကမ်းခြင်းစာမှတ်ပုံတင်စာချုပ် မူရင်း၊မိတ္တူ
*လက်ခံရရှိသူမှတ်ပုံတင် မူရင်းမိတ္တူ
*မြေခွန်ပြေစာ၊မြေပိုင်မြေဆိုမလိုပါ။
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ
အမူ့တွဲဖွင့်ပြီး၄၅ရက်ကြာရင်အမည်ပြောင်းလို့ပြီးပါပြီ။
လက်ရှိဆောင်ရွက်နေသည့်အကြောင်းအရာများပါ။တခါတရံ ရုံးတွင်းညွန်ကြားချက်များကြောင့်အပြောင်းလဲရှိနိုင်ပါတယ်။
Comments
Post a Comment