သေတမ်းစာ နှင့်ပတ်သက်သည့် အချက်များ

 သေတမ်းစာ ( Will ) နှင့်ပတ်သက်၍ သိထားသင့်သည့် အချက်များ

(၁) ဗုဒ္ဓဘာသာဝင်များအနေနှင့် သေတမ်းစာရေးခွင့်မရှိပါ။ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များအနေနှင့် သေတမ်းစာ (Will) ရေးခွင့်ရှိပါသည်။

(၂) သေတမ်းစာဆိုသည်မှာ သေတမ်းစာရေးပိုင်ခွင့်ရှိသူတစ်ဦးက ၎င်းသေဆုံးသည့်အခါ ၎င်းပိုင်ဆိုင်သည့်ရွှေ.ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ.မပြောင်းနိုင်သည့်ပစ္စည်းများကို မည်သို.မည်ပုံ ခွဲဝေစေလိုကြောင်း ၎င်း၏ရည်ရွက်ချက်ကို ထုတ်ဖော်ပေးသည့် ကြေညာစာတမ်းဖြစ်သည်။

(၃) သေတမ်းစာကို မိမိသက်ရှိထင်ရှားရှိစဉ် မည်သည့်အချိန်မဆို ရေးသားနိုင်သလို မည်သည့်အချိန်မဆိုပြန်လည် ရုပ်သိမ်းခွင့်ရှိပါသည်။

(၄) သေတမ်းစာကို မှတ်ပုံတင်၍လည်းရသည်၊ မတင်လျှင်လည်း ရပါသည်။ စည်းကမ်းသတ်ကာလမရှိပါ။

(၅) သေတမ်းစာပြုလုပ်သူသည် တစ်စုံတစ်ယောက်ကိုခေါ်၍ မိမိပြောဆိုသည့်အတိုင်း သေတမ်းစာရေးခိုင်းပြီးသက်သေများရှေ.တွင် လက်မှတ်ရေးထိုးနိုင်ပါသည်။

(၆) သေတမ်းစာ၌ သေတမ်းစာအရ ဆောက်ရွက်သူ (Executor) တစ်ဦးဦး ခန်.ထားရပါမည်။

(၇) သေတမ်းစာကို ရှုးသွပ်သူ ၊ အရွက်မရောက်သေးသူများ ရေးခွင့်မရှိပါ။

(၈) သေတမ်းစာရေးသူ သေဆုံးသည့်အခါ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ (၂၂၂) အရ သေတမ်းစာဆောက်ရွက်ခွင့်ပေးထားသူ (Executor) ကသာ သက်ဆိုင်ရာတရားရုံး၌ သေတမ်းစာအတည်ပြုပေးရန် (Probate) လျှောက်ထားရပါမည်။

Comments