စာချုပ်စာတမ်းရုံးမှာ ကိုယ်စားလှယ်စာဖြင့် မှတ်ပုံတင်လျှင် ကျမ်းကျိန်ဖို့ လိုအပ်ခြင်း
မြေနှင့်အိမ် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ချုပ်ရာတွင် ရောင်းချသူကိုယ်စား အထူးကိုယ်စားလှယ် လွှဲစာရသူက လက်မှတ်ရေးထိုး ချုပ်ဆိုပေးသည့်အခါ ရောင်းချသူမှ ယနေ့ထက်တိုင် သက်ရှိထင်ရှားရှိပြီး လွှဲအပ်ထားသော ကိုယ်စားလှယ်ပါဝါကိုလည်း ပြန်လည်ရုတ်သိမ်းခြင်းမရှိသေးကြောင်း တရားသူကြီး ရှေ့မှောက်တွင် ကိုယ်စားလှယ်ရသူက တရားဝင် ကျမ်းကျိန်ဖို့ လိုအပ်ကြောင်း ယင်းကျမ်းကျိန်လွှာမူရင်း စာရွက်တင်ပြရမည်ဖြစ်ပါသည်။
သို့မှသာ ထိုကျမ်းကျိန်လွှာအရ ကိုယ်စားလှယ်ရယူထားသူမှ ရောင်းချသူအမည်ပေါက် ကိုယ်စား လက်မှတ်ရေးထိုးချုပ်ဆိုပေးနိုင်မည်ဖြစ်ကြောင်း နှင့် လွှဲအပ်ထားသော အထူးကိုယ်စားလှယ်ပါဝါကိုလည်း ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်ပင် ကန့်ကွက်ထားသည့်သူရှိမရှိကို စစ်ဆေးရမည်ဖြစ်ပါသည်။
အထက်ပါအချက်များပြည့်စုံမှသာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင်မည်ဖြစ်ပြီး ဝယ်ယူသူဘက်မှ ဝယ်ခွန်ပေးဆောင်ထားပြီး အစိုးရထံတွင် မြေကွက်ကို တရားဝင်ဝယ်ယူသူအဖြစ် မှတ်ပုံတင်ခြင်း ဆောင်ရွက်မှု အောင်မြင်မည်ဖြစ်ပါသည်။
ထိုကျမ်းကျိန်လွှာမှာလည်း အထူးကိုယ်စားလှယ်ပါဝါကဲ့သို့ အရေးကြီးစာရွက်စာတမ်းဖြစ်ကြောင်း အသိပေးတင်ပြလိုက်ပါသည်။
Comments
Post a Comment