အိမ်ခြံမြေအားမေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်

* မိခင်၊ဖခင် မှ သားသမီးများ
* အကို၊အမ မှ ညီ၊ညီမ သို့ပေးကမ်းလိုသော
သူများအတွက်လမ်းညွန်


၁။ မေတ္တာဖြင့်ပေးကမ်းခြင်း‌မြေပုံ၊‌‌
-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မိမိပိုင်ဆိုင်သော ဂရန်‌မြေ၊မြေပိုင်‌။
‌မြေများကိုအထောက်ထားပြုပြီး မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇ၀င်လျောက်ထားကူးယူရပါမည်။ကြာချိန် ၃၀ ရက်။
လိုအပ်သောစာရွက်စာတမ်များ *မိမိတို့ပိုင်ဆိုင်သောဂရန်၊‌မြေပိုင်‌ မူရင်း၊မိတ္တူ *မှတ်ပုံတင် မူရင်းမိတ္တူ
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ။
*မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
၂-မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်တန်ဖိုးသတ်မှတ်ခြင်း
မေတ္တာဖြင့်ပေးကမ်းခြင်း‌‌မြေပုံရပါကမိမိတို့နေထိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနသို့သွားရောက်ထွက်ဆိုချက်ပေးရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ * ပေးလိုသောမြေ၊အိမ်ဓါတ်ပုံ *မေတ္တာဖြင့်ပေကမ်းသည့်စာချုပ်
*လက်ခံသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*မေတ္တာဖြင့်ပေကမ်းခြင်းမြေပုံမြေရာဇ၀င် *မိမိတို့ပိုင်ဆိုင်သောဂရန်၊‌မြေပိုင်‌ *ပေးသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*အဖိုးစားနားရယူခြင်းမရှိ၊မိမိပိုင်သော၊စီမံခန့်ခွဲလျက်ရှိသောကျမ်းကျိန်လွှာ(ပေးသူမှကျိန်ရပါမည်,)
*မိခင်၊ဖခင်၊အကို၊အမတော်စပ်ကြောင်းကျမ်းကျိန် *မိခင်ဖခင်မှ သားသမီးများရှိသည့်အနက် တစ်ဦးတည်းသာပေးပါက ကျန်မောင်နှမများ သဘောတူသိရှိ‌‌ကြောင်း၊
ကန့်ကွက်ရန်မရှိကြောင်း တစ်ဦးချင်းစီမှကျန်းကျိန်တစ်စောင်ချင်းစီ(မောင်နှစ်မငါးယောက်ဆို ကျမ်းကျိန်ကုန်ကျစားရိတ်နဲ့သွားပြီ၊အချက်လက်များ၊မှတ်ပုံတင်နံပါတ်များမမှားစေရန်သတိပြုပါ)
*ပေးသူ၊ယူသူခံဝန်ချုပ်(အခွန်ရုံးမှာနမူနာတောင်းကြည့်နိုင်ပါတယ်၊၊) *စာချုပ်ပါ သက်သေနှစ်ယောက် နဲ့ မှတ်ပုံတင်မူရင်း
အထက်ဖော်ပြပါ အားလုံးစုံလျင်၊စာရွက်စာတမ်းများအားမိတ္တူ(၃)စုံဆွဲပါ၊မူရင်းများအားလုံးနှင့် ပေးသူ၊ယူသူ၊အသိသက်သေများ၊ကြောင်းကျမ်းကျိန်ထားသူများပါလိုက်သွားရပါမည်။အခွန်ရုံးရှိသက်ဆိုင်ရာအရာရှိထံမှန်ကန်‌ကြောင်းထွက်ဆိုချက်ပေး၊လက်ဗွေနှိပ်၊ဓါတ်ပုံရိုက်မှတ်တမ်းတင်တာဝန်ကျအရာရှိမှလုပ်ပါသည်၊(တချို့ရုံးမှာတော့ဓါတ်ပုံမရိုက်ပါ၊၊) တခါတရံတာဝန်ကျအရာရှိ အစည်းဝေးသွားခြင်း၊ကွင်းဆင်းသွားခြင်းများရှိပါတယ်၊ဝန်ဆောင်မူ့ပေးသူအ‌နေဖြင့်အရာရှိနှင့်ကြိုတင်ချိန်းထားသင့်ပါတယ်။
*၂/၃ပတ်ခန့်ကြာလျင်ခွင့်ပြုမိန့်ကျပါပြီ၊တံဆိပ်ခေါင်းခွန် (၄%)ချလံအခွန်ရုံးတွင်ယူပြီး၊သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပါ၊ဘဏ်မှ‌ငွေသွင်းချလံတပိုင်းပြန်ပေးပါမည်၊အဆိုပါ‌ချလံဖြင့်အခွန်ရုံးပြန်သွားပြီးတံဆိပ်ခေါင်းထုတ်ပါ။


၃-စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခြင်း
အဆိုပါတံဆိပ်‌ခေါင်းများရပါက ရန်ကင်းမြို့နယ်ရှိ၊စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခ
0.5%( အခွန်ရုံးမှသတ်မှတ်သည့်တန်ဖိုးရဲ့0-5% /သိန်း100လျင်50000နှုန်း၊) ထပ်မံထမ်းဆောင်မှတ်ပုံတင်ရပါမည်။
*လိုအပ်သောစာရွက်စာတမ်းများ *ပိုင်ဆိုင်မူ့အထောက်ထား(ဂရန်၊အမည်ပေါက်စာချုပ်) *ဘဏ်ငွေသွင်းထားသည့်ချလံ
*သက်သေနှစ်ယေက်နှင့်မှတ်ပုံတင်မူရင်း
*တံဆိပ်ခေါင်း၊ (4%) မေတ္တာဖြင့်ပေးကမ်းခြင်းစာချုပ်၊ မတေ်တာပေးမွေပုံတှဲခြုပျ *ပေးသူ၊ယူသူ နှင့်မှတ်ပုံတင်မူရင်း *အစိုးရရုံးဖွင့်ရက်တိုင်း နံနက်၉:၀၀မှစတင်မှတ်ပုံတင်ပေးပါသည်။
*မှတ်ပုံတင်စာချုပ်မှာ(၃) ပတ်နေလျင်ပြန်ရွေးရပါမည်


၄-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မြေအမည်ပြောင်းဆောင်ရွက်ခြင်း
လိုအပ်သောစာရွက်စာတမ်များ
*မိမိတို့ပိုင်ဆိုင်သောဂရန်၊‌မြေပိုင်‌ မူရင်း၊မိတ္တူ
*မေတ္တာဖြင့်ပေးကမ်းခြင်းစာမှတ်ပုံတင်စာချုပ် မူရင်း၊မိတ္တူ
*လက်ခံရရှိသူမှတ်ပုံတင် မူရင်းမိတ္တူ
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ
*မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
လက်ရှိဆောင်ရွက်နေသည့်အကြောင်းအရာများပါ။တခါတရံ ရုံးတွင်းညွန်ကြားချက်များကြောင့်အပြောင်းလဲရှိနိုင်ပါတယ်။
အမူ့တွဲဖွင့်ပြီး၄၅ရက်ကြာရင်အမည်ပြောင်းလို့ပြီးပါပြီ။
# UTZ law firm

Comments