ပြစ်မှုအမှုတွဲ လေ့လာနည်း


၁။ ရဲစခန်းမှ တရားရုံးသို့ အမှုစွဲတင်ရာတွင် ပါရှိသည့် စာရွက်စာတမ်းများ

(က) အမှု ပထမ ရက်ချိန်းကန့်သတ်ရန် တရားသူကြီးထံ ပေးပို့သည့် သတိပေးနှိုးဆော်စာ ( ပြစ်မှုပုံစံ ၁၀၄ ) 

ဤစာရွက် ပါလာခြင်းဖြင့် အမှုစွဲတင်သောနေ့ တရားလိုမလာရောက်နိုင်ကြောင်း သိနိုင်သည်။ အမှု စတင်သည့်နေ့အမှုစစ်ဆေးခြင်း မပြုနိုင်သည့် အခြေအနေ ဖြစ်သည်။ 

(ခ) ပထမ သတင်းပေး တိုင်တန်းချက် 

     အမှုအတွက် အရေးအကြီးအဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အမှုဖြစ်ပွားသော နေ့ရက်၊ အချိန်၊ အမှုတိုင်ကြားသော နေ့ရက်၊ အချိန် ၊ တိုင်ကြားချက်၊ တိုင်ကြားသူအမည် ၊ အဘအမည်၊ အမှုစစ် ရဲစခန်းရှိ အမည် စသည်တို့ ပါဝင်သည်။ 

( ဂ) ရဲစွဲချက်ပုံစံ

တရားခံများ၏အမည်၊ အသက်၊ အဘအမည်၊ နေရပ်လိပ်စာ၊ တရားလိုအမည်၊ နေရပ်လိပ်စာ၊ သက်သေများ၏ အမည်နှင့် နေရပ်လိပ်စာ၊ အမှုတွဲတွင် ပါဝင်သော စာရွက်စာတမ်းများစာရင်း၊ တရားခံအား ဖမ်းဆီးသော နေ့စွဲ၊ အချုပ်ဖြင့်တင်ပို့ခြင်း ဟုတ်မဟုတ် စသည်တို့ ပါဝင်သည်။

(ဃ) စွဲချက်ပြန်

       ရဲပုံစံနံပါတ် ၁၂၅ ( က ) ၊ ရဲလုပ်ငန်းကိစ္စ ဖြစ်သည်။ 

(င) တရားခံပုံသဏ္ဍာန်

      ရဲပုံစံနံပါတ် ၂၁

(စ) ရဲအာမခံပုံစံ

       ရဲပုံစံနံပါတ် ၁၇၀ ( ၁ )

၂။ ရဲစခန်းမှ တရားရုံးသို့ အမှုစွဲတင်ရာတွင် အမှုအမျိုးအစား အလိုက် ပါဝင်သည့် စာရွက်စာတမ်းများ

( က ) ေဆးစာ 

( ခ ) ကျွမ်းကျင်သော ပါရဂူ၏ ထင်မြင်ချက် အစီရင်ခံစာ

( ဂ ) တရားခံ /ပစ္စည်းကို စွပ်စွဲရန် စီတန်းပြသခြင်း

( ဃ ) ရှာဖွေပုံစံ

( င ) တရားစွဲခွင့် အမိန့် 

( စ ) အခင်းဖြစ်နေရာ မြေပုံ

( ဆ ) တရားခံဖြောင့်ချက်

( ဇ ) သက်သေမှ ကျင့်ထုံး ၁၆၄ အရ ကြိုတင်ပေးထားသော ထွက်ချက်

၃။ အမှုစစ်ဆေးရာတွင် ပါဝင်လာသည့် စာရွက်စာတမ်းများ

    (က) ရှေ့နေကိုယ်စားလှယ်လွှဲစာ

    ( ခ ) အာမခံလျှောက်လွှာ၊ ထောက်ခံစာများနှင့် ခံဝန်ချုပ်ဆိုချက်

    ( ဂ ) တရားလိုနှင့် လိုပြသက်သေတို့၏ ထွက်ချက်များ

    ( ဃ ) တရားခံပြ သက်သေစာရင်း

    ( င ) တရားခံနှင့် ခံပြသက်သေတို့၏ ထွက်ချက်များ

    ( စ ) စွဲချက်နှင့်စပ်လျဉ်း၍ နှစ်ဖက်အကျိုးဆောင်တို့မှ တင်သွင်းသည့် လျှောက်လဲချက်များ

    (ဆ) တရားလို၊ တရားခံ တို့ဘက်မှ အသီးသီး တင်သွင်းသော စာရွက်စာတမ်း၊ သက်သေခံ အထောက် အထားများ

     (ဇ)  တရားလို၊ တရားခံတို့ဘက်မှ တင်သွင်းသော နှစ်ဖက်အကျိုးဆောင်တို့၏ အပြီးသတ် လျှောက်လဲချက် များ

၄။  တရားရုံး လုပ်ထုံးအရ ပါဝင်လာသည့် စာရွက်စာတမ်းများ

    ( က ) ရုံးအမှုတွဲ နေ့စဉ်မှတ်တမ်း

    ( ခ ) သက်သေ ရုံးခေါ် သမ္ဗန်စာ

    ( ဂ ) စွဲချက်နှင့်စပ်လျဉ်း၍ တရားရေးဝန်ထမ်း၏ အကြံပေးချက် 

    ( ဃ ) စွဲချက်

     ( င ) ဆုံးဖြတ်ချက်အမိန့်

အမှုမစစ်မီ အမှုတွဲရှိ စာရွက်စာတမ်းများကို လေ့လာခြင်းဖြင့် အောက်ပါအချက်အလက်များကို ကြိုတင်လေ့လာ သိရှိမှတ်သားထားပြီး ဖြစ်နေရပါမည် -

   ၁ ။ အမှုဖြစ်ပွားသော နေ့ရက်နှင့်နာရီ၊

   ၂။ ပထမ သတင်းပေးတိုက်ချက်ရေးဖွင့်သော နေ့ရက်နှင့်နာရီ၊

   ၃။ တရားရုံးသို့ တရားစွဲ တင်ပို့သောနေ့၊ 

   ၄။ အခင်းဖြစ်စဉ်က တရားခံ မူးယစ်နေခြင်း ရှိ  မရှိ၊

   ၅။ တရားခံ၏ ပုံသဏ္ဍာန်၊ ပြစ်ချက်ဟောင်း ရှိ မရှိ၊

   ၆။  တရားစွဲတင်ရာတွင် အချုပ်ဖြင့် တင်ပို့ခြင်း ဟုတ် မဟုတ် ၊

   ၇။ အမှု၏ ပထမသတင်းပေးအမှတ်၊

   ၈။ ရှာဖွေပုံစံ ပြုလုပ်သည့်နေရာ၊ သိမ်းဆည်းသည့်ပစ္စည်းနှင့် ရှာဖွေသက်သေ ပေးအပ်သောပုဂ္ဂိုလ်၊ သိမ်း ဆည်း သူ အရာရှိ၊ ရှာဖွေတွေ့ရှိသည့် ပစ္စည်းအမျိုးအစား၊

   ၉ ။ ဆေးရုံသို့ ပြသသောနေ့ရက်၊ လူနာမှ ဆရာဝန်သို့ ပြောဆိုသည့်အချက်၊ ဆရာဝန်၏မှတ်ချက်၊ ဒဏ်ရာ ရသူဦးရေ၊ 

 ၁၀။ အမှုဖွင့်စဉ်က လက်ခံရေးဖွင့်သော ဂတ်စာရေး၏ အမည်၊ 

 ၁၁။ သက်သေစာရင်းတွင် ပါဝင်သည့် အိမ်နီးချင်းသက်သေဦးရေ၊ 

 ၁၂။ တရားစွဲတင်ပို့သည့် ဥပဒေပုဒ်မ၊

 ၁၃။ တရားခံအသီးသီး၏ အသက်၊

 ၁၄ ။ အမှုတွင်  တရားခံပြေး ပါ မပါ၊

 ၁၅။ ပါရဂူတို့၏ ထင်မြင်ချက်များ၊

 ၁၆။ အခင်းဖြစ်ပွားသည့်နေရာ။

( ဦးကျော်ဇေယျ၊ တရားခွင် အမှုစစ်ဆေးနည်းပညာ၊ စာ ၃၇ ) ။ 

Comments