လေးစားဖွယ် အတုယူဖွယ် အားကျဖွယ် ကိစ္စရပ်
လေးစားဖွယ် အတုယူဖွယ် အားကျဖွယ် ကိစ္စရပ်တွေဟာ မူရင်းစီရင်ထုံးကိုဖတ်မှ တွေ့မြင်သိရှိနိုင်တာတွေ ရှိပါတယ် အဲဒါမျိုးတွေထဲက တခုကိုပြောပါ့မယ်
မူရင်းစီရင်ထုံးကိုဖတ်မှ တရားခံရဲ့ရှေ့နေက ကြိုတင်တွေးတောပုံ တရားသူကြီးကို တင်ပြပုံ အစိုးရရှေ့နေကလည်း မျှတမှုအတွက် တင်ပြပုံ တရားသူကြီးအဖွဲ့ကလည်း အောက်ရုံးက လွတ်လွတ်လပ်လပ် အဆုံးအဖြတ် ပြုနိုင်အောင်နဲ့ တရားမျှတရေးအတွက် အဆုံးအဖြတ်ပြုပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်
ရာဇဝတ်မှုတွေမှာ မူလရုံးက တရားခံကို တရားရှင်လွှတ်လို့ တရားလို ဒါမှမဟုတ် အစိုးရ(ယခုလက်ရှိ ဥပဒေရုံး) က အထက်ရုံးကို ပြင်ဆင်မှုတက်မယ် အထက်ရုံးက အဲဒီအမိန့်ကိုဖျက်ပြီး မူလရုံးတရားခံအပေါ် စွဲချက်တင်စစ်ဆေးစေတဲ့အမိန့် ချမှတ်မယ်ဆိုရင် မူလရုံးက တရားခံဘက်ကို စစ်ဆေးပြီးတဲ့နောက် တရားခံကိုလွှတ်ဖို့ မစဥ်းစားတော့ဘဲ အထက်ရုံးက စွဲချက်တင်ဖို့ညွှန်ကြားထားတာကြောင့် အပြစ်ပေးဖို့ဘဲ စဥ်းစားတဲ့ အလေ့အထအပေါ် တရားခံရဲ့ရှေ့နေက တရားခံရဲ့အကျိုးအတွက် ဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်
အဲဒီစီရင်ထုံးပါ အမှုဖြစ်ရပ်ကတော့ -
မြို့နယ်ဆရာဝန်ကြီးက သူမကိုမုဒိန်းကျင့်ပါတယ်လို့ သူနာပြုသင်တန်းတက်နေသူက တိုင်တန်းတရားစွဲရာမှာ ပဌမရာဘက်ရာဇဝတ်တရားသူကြီးက တရားရှင်လွှတ်ပါတယ် တရားလိုနဲ့ အစိုးရက ပြင်ဆင်ဖို့ရာအတွက် စက်ရှင်တရားသူကြီးရုံးကို လျှောက်ထားရာမှာ မအောင်မြင်တဲ့အတွက် တရားလွှတ်တော်ကို လျှောက်ထားတဲ့အခါကျတော့ တရားရှင်လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပြီး စက်ရှင်တရားသူကြီးက ပဌမအထူးတရားသူကြီးအဖြစ် စစ်ဆေးဖို့ ဒါမှမဟုတ် စက်ရှင်တရားသူကြီးက သင့်တော်တယ်ထင်မြင်တဲ့ တခြားအထူးတရားသူကြီးကစစ်ဆေးဖို့ပါ အမိန့်ချမှတ်တဲ့အပြင် တရားလိုသက်သေတွေရဲ့ထွက်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်
အဲဒီအခြေအနေမှာ အထက်ကကျွန်တော်ပြောခဲ့တဲ့ အနေအထားကို တွေ့ရှိရမှာ ဖြစ်ပါတယ်
စီရင်ထုံးအဆုံးအဖြတ်သက်သက်ကို ဖတ်တာနဲ့ မူရင်းစီရင်ထုံးကို ဖတ်တာ ကွာခြားတာကို သိစေဖို့ အဲဒီဖြစ်ရပ်အတွက် အဆုံးအဖြတ်ပြုထားတဲ့ ဒေါက်တာ အုန်းသွင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၁၉၅၉ ၊ မ-တ-စ (တရားလွှတ်တော်ချုပ်) ၊ စာ- ၆၃ စီရင်ထုံး။
Comments
Post a Comment