Transfer of Court
ရုံးပြောင်းလျှောက်ထားခြင်း (Transfer of Court)
မောင်ကျော်အေး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၅၃ ၊ မတစ၊ (လွှတ်တော်) ၊ ၁၁၄ တွင်ထုံးဖွဲ့ထားသည်မှာ -
တရားစီရင်ရေးအတွက် တာ၀န် ယူထားရသောပုဂ္ဂိုလ်များသည် တရားခံ တစ်ဦးဦး၏စိတ်ထဲ၌ တရားစီ ရင်ရာတွင် မျှတရမည်မဟုတ် ၊ တစ်ဖက်သို့ပင်းလိမ့်မည်ဟု မပေါ်ပေါက်အောင်စိုးရိမ်ကြောင့်ကြမှုပြုမူရမည် မှာ တာ၀န်တစ်ရပ်ဖြစ်သည်။
ကျော်စိန် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၅၈ ၊ မ တ စ (လွှတ်တော်) ၊ ၆၃၉
ရာဇ၀တ်တရားသူကြီးတစ်ဦးအနေနှင့် မည်သည့်ဘက်ကိုမလိုက်ရန် လိုအပ်သည်သာမက တရား ခံ၏စိတ်ထဲ၌ ဘက်လိုက်သည်ဟု အကြောင်း ယုတ္တိနှင့် စိုးရိမ်ကြောင့်ကြမှု ပေါ်ပေါက်နိုင်သော အကြောင်းအရာ များကိုလည်း ရှောင်အပ်သည်။ ဆိုလိုသည်မှာ တရားမျှတမှုကို ပြုရုံသာမက တရားမျှတမှုပြုကြောင်းကိုလည်း လူအများ သိစေအပ်သည်။
ဦးကျော်မြင့် ပါ ၃ နှင့် မ၀င်း၀င်းတင် ပါ ၂ ၁၉၆၅ ၊ မ တ စ (ရုံးချုပ်) ၊ ၅၄၇ တွင်ညွှန်းဆိုထားသည်မှာ -
မိမိတို့၏လိုအင်ဆန္ဒမပြည့်ရုံမျှနှင့် တရားသူကြီးသည် မျှတမှုမရှိ ဘက်လိုက်သည်။ အဂတိလိုက် စားသည် စသည်ဖြင့် အာဃာ တစိတ်ဖြင့် ပြောဆိုစွပ်စွဲကြလျင် မျှတမှန်ကန်သော ပြည်သူအများယုံကြည်ကိုးစားသောတရားစီရင်ရေးကို ဖြစ်မြောက်စေရန်ခဲယဉ်းသည်၊ ရုံးပြောင်းထားခြင်း နှင့်စပ်လျဉ်း၍ ကျင့်ထုံးပုဒ်မ ၅၂၆ နှင့် ၅၂၈ တို့တွင် ပြဌာန်းပါရှိသည်၊ပုဒ်မ ၅၂၆ သည် နိုင်ငံတော် တရားရုံးချုပ်တွင် ရုံးပြောင်းလျောက်ထားခြင်း နှင့်သက်ဆိုင်ပြီး ပုဒ်မ ၅၂၈သည် တရားရုံး ချုပ်မှတပါး အခြားတရားရုံးများတွင် ရုံးပြောင်းလျှောက်ထားခြင်း နှင့်သက်ဆိုင်သည်။
ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၂၆(၁) ပါ ပြဌာန်းချက်များအရ အောက်ပါအကြောင်းအချက် ငါးရပ်အနက် တစ်ရပ်ရပ် ထင်ရှားအောင်တင်ပြလျှောက်ထားလာသည့်အခါ တရားရုံးချုပ်သည် တစ်ရုံးရုံးသို့ရုံးပြောင်းပေးနိုင်သည်၊
(က) တရားရုံးချုပ်၏ လက်အောက်ရှိ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးတွင် တရားမျှတ၍ဘက်မလိုက် သည့်စုံစမ်းစစ်ဆေးမှုဖြစ်စေ၊ စစ်ဆေးစီရင်မှုဖြစ်စေ၊ မရနိုင်သည့်အခါ
(ခ) အထူးခက်ခဲသော ဥပဒေပြဿနာအချို့့ဖြစ်ပေါ်လာနိုင်စရာရှိသည့်အခါ
(ဂ) ပြစ်မှုတစ်စုံတစ်ရာကို ကျေနပ်သည်အထိ စုံစမ်းစစ်ဆေးနိုင်ရန် (သို့) စစ်ဆေးစီရင်နိုင်ရန်အ တွက် ၄င်းပြစ်မှုကျူးလွန်သည့်နေရာ (သို့) အနီးအနားရှိ နေရာကိုဖြစ်စေ ကြည့်ရှုရန် လိုအပ်သည့်အခါ
(ဃ) ရုံးပြောင်းပေးပါက အမှုသည်များ (သို့) သက်သေများမှာယေဘူယျအဆင်ပြေနိုင်စရာ ရှိသည့် အခါ
(င) တရားဖြောင့်မှန်ရေးအတွက် လိုအပ်သည့်အခါ နိုင်ငံတော်တရားရုံးချုပ်သည် လက်အောက်ခံ တရားရုံး၏ အစီရင်ချက်အရဖြစ်စေ၊ အကျိုး သက်ဆိုင်သည့် အမှုသည်တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ၊ မိမိအလိုအလျောက်ဖြစ်စေ၊ ရုံးပြောင်းကိစ္စဆောင်ရွက်နိုင် ကြောင်း ပုဒ်မ ၅၂၆(၃) တွင်ပြဌာန်းထားသည်၊ဤပုဒ်မအရ ရုံးပြောင်းပေးရန် လျောက်ထားသူသည် နိုင်ငံတော်ရှေ့နေချုပ်မဟုတ်ပါက ကျမ်းကျိန်လွှာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပူးတွဲပါရှိရမည် ဖြစ်ကြောင်း ပုဒ်မ ၅၂၆ (၄)တွင် ပြဌာန်းထားသည်၊ တရားခံ တစ်ဦးက ရုံးပြောင်း လျှောက်ထားသည့်အခါ လျှောက်ထားချက်ကို ကန့်ကွက်သူသို့ကုန်ကျ သည့်စရိတ်များအဖြစ် ပေးလျော်စေရန် စည်းကမ်းသတ်မတ်ခြင်းခံရလျင် ပေးလျှော်ပါမည်ဟုအာမခံသူများနှင့် ဖြစ်စေ၊ အာမခံမပါသူများ မပါဘဲဖြစ်စေ၊ ခံ၀န်ချုပ်ချုပ်ဆိုရန် အမိန့်ချ မှတ်နိုင်ကြောင်း ပုဒ်မ ၅၂၆ (၅) တွင်ပြဌာန်း ထားသည်၊ရုံးပြောင်းလျှောက်ထားမှုကို ပလပ်လျင် တရားရုံးချုပ်ကလျှောက်ထားမှုမှာ အရေးမယူထိုက် သည့် (သို့) အနှောက်အယှက် ဖြစ်စေသည့် လျှောက်လွှာဖြစ်ကြောင်း ထင်မြင်လျှင် ၄င်းလျှောက်လွှာကို ကန့်ကွက်ရ သည့် အတွက် ကုန်ကျစရိတ်များကို လျှော်ကြေးအဖြစ် ပေးလျှော်စေရန် အမိန့်ချမှတ်နိုင်သည်၊အဆိုပါ လျော် ကြေးငွေမှာ ကျပ်ငွေ ၂၅၀ ထက်မပိုစေရဟူ၍ ပုဒ်မ ၅၂၆(၆-က)တွင် ပြဌာန်းထားသည်။
ကျင့်ထုံးပုဒ်မ ၅၂၆ ပါ ပြဌာန်းချက်သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ အရ ချမှတ်သည့်အ မိန့်တစ်စုံတစ်ရာကို ထိခိုက်စေသည်ဟု မမှတ်ယူရဟူ၍ ပုဒ်မ ၅၂၆(၇) တွင်ပြဌာန်းထားသည်၊
ပုဒ်မ ၅၂၆ အာဏာကို နိုင်ငံတော်တရားရုံးချုပ်ကသာ ကျင့်သုံးခွင့်ရှိသည်၊၂၀၁၀ ပြည့်နှစ်ပြည်ထောင် စုတရားစီရင်ရေးဥပဒေပုဒ်မ ၅(ဂ)တွင် နိုင်ငံတော်တရားရုံးချုပ်သည် တရားရုံးတစ်ရုံးရုံးမှ အခြားတရားရုံးတစ်ရုံး ရုံးသို့အမှုလွှဲပြောင်းပေးမှုကို စီရင်နိုင်ကြောင်း ပြဌာန်းထားသည်၊
ပြည်နယ်(သို့)တိုင်းတရားရုံးသည် မိမိ၏ပြည်နယ်(သို့) တိုင်းအတွင်း တရားရုံးတစ်ရုံးရုံးမှ အခြားတ ရားရုံးတစ်ရုံးရုံးသို့အမှုလွှဲပြောင်းပေးမှုကို စီရင်နိုင်ကြောင်း တရားစီရင်ရေးဥပဒေပုဒ်မ ၁၆(ခ)တွင် ပြဌာန်းထား သည်၊
ခရိုင်တရားရုံးသည် မိမိ်၏ခရိုင်အတွင်း တရားရုံးတစ်ရုံးရုံးမှ အခြားတရားရုံးတစ်ရုံးရုံးသို့အမှုလွှဲပြောင်း ပေးမှုကို စီရင်နိုင်ကြောင်း တရားစီရင်ရေးဥပဒေပုဒ်မ ၁၉(ခ)တွင် ပြဌာန်းထားသည်၊
ရုံးပြောင်းလျောက်ထားခြင်းနှင့်စပ်လျဉ်း၍ ကျင့်ထုံးပုဒ်မ ၅၂၈ တွင် စက်ရှင်တရားသူကြီးတစ်ဦးဦး သည် ၄င်း၏လက်အောက်ရှိ စက်ရှင်တရားသူကြီးတစ်ဦးဦးးထံမှ အမှုတစ်စုံတစ်ရာကို ရုတ်သိမ်းနိုင်သည်၊(သို့) လွှဲအပ်ထားပြီးဖြစ်သည့် အမှုတစ်စုံတစ်ရာအပေါ်လည်း ပြန်၍တောင်းခေါ်ယူနိုင်သည်ဟု ပုဒ်မ ခွဲ (၁) တွင် ပြဌာန်းထားသည်၊ ပုဒ်မခွဲ(၂) တွင် ခရိုင်ရာဇ၀တ်ိတရားသူကြီးတစ်ဦးဦး(သို့) နယ်ပိုင်ရာဇ၀တ်တရားသူကြီးတစ် ဦးဦးသည် လက်အောက်ရာဇ၀တ်တရားသူကြီးတစ်ဦးဦးထံမှ အမှုတစ်စုံတစ်ရာကို ရုတ်သိမ်းနိုင်သည်။(သို့) လွဲအပ်ထားပြီးသော အမှုတစ်စုံတစ်ရာကို ပြန်တောင်းခေါ်ယူနိုင်သည်၊ထို့ပြင်အဆိုပါအမှုကို ကိုယ်တိုင်စစ် ဆေးနိုင်သည်၊(သို့) စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့်အခြားရာဇ၀တ်တရားသူကြီးထံ စုံစမ်းစစ်ဆေးရန်(သို့) စစ် ဆေးစီရင်ရန် လွဲအပ်နိုင်သည်ဟူ၍ ပြဌာန်းထားသည်၊
ပုဒ်မ ၅၂၆ နှင့် ၅၂၈ ပါ ပြဌာန်းချက်များအရ ရုံးပြောင်းလျောက်ထားနိုင်သည်။ ပြည်နယ်(သို့) တိုင်း တခုခုမှ အခြားပြည်နယ်(သို့) တိုင်းတခုခုသို့ရုံးပြောင်း လျောက်ထားလိုပါက ပုဒ်မ ၅၂၆ အရ တရားရုံးချုပ်သို့ လျောက်ထားရမည်၊ပြည်နယ်(သို့) တိုင်းအတွင်း ရုံးပြောင်းလျောက်ထားလိုပါက ပုဒ်မ ၅၂၈ အရ သက်ဆိုင်ရာ ပြည်နယ်(သို့) တိုင်းတရားရုံးသို့လျှောက်ထားရမည်၊ခရိုင်အတွင်း ရုံးပြောင်းလျှောက်ထားလိုပါက ပုဒ်မ ၅၂၈ အရ သက်ဆိုင်ရာခရိုင်တရားရုံးသို့လျောက်ထားရမည်။
ရုံးပြောင်းလျောက်လွှာနှင့်အတူ ကျမ်းကျိန်လွှာများ(သို့) ကတိသစ္စာပြုလွှာများ ပါရှိရမည်။ ကျမ်းကျိန် လွှာများတွင် ရုံးပြောင်းလျှောက်ထားရန်အတွက် အကြောင်းပြချက်များကို ခိုင်လုံစွာဖေါ်ပြရမည့်အပြင် မှန်ကန် မှုရှိရန်လည်း အရေးကြီးသည်၊
ရာဇ၀တ်တရားသူကြီး၏ အပြောအဆို အပြုအမူများသည် တရားခံ၏စိတ်ထဲ၌ တရားစီရင်ရာမျှတမှု ရမည်မဟုတ်၊တစ်ဘက်သို့ပင်းလိမ့်မည်ဟု အကြောင်းယုတ္တိရှိသော စိုးရိမ်ကြောင့်ကျမှုပေါ်ပေါက်စေလျင် ရုံး ပြောင်းပေးရန်လျှောက်ထားနိုင်သော အချက်ကောင်းတခုဖြစ်သည်၊
ရာဇ၀တ်တရားသူကြီးရှေ့ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များသည် လျောက်ထားသူ၏ စိတ်ထဲ၌ တရားစီရင် ရာတွင် မျှတမှုရမည်မဟုတ်၊တစ်ဖက်သို့ပင်းလိမ့်မည်ဟု ရုံးပြောင်းချင်စိတ်ပေါ်လာအောင် စိုးရိမ်ကြောင့်ကျမှု များဖြစ်ပေါ်စေသည့်ဖြစ်ရပ်များသ်ည ရုံးပြောင်းလျှောက်ထားနိုင်သော အချက်ကောင်းတခုဖြစ်သည်၊
အမှုစစ်ဆေးသော ရာဇ၀တ်တရားသူကြီးသည် အမှုတွင် တနည်းနည်းဖြင့် ပါ၀င်ပတ်သက်နေလျင် ဥပမာ အမှုသည်တဘက်နှင့်ဆွေမျိးတော်စပ်ခြင်း၊အမှုတွင် တရားသူကြီးကိုယ်တိုင်၏အကျိုးစီးပွားနှင့်ပတ်သက် နေခြင်းတို့ရှိသည့်အခါ တရားသူကြီးသည် ဘက်လိုက်လိမ့်မည်ဟု စိုးရိမ်ဖွယ်ရာအကြောင်းရှိနိုင်သည်၊ယင်းအ ချက်နှင့်ပတ်သက်၍ ဥပဒေဆိုရိုးစကားရှိသည်မှာ (Nemo judex in causa sua) (No man shall be a judge in his own cause ) မိမိကိုယ်တိုင်ပါ၀င်ပတ်သက်နေသော အမှုတွင် တရားသူကြီးအပြင် ပါ၀င်မဆုံးဖြတ်သင့် ကြောင်းညွှန်ပြထားခြင်းဖြစ်သည်။ ယင်းအချက်သည်လည်း ရုံးပြောင်းလျောက်ထားရာတွင် အကြောင်းပြနိုင် သောအချက်ကောင်းတခုဖြစ်သည်။
ယင်းအချက်နှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၅၆ တွင် တရားသူကြီးတစ်ဦးသည် မိမိ ကိုယ်တိုင်အမှုသည်အဖြစ် ပါ၀င်သော (သို့) စိတ်၀င်စားသောအမှုတစ်စုံတစ်ရာကို အထက်တရားရုံး၏ခွင့်ပြု ချက်မရဘဲ စစ်ဆေးစီိရင်ခြင်းမပြုရဟူ၍ တားမြစ်ထားသည်၊ထို့ပြင် မိမိချမှတ်ထားသော စီရင်ချက်(သို့) အမိန့် တစ်စုံတစ်ရာမှ အယူခံသည့်အမှုကိုလည်း စစ်ဆေးကြားနာခြင်းမပြုရဟူ၍ တားမြစ်ထားသည်။
#ရုံးပြောင်းလျှောက်ထားမှုဆိုင်ရာစီရင်ထုံးများ
ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ကျော်လှအောင် နှင့် အပေါင်းပါများ ၁၉၅၀ ၊ မတစ(လွှတ်တော်)၊၁၀၆
ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၅၂၈(၅) က ရာဇ၀တ်တရားသူကြီးတစ်ဦးသည် အမိန့်ချမှတ်သည့်အခါ ထိုသို့ဘာကြောင့် အမိန့်ချမှတ်သည့်အကြောင်းကို စာဖြင့်ရေးရမည်ဟု ပြဌာန်းထားသည်။ရာဇ၀တ်တရားသူ ကြီးရုတ်တရက်စိတ်ရူးပေါ်၍ဖြစ်စေ၊စိတ်ပြောင်းလွယ်၍ဖြစ်စေ၊အမှုကို ရုံးပြောင်းခြင်းသည် တရားရုံးများ၏လုပ် ငန်းကို အကြီးအကျယ်နှောက်ယှက်ရာရောက်သည်သာမက အများပြည်သူတို့ယုံကြည်ကိုးစားမှုကိုလည်း သံ သယဖြစ်စေသည်၊ အမှုရုံးပြောင်းခြင်းသည် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် လိုက်နာရန်လို သောကျင့်ထုံးနှင့် ရုံးထုံးစံများကို နည်းလမ်းတကျ စောင့်ထိန်းကျင့်သုံးရသည်။တရားရေးဆိုင်ရာနည်းလမ်းတ ကျ အုပ်ချုပ်မှုအခြေခံမူမှာ တရားသူကြီးနှင့်ရာဇ၀တ်တရားသူကြီးများသည် မျှတ၍ ဘက်မလိုက်ရသည်သာမ က မျှတ၍ဘက်မလိုက်သည့်အကြောင်းကို အကြောင်းယုတ္တိနှင့်ဆင်ခြင်တတ်သူများရှေ့၌လည်း ပေါ်လွင်စေရ သည်၊
မောင်ကျော်အေး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၅၃ မတစ (လွှတ်တော်) ၊ ၁၁၄
တရားစီရင်ရေးအတွက် တာ၀န်ယူထားရသော ပုဂ္ဂိုလ်များသည် တရားခံတစ်ဦး၏စိတ်ထဲ၌ တ ရားစီရင်ရာတွင် မျှတမှုရမည်မဟုတ်၊တဘက်သို့ပင်းလိမ့်မည်ဟု စိုးရိမ်ကြောင့်ကျမှုမပေါ်ပေါက်အောင် ပြုမူရ မည်မှာ တာ၀န်တစ်ရပ်ဖြစ်သည်၊ရာဇ၀တ်တရားသူကြီး၏ အပြောအဆို သို့မဟုတ် အမူအရာသည် ပြုမူရမည် မှာ တာ၀န်တစ်ရပ်ဖြစ်သည်၊ ရာဇ၀တ်တရားသူကြီး၏အပြောအဆိုသို့မဟုတ် အမူအရာသည် တရားခံ၏စိတ်၌ တရားစီရင်ရာတွင် မျှတမှုရမည်မဟုတ်၊တဘက်သို့ပင်းလိမ့်မည်ဟု စိုးရိမ်ကြောင့်ကျပေါ်ပေါက်စေလျင် အမှုကို ရုံးပြောင်းပေးရမည်။
မောင်ဘခင်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၅၄ ၊ မတစ(လွှတ်တော်)၁၉၁
ကျင့်ထုံးပုဒ်မ ၅၂၆ (၁)(က) ၌ ဖေါ်ပြထားသောအကြောင်းပြချက်များအပေါ် ရုံးပြောင်းပေးရန် ကိစ္စတွင် သက်ဆိုင်သော ရာဇ၀တ်တရားသူကြီး၏စိတ်ထဲ၌ တကယ်ပင်တဘက်သတ် အထင်မှားနေပါသည်ဟု ထင်ရှားအောင် တင်ပြနေရန်မလို၊ စဉ်းစားရမည့်အချက်မှာ ရာဇ၀တ်တရားသူကြီး ရှေ့ပေါ်ပေါက်ခဲ့သောဖြစ်ရပ် များသည် လျှောက်ထားသူ၏စိတ်ထဲ၌ တရားစီရင်ရာတွင် မျှတမှုရမည်မဟုတ်၊တဘက်သို့ပင်းလိမ့်မည်ဟု ရုံး ပြောင်းချင်စိတ်ပေါ်လာအောင် စိုးရိမ်ကြောင့်ကျမှုများဖြစ်စေသည့် ဖြစ်ရပ်များဟုတ်မဟုတ် စဉ်းစားရန်ဖြစ်သည်၊
ကျော်စိန် နင့် ပြည်ထောင်စုမြန်မာနိုင်ငံ (မောင်စိန်) ၊ ၁၉၅၈ ၊မတစ၊ (လွှတ်တော်) ၆၃၉ ၊
ရာဇ၀တ်တရားသူကြီးတစ်ဦးအနေနှင့် မည်သည့်ဘက်ကို မျှမလိုက်ရန် လိုအပ်သည်သာမက တရားခံ၏စိတ်ထဲ၌ ဘက်လိုက်သည်ဟု အကြောင်းယုတ္တိနှင့်စိုးရိမ်ကြောင့်ကျမှု ပေါ်ပေါက်နိုင်သော အကြောင်း အရာများကိုလည်းရှောင်အပ်သည်။ဆိုလိုသည်မှာ တရားမျှတမှုကို ပြုရုံသာမက တရားမျှတမှုပြုကြောင်းကို လည်း လူအများသိစေအပ်သည်၊
မောင်ကောက်ပါ ၄ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၀ ၊ မတစ (လွှတ်တော်) ၁၁၀
တဘက်အမှုသည်ကို နို့တစ်ပေးရမည်ဟု ပြဌာန်းချက်မပါသော်လည်း ယေဘူယျသဘော တရားအရနှင့် တရားမျှတမှုအတွက်တိုက်ဆိုင်သောအမှုသည်အား ရုံးပြောင်းမိန့်မချမှတ်သင့်ကြောင်းထုချေခွင့် ရရှိအောင်နို့တစ်ပေးသင့်သည်။
ဦးအေးမောင်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၁ ၊ မတစ (လွှတ်တော်)၈၆
ရာဇ၀တ်မှုတစ်မှုတွင် တရားစွဲခံရသောတရားခံက မိမိ၏ အမှုကို စစ်ဆေးနေသောရုံးမှ အ ခြားရုံးသို့ပြောင်းပြီး စစ်ဆေးရန်အမ်ိန့်ကို တရားလွှတ်တော်တွင် ကျင့် ၅၂၆ အရ လျှောက်ထားပြီးဖြစ်သဖြင့် ဤကဲ့သို့လျှောက်ထားပြီးကြောင်း အမှုစစ်ဆေးနေသောရာဇ၀တ်တရားသူကြီးအား ပြောကြားသော်လည်း ရာ ဇ၀တ်တရားသူကြီးသည် ရှေ့သို့ဆက်စစ်ဆေးသွားခြင်းမှာ တရားနည်းလမ်းမကျ၊၄င်းအပြင် အရေးကြီးသော တရားလိုပြသက်သေနှစ်ဦးကို အဆိုပါရာဇ၀တ်တရားသူကြီးက မိမိ၏စဉ်းစားခန်းထဲတွင် ထိုင်နေစေရုံမက ၄င်း တို့နှင့်စကားပြောခြင်းမှာ တရားခံအတွက်စိတ်နှလုံးမချမ်းသာစရာ အကြောင်းဖြစ်ပေသည်။ရုံးမင်းသည် တရား မျှတမှုဖြစ်စေရန် ဆောင်ရွက်ရန်နှင့်မပြီးသေး၊တရားမျှတမှုဖြစ်စေအောင် ဆောင်ရွက်နေကြောင်းကိုလည်း အများသိမြင်အပ်သည်။
Comments
Post a Comment