စရန်ငွေနှစ်ဆ ဆိုသည်မှာ
စရန်ငွေနှစ်ဆ -
အရောင်းအ၀ယ် စာချုပ်များ ချုပ်ဆိုရာတွင် စရန်ပေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုလေ့ရှိကြသည်။ ထို့သို့ပြုလုပ် ချုပ်ဆိုရာတွင် ရောင်းသူဖက်မှပျက်ကွက်ခဲ့ပါက စရန်ငွေ (၂) ဆ ၀ယ်သူဖက်မှ ပျက်ကွက်ခဲ့ပါက စရံငွေအဆုံးဟူ သော ကတိက၀တ်များ ပြုလုပ်လေ့ရှိပါသည်။
ထိုသို့ပြုလုပ်ခြင်းသည် မှန်ကန်သောဥပဒေက\အသိအမှတ်ပြုသော ကတိ က၀တ်တစ်ခုပင်ဖြစ်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ၀ယ်ယူရန် ပဋိညာဉ်ပြုလုပ်သော ၀ ယ်သူက စရန်ငွေကိုပေးထားရာ ပဋိညာဉ် အတိုင်း အပြီးသတ်ဆောင်ရွက်ရန် အချိန် စေ့ရောက်သောအခါ ရောင်းသူသည် အပြီးသတ်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့လျှင် ၀ယ်သူသည် အောက် ပါအတိုင်းဆောင်ရွက်နိုင်သည်။
(၁) ၀ယ်သူသည် ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟု မှတ်ယူ၍ စရန်ငွေကို ရလိုကြောင်း စွဲဆိုနိုင်သည်။
(သို့မဟုတ်)
(၂) ပဋိညာဉ်ကို ဆက်လက် အတည်ဖြစ်သည်ဟုမှတ်ယူ၍
(က) ပဋိညာဉ်ကို ချိုးဖောက်သည့်အတွက် နစ်နာကြေးရလိုမှု စွဲဆိုနိုင်သည်။ (သို့မဟုတ်)
(ခ) ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေရန် စွဲဆိုနိုင်သည် ။
ထို့ကြောင့် အရောင်းအ၀ယ်စာချုပ်များချုပ်ဆိုကြရာတွင် တိကျခိုင်မာသော စာချုပ်များ ချုပ်ဆိုကြရန် နှင့် ထိုသို့ ချုပ်ဆိုပြီးပါက မိမိတို့ ဆောင်ရွက်ရမည့် တာ၀န်များကို မပျက်မကွက်ဆောင်ရွက်ရန်လိုကြောင့် အောက်ပါစီရင်ထုံးကို သာဓကအဖြစ် လေ့လာတင်ပြလိုက်ရသည်။
ဒေါ်နီ (ခ) ဒေါ်မိမိလေးနှင့် ဒေါ်အေး၊ မတစ စာ-၂၅၉၊ ၂၀၁၁
Comments
Post a Comment