အဆိုအချေတွင်မပါသောအချက် တရားရုံးသုံးသပ်ခြင်းရှိမရှိ

#အဆို ၊ #အချေတွင်မပါဝင်သောအချက်ကိုတရားရုံးကဆုံးဖြတ်ခွင့်ရှိပါသလား ။ 

 တရားရုံးသည် အဆိုအချေတွင် မပါဝင်သောအချက် ၊ တစ်နည်းအားဖြင့် အဆိုအချေနှင့် ကွဲလွဲဆန့်ကျင်သည့် အမှုဇတ်လမ်းသစ်ကို ဖန်တီး၍ အမှုကိုဆုံးဖြတ်ခွင့်မရှိပေ။ ဤသည်မှာ တရားမမှုခင်းများ စစ်ဆေးဆုံးဖြတ်ခြင်းဆိုင်ရာဥပဒေတစ်ရပ်ဖြစ်သည်။ ဤ ဥပဒေသသဘောကို ဦးဂဖူး နှင့် ဦးစိန်မောင် ပါ-၂ အမှု (၁၉၉၁ မတစ ၄၆)တွင်စီရင်ထုံးဖွဲ့ထားပါသည်။ 

 သို့သော် အဆိုအချေတွင် မပါသည့် အချက်နှင့် ပတ်သက်၍ အမှုတွဲတွင် သက်သေခံချက် ရှိနေသည့်အပြင် တရားလိုဘက်မှ ဝန်ခံထွက်ဆိုချက်ရှိနေလျှင် ယင်းအချက်ကို တရားရုံးက ဖော်ထုတ်ဆုံးဖြတ်ခွင့်ရှိကြောင်း (ဒေါ်ကျင်အေးပါ - ၂ ( ၎င်းတို့၏ ကိုယ်စားလှယ်စာရသူ ဒေါ်ခင်စန်းမြင့်) နှင့် ဒေါ်ဖြူ ၁၉၉၄ မတစ ၁၄ (တရားမ) ) နှင့် ဦးကျော်ရှိန် ပါ - ၂ နှင့် ဒေါ်ရှိန် ၊ ၁၉၇၇ မတစ ၇ (တရားမ) တွင်ဆုံးဖြတ်ထားပါသည်။ 

Comments