မေး ။  ။ ထိမ်းမြားမင်္ဂလာကတိသစ္စာပြုလွှာဖြင့် လက်ထပ်ထိမ်းမြားပြီးနောက် မင်္ဂလာပွဲအခမ်းအနားပြုလုပ်ပေးရန် ကတိပျက်ကွက်ခဲ့သည့် ယောက်ျား နှင့် ယောက္ခမများအပေါ် မိန်းမ (ချွေးမ) ဖြစ်သူက ထိမ်းမြားလက်ထပ်ရန် ကတိပျက်ကွက်သည်ဟုဆိုကာ လျော်ကြေးငွေ --- ရလိုမှုဖြင့် တရားစွဲတောင်းခံစွဲဆိုရာတွင် ဒီကရီချမှတ်ပေး နိုင်ပါသလား။

 

ဖြေ။   ။ မြန်မာ့ဓလေ့ထုံးတမ်းအရ လက်ထပ်ထိမ်းမြားခြင်း၌ အခမ်းအနားမလို သည့်အပြင် လင်မယားတည်မြဲနေစဉ်၌လည်း လင်က မယားအပေါ် သို့မဟုတ် မယားက လင်အပေါ် တရားစွဲဆိုခွင့်မရှိပေရာ မင်္ဂလာပွဲပြုလုပ်ပေးရန် ပျက်ကွက်သည့် ကိစ္စအပေါ် လင်ဖြစ်သူအပေါ်၌လည်းကောင်း ၊ ယောက္ခမများ အပေါ်၌လည်းကောင်း ကတိပျက်လျော်ကြေးရရန် အကြောင်းမရှိပေ။


မောင်ဝေလင်းလျံပါ ၄ နှင့်မထက်ထက်အောင်၊ စာ - ၁၉၆ ၊ မတစ၊ ၂၀၁၅

Comments