ပြစ်ချက်ဟောင်း မှတ်စု
ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၇၅
ဤပြစ်မူဆိုင်ရာဥပဒေပါအခန်း၁၂အရသို့တည်းမဟုတ်အခန်း၁၇အရသုံးနှစ်ဖြစ်စေသုံးနှစ်ထက်
ပို၍ဖြစ်စေထောင်ဒဏ်တစ်မျို းမျိုးထိုက်သောပြစ်မူတစ်ခုခုအတွက်ပြည်ထောင်စုမြန်မာနိုင်ငံတော်
အတွင်းတရားရုံးတစ်ခုခု၏ပြစ်မူထင်ရှားစီရင်ခြင်းခံရဖူးသူသည်ဆိုခဲ့သောအခန်းများအနက်အခန်း
တစ်ခုခုအရယခင်ထောင်ဒဏ်မျိုးနှင့်လည်းကောင်းယခင်ထောင်ဒဏ်ကာလနှင့်လည်းကောင်းတူ
သော်ပြသ်ဒဏ်ချမှတ်ရန်ထိုက်သင့်သည့်ပြစ်မူတစ်ခုခုကိုထပ်မံကျူးလွန်လျှင်ထိုသို့သောထပ်မံ
ကျူးလွန်သောပြစ်မူအတွက်တစ်သက်တကျွန်းဒဏ်ဖြစ်စေဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေထိုက်
သင့်စေရမည်။
အချို့ပြစ်မူများနှင့်စပ်လျဉ်း၍နောက်ထပ်ကျူးလွန် သူကိုမှတ်လောက်သားလောက် အောင်
ပြစ်ဒဏ်ချမှတ်နိုင်ရန်ဖြစ်သည်။သို့ရာတွင်ပြစ်မူ၌သတ်မှတ်ထားသည့်ပြစ်ဒဏ်သည်လုံလောက်နေ
ပါကဤပုဒ်မကိုအသုံးပြုရန်မလိုပေ။ပြစ်မူ၏ပမာဏကိုလိုက်၍ကြီးလေးသောပြစ်ဒဏ်ကိုချမှတ်နိုင်ရ
န်ဤပုဒ်မအားပြဌာန်းထားခြင်းဖြစ်သည်။သေးငယ်သည့်ပြစ်မူကိုနောက်တစ်ကြိမ်ကကျူးလွန်သည့်
အကြောင်းကြောင့်ဘဝတုံးစေမည့်ပြစ်ဒဏ်ကိုချမှတ်ရန်မဟုတ်ပေ။ တရားခံခိုးသည့်တန်ဖိုးမှာ(၃)
ကျပ်ခန့်သာရှိရာယခင်ပြစ်ချက်ဟောင်းပင်ရှိလင့်ကစား၎င်းအားထောင်ဒဏ်၇နှစ်ချမှတ်ခြင်းသည်ကြီးလှပေသည်။
ဘိုးမြင့် နှင့်အစိုးရ အတွဲ ၄ ဘားမားလောတိုင်း၊ စာ၆၈
ပြစ်ဒဏ်ကိုသတ်မှတ်ရာ၌ပစ္စည်း၏တန်ဖိုးသည်ပဓာနမဟုတ်ချေ။အလေးပေး၍စဉ်းစားရမည့်အချက်များမှာပြစ်မူက ျူးလွန်သူ၏အကြံစည်၎င်း၏အကျင့်စာရိတ္တပြစ်မူ၏ပမာဏစသည်တို့ပင်ဖြစ်သည်
အစိုးရနှင့်ဘရှိန် အတွဲ၆ ရန်ကုန် စာ ၃၉၁
ပဉ္စမကြိမ်ပြစ်မူက ျူ းလွန်သူကိုထောင်ဒဏ်၇နှစ်ချမှတ်ခြင်းသည်အလွန်ကြီးလေးသည်ဟုဆိုနိုင်
မည်မဟုတ်။
ကန်သာနှင့်အစိုးရ(၁၈၉၂-၉၆)အတွဲ၁အထက်မြန်မာပြည်စီရင်ထုံး၁၄၇
ပြစ်မူဆိုင်ရာကျ င့်ထုံးဥပဒေပုဒ်မ၂၁၁(၇)
အကယ်၍တရားခံသည်ပြစ်မူတရပ်ရပ်ဖြစ်ယခင်ကပြစ်မူထင်ရှားစီရင်ခြင်းခံရဖူးပြီးယင်းကဲ့သို့
ယခင်ကပြစ်မူထင်ရှားစီရင်ခံရသောကြောင့်နောက်ထပ်ကျူးလွန်သည့်ပြစ်မူအတွက်ပြစ်
ဒဏ်တိုးပေးထိုက်သည့်အခါသို့မဟုတ်အခြားပြစ်ဒဏ်တမျိုးမျိုးပေးထိုက်သည့်အခါထို့ပြင်နောက်
ထပ်ကကျူးလွန်သည့်ပြစ်မူအတွက်တရားရုံးကသင့် သည်ထင်မြင်သည့်ပြစ်ဒဏ်ကိုပေးရန်ယခင်ကြ ပစ်မူ
ထင်ရှားစီရင်ခဲ့ဖူးခြင်းကိုထင်ရှားအောင်ပြုလုပ်ရန်ရည်ရွယ်သည့်အခါယခင်ကပြစ်မူထင်ရှားစီ
ရင်ခံရသည့်အကြောင်းပြစ်မူထင်ရှားစီရင်သည့်နေ့စွဲနှင့်နေရာကိုစွဲချက်တွင်ဖေါ်ပြရမည်။
ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၅က
ပုဒ်မ၂၁၁ပုဒ်မခွဲ၇ပါပြဋ္ဌာန်းချက်အရပြစ်ချက်ဟောင်းရှိခဲ့ဖူးကြောင်းစွဲချက်တင်သည့်အမူတွင်
တရားခံကစွဲချက်၌စွပ်စွဲထားသည့်အတိုင်းမိမိတွင်ပြစ်ချက်ဟောင်းရှိခဲ့သည်ဟုဝန်မခံသည့်အ
ခါရာဇဝတ်တရားသူကြီးသည်တရားခံအပေါ်ပုဒ်မ၂၅၅ပုဒ်မခွဲ(၂)အရဖြစ်စေပုဒ်မ ၂၅၈ အရဖြစ်စေ
ပြစ်မူထင်ရှားပြီးနောက်စွပ်စွဲထားသောပြစ်ချက်ဟောင်းနှင့်စပ်လ ျ ဉ်း၍သက်သေခံချက်ရယူနိုင်
သည်။ထို့နောက်ရရှိသည့်သက်သေခံချက်ကိုရေးမှတ်ထားရမည်။
ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၄၂(၁)(ဃ)
တရားခံသည်ထိုအချိန်ကစွဲချက်တင်ခံရသောပြစ်မူမှတစ်ပါးးအခြားပြစ်မူတစ်ရပ်ရပ်ကိုကျူးလွန်ခဲ့
ကြောင်းသို့မဟုတ်ထိုပြစ်မူဖြင့်ထင်ရှားစီရင်ခံခဲ့ရကြောင်းသို့မဟုတ်တရားခံသည်အကျင့်စာရိတ္တ
မကောင်းကြောင်းပြဆိုရာရောက်သည့်မည်သည့်မေးခွန်းကိုမျှပြန်လှန်စစ်မေးရာ၌မမေးရ။၎င်းပြင်
မေးးမြန်းပါကတရားခံမှဖြေဆိုရန်မလိုအပ်စေရ။
ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၃၄၈(၁)
မည်သူမဆိုပြစ်မူဆိုင်ရာဥပဒေအခန်း၁၂အရဖြစ်စေအခန်း၁၇အရဖြစ်စေထောင်ဒဏ်သုံးနှစ်
သို့မဟုတ်သုံးနှစ်ထက်ပို၍ထိုက်သင့်သည့်ပြစ်မူဖြင့်ပြစ်မူထင်ရှားစီရင်ခြင်းခံရပြီးနောက်ထိုအခန်း
တရပ်ရပ်အရထောင်ဒဏ်သုံးနှစ်သို့မဟုတ်ထောင်ဒဏ်သုံးနှစ်ထက်ပို၍ထိုက်သင့်သည့်ပြစ်မူတစ်ရ
ပ်ရပ်ထပ်မံစစ်ဆေးလ ျက်ရှိသည့်ရာဇဝတ်တရားသူ ကြီးကတရားခံကိုလွှဲအပ်တင်ပို့ရန်လုံ
လောက်သောအကြောင်းများရှိသည်ဟုကြေနပ်လျှင် ထို့ပြင်ရာ ဇဝတ်တရားသူကြီးက
မိမိကိုယ်တိုင်အဆိုပါအမူကိုစစ်ဆေးစီရင်ရန်အရည်ချင်းရှိသူမဟုတ်သည့်အပြင်တရားခံ ပေါ်ပြစ်မူ
ထင်ရှားစီရင်ပါကလုံလောက်သောပြစ်ဒဏ်ချမှတ်နိုင်မည်မဟုတ်ဟုထင်မြင်လှ ျ င်တရားခံကို
စက်ရှင်တရားသူကြီးသို့ဖြစ်စေတရားလွှတ်နော်သို့ဖြစ်စေလွှဲအပ်တင်ပို့ရမည်။
ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၅၁၁
ဤက ျ င့်ထုံးဥပဒေအရပြုလုပ်သည့်မည်သည့်စုံစမ်းစစ်ဆေးမူစစ်ဆေးစီရင်မူသို့မဟုတအခြား
မူခင်းကိစ္စဆောင်ရွက်မူတွင်မဆိုယခင်ကပြစ်မူထင်ရှားစီရင်ခဲ့ခြင်းသို့မဟုတ်အမူမှအပြီးပြတ်လွှတ်ခြ
င်းကိုတည်ဆဲဥပဒေတစ်ရပ်ရပ်ကပြဋ္ဌာန်းထားသည့်အခြားနည်းလမ်းတစ်စုံတစ်ရာအပြင်
(က)အဆိုပါပြစ်မူထင်ရှားခြင်းသို့မဟုတါအမူမှအပြီးပြတ်လွှတ်ခြင်းကိုပြုလုပ်ခဲ့သည့်တရားရုံး
၏အမူတွဲမှတ်တမ်းများကိုထိမ်းသိမ်းရသည့်အရာရှိကစီရင်ချက်သို့မဟုတ်အမိန့်မိတ္တူမှန်ကန်
ကြောင်းကိုကိုယ်တိုင်လက်မှတ်ထိုးသည့်ကောက်နုတ်ချက်ကို သို့မဟုတ်
(ခ)ပြစ်မူထင်ရှားစီရင်သည့်အမူတွင်ပြစ်ဒဏ်တရပ်လုံးသို့မဟုတ်တစ်စိတ်တပိုင်းကိုကျခံရာ
အကျ ဉ်းထောင်၏တာဝန်ခံအရာရှိကမှန်ကန်ကြောင်းလက်မှတ်ရေးထိုးထားသောသက်သေခံ
လက်မှတ်သို့မဟုတ်က ျ ခံပြီးသောပြစ်ဒဏ်နှင့်စပ်လ ျဉ်းသည့်ထောင်ချဝရမ်းကိုထိုကဲ့သို့ထင်ရှားစီ
ရင်ခြင်းခံရသူသို့မဟုတ်အမူမှပြီးပြတ်လွှတ်ခြင်းခံရတရားခံပင်ဖြစ်ကြောင်းသက်သေခံနှင့်တကွတင်
ပြခြင်းဖြင့်ထင်ရှားအောင်ပြုလုပ်နိုင်သည်။
ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၅၆၅
(၁)တစ်ဦးတစ်ယောက်ကို-
(က)ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတရားရုံးတစ်ရုံးရုံးကပြစ်မူဆိုင်ရာဥပဒေပုဒ်မ၂၁၅ပုဒ်မ
၄၈၉ကပုဒ်မ၄၈၉ခသို့မဟုတ်ပုဒ်မ၄၈၉ဃအရပြစ်ဒဏ်ထိုက်သင့်သောပြစ်မူတရပ်ရပ်နှင့်ဖြစ်စေ
ပြစ်မူဆိုင်ရာဥပဒေအခန်း၁၂သို့မဟုတ်၁၇အရသုံးနှစ်သို့မဟုတ်သုံးနှစ်ထက်ပိုသောပြစ်ဒဏ်
ထိုက်သင့်သည့်ပြစ်မူတရပ်နှင့်ဖြစ်စေ
(ခ) × × × × × × ×
သက်သေခံဥပဒေပုဒ်မ(၁၄)ရှင်းလင်းချက်(၂)
သို့ရာတွင်ပြစ်မူတစ်ခုကိုကျူးလွန်ကြောင်းနှင့်စွပ်စွဲခံရသူတစ်ဦးအပေါ်တွင်အမူစစ်ဆေးရာ၌တ
ရားခံသည်ယခင်ကပြစ်မူက ျူ းလွန်ခဲ့ကြောင်းသည်ဤပုဒ်မ၏အဓိပ္ပာယ်အရစပ်ဆိုင်လျှ င်၎င်း
သည်ယခင်ကပြစ်ဒဏ်စီရင်ခံရကြောင်းသည်လည်းစပ်ဆိုင်သည့်အကြောင်းခြင်းရာဖြစ်စေရမည်။
သက်သေခံဥပဒေပုဒ်မ၅၄ရှင်းလင်းချက်(၂)
ယခင်ကပြစ်ဒဏ်ချမှတ်ခြင်းမှာအက ျ င့်စာရိတ္တမကောင်းကြောင်းသက်သေခံချက်ဖြစ်စပ်ဆိုင်သည်
သက်သေခံဥပဒေပုဒ်မ၁၅၃ခြွင်းချက်(၁)
သက်သေတစ်ဦးအားယခင်ကရာဇဝတ်ပြစ်ဒဏ်စီရင်ခံရဖူးခြင်းရှိမရှိမေးမြန်းသဖြင့်ငြင်းဆိုရာ၎င်း
သည်ယခင်ကခံရဖူးကြောင်းသက်သေခံတင်ပြနိုင်သည်။
တရားရုံးများလက်စွဲ ၆၄၀
တရားရုံးများလက်စွဲ၆၄၄
(ဆက်လက်ရှာဖွေဖတ်ရှုပါရန်)
လောင်းကစားဥပဒေပုဒ်မ ၁၇(ခ)
ပုဒ်မ၁၁ပါပြဋ္ဌာန်းချက်ကိုထပ်မံကျူးလွန်သည့်ကြောင်းပြစ်မူထင်ရှားစီရင်ခြင်းခံရလျှင်အနည်းဆုံး
ထောင်ဒဏ်၃နှစ်မှအများဆုံးထောင်ဒဏ်၅နှစ်အထိသို့မဟုတ်ထောင်ဒဏ်နှင့်ငွေဒဏ်အနည်းဆုံး
ကျပ်၅၀၀၀မှအများဆုံးကျပ်၁၀၀၀၀၀အထိချမှတ်ခြင်းခံရမည့်အပြင်ပြစ်မူနှင့်အကျုံးဝင်သော
ငွေကိုပြည်သူဘဏ္ဏာအဖြစ်သိမ်းဆည်းခြင်းခံရမည်။
လောင်းကစားဥပဒေပုဒ်မ ၁၂(ခ)
ပုဒ်မ၇ပါပြဋ္ဌာန်းချက်တရပ်ရပ်ကိုထပ်မံကျူးလွန်ကြောင်းပြစ်မူထင်ရှားစီရင်ခြင်းခံရလျှ င်အနည်း
ဆုံးထောင်ဒဏ်၆လမှအများဆုံးထောင်ဒဏ်၁နှစ်အထိသို့မဟုတ်ထောင်ဒဏ်နှင်ငွေဒဏ်ကျ ပ်
၁၀၀၀၀၀အထိချမှတ်ခြင်းခံရရမည့်အပြင်ပြစ်မူနှင့်အက ျူံ းဝင်သောသက်သေခံပစ္စည်းများနှင့်ငွေ
ကိုပြည်သူှု့ဘဏ္ဏာအဖြစ်သိမ်းဆည်းခြင်းခံရမည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေပုဒ်မ၂၃
ပုဒ်မ၁၆မှပုဒ်မ၂၁အထိပြဋ္ဌာန်းထားသောပြုလုပ်မူူတစ်ခုခုကိကျူးလွန်ကြောင်းပြစ်မူထင်ရှားစီရင်
ခြင်းခံရသူသည်ယခင်ကပြစ်မူဖြင့်ပြစ်မူထင်ရှားစီရင်ခြင်းခံခဲ့ရလျှင်ထပ်မံကျူးလွန်သောပြစ်မူအ
တွက်ပြဋ္ဌာန်းထားသောအများဆုံးပြစ်ဒဏ်ကိုချမှတ်ခြင်းခံရမည်။
Comments
Post a Comment