ပြစ်ဒါဏ်တိုးမြှင့်ပေးရန်လျှောက်ထားခြင်း
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၄ အရ ပြစ်မှုထင်ရှားစီရင်ထားသော ပြစ်ဒဏ်ကို တိုးမြှင့်ပေးရန်လျှောက်ထား ခြင်း၊ တန်ဖိုးရှိသော ပစ္စည်းများကို အလွဲ သုံးစား ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဒဏ်ငွေသုံးရာမျှသာ တပ်ရိုက်ခြင်း သည်မလျော်ကန်ခြင်း၊ နစ်နာသူ၏ နစ်နာချက် အတိမ်အနက်ကိုလည်း သတိချပ်ရခြင်း။
===============================================================
ဆုံးဖြတ်ချက် ။ ။ အချင်းဖြစ်ပွားသော ပစ္စည်းများ၏တန်ဖိုးမှာ ကျပ်ခြောက်သောင်းကျော်ခန့်ရှိကြောင်း အငြင်း မထွက်သောကြောင့် ဤမျှတန်ဖိုးရှိသောပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဒဏ်ငွေသုံးရာမျှ သာ တပ်ရိုက်ခြင်းသည် ပြဿနာကို ဖြေရှင်းပေးရာတွင် အပြစ်ရှိသူအပေါ် ဂရုဏာထားသည်နှင့်အမျှ နစ်နာသူ၏ နစ်နာသော အတိမ်အနက်ကိုလည်း သတိထားရပေမည်။
(ဒေါ်သန်းရှင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဦးလူစံ) ၊ ၁၉၇၅ မတစ - ၁၀၈) ။
Comments
Post a Comment