အငြင်းပွားသည့် ပစ္စည်းမဟုတ်လျှင် ယာယီတားဝရမ်း မထုတ်နိုင်ပါ

 အငြင်းပွားသည့် ပစ္စည်းမဟုတ်လျှင် ယာယီတားဝရမ်း မထုတ်နိုင်

============================================================
တရားမကျင့်ထုံး ဥပဒေအမိန့် ၃၉ နည်း ၁ ပါ ပြဌာန်းချက်များအရဆိုလျှင် အမှုတစ်မှုတွင် အငြင်းပွား သောပစ္စည်းသည် ပျက်စီးယိုယွင်းမည် သို့မ ဟုတ် လွှဲပြောင်းပေးခြင်းခံရမည်အန္တရာယ်ရှိနေကြောင်း ထင်ရှားမှသာ ထိုအငြင်းပွားသောပစ္စည်းနှင့် စပ်လျဉ်း၍ ယာယီတားဝရမ်းထုတ်ဆင့်နိုင် သည်။ ယာယီတားဝရမ်း ထုတ်ဆင့်စေလို သည့် ပစ္စည်းသည်အမှုတွင် အငြင်းပွားသည့် ပစ္စည်းမဟုတ်လျှင် တရားမ ကျင့်ထုံးဥပဒေအမိန့် ၃၉ နည်း ၁ အရ ယာယီတားဝရမ်းထုတ်ဆင့်နိုင်မည်မဟုတ်ကြောင်း စီရင်ထုံးများတွင် ထုံးဖွဲ့ထားသည်။

(ဦးကျော်ဇောပါ ၂ နှင့် ဦးခင်မောင်ဗိုလ် ၁၉၈၂ မတစ ၁) ၊
(ဦးတင့်ဆွေပါ ၂ နှင့် ဒေါ်အမာ ၁၉၈၅ မတစ ၆၄) ၊
(ဒေါ်ကြည်ပါ ၃ နှင့် ဦးမောင်မောင်လှ ၁၉၉၇ မတစ ၁၂)။

Comments