မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ အမွေတောင်းခံရန် ပေါ်ပေါက်သည့် အကြောင်းများ

 မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေတောင်းခံရန် ပေါ်ပေါက်သည့်အကြောင်းများမှာ-


၁။ အဖ (သို့) အမိကွယ်လွန်သောအခါ ဩရသသားသမီးသည် အမွေလေးပုံတစ်ပုံ ရခွင့်ရှိသည်။

၂။ ဩရသသည် ၎င်း၏ဝေစုကို (၁၂)နှစ်လွန်လျှင် တောင်းခံခွင့်မရှိ။

၃။ ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသောအချိန်တောင်းခံခွင့်ရှိသည်။

၄။ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုချိန်မှ (၁၂) နှစ်လွန်လျှင်တောင်းခံခွင့်မရှိ။

၅။ ကျန်ရစ်သူမိဘ ကွယ်လွန်ချိန် မိထွေး၊ ပထွေး ထံမှ တောင်းခံခွင့်ရှိသည်။

၆။ မိထွေး၊ ပထွေး ကွယ်လွန်သောအခါ ပထမအိမ်ထောင်မှ သားသမီးများသည် ဒုတိယအိမ်ထောင်မှ သားသမီးများထံမှ အမွေတောင်းခံခွင့်ရှိသည်။ 

(မတင်တင်ဝင်းနှင့် ဒေါ်စောတင်ပါ ၃၊ ၁၉၉၁ မတစ ၆၆)

Comments