သက်ဆိုင်ရာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနသို့ နှစ် ၆၀ မြေငှားဂရန် လျှောက်ထားနိုင်သည့် မြေအမျိုးအစားများ


၁။ လိုင်စင်မြေ (သို့) ပါမစ်မြေ ============= တင်ပြရမည့် အထောက်အထားများမှာ - - လိုင်စင်လက်မှတ် (သို့) မြေချပါမစ် (သို့) မြေနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ။ - ဆက်စပ်စာချုပ်များ။ - နိုင်ငံသားစီစစ်ရေးကတ်။ - အမည်ပေါက်သူမဟုတ်က ဥပဒေနှင့်အညီ ဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်လွှာ။ - ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ချမှတ်သည့် တရားရုံး အမိန့်ဒီကရီ။ - အဆောက်အဦးဆောက်လုပ်ပြီးကြောင်း အထောက်အထား။( ဓာတ်ပုံ၊ ရပ်ကွက် ထောက်ခံချက်) - နောက်ဆုံးထမ်းဆောင်ထားသည့် မြေငှားခပြေစာ (သို့) ကြွေးကျန်ကင်းရှင်းကြောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထောက်ခံစာ။ - မြေကွက်အကျယ်အဝန်းမှာ မျက်နှာစာ ၂၀ ပေနှင့် ဧရိယာ ၁၂၀၀ စတုရန်းပေရှိရမည်။ - လိုအပ်ပါက ကော်မတီ၏အတည်ပြုချက် ရယူပါမည်။ - သတ်မှတ်ချက်နှင့် ကိုက်ညီက မြေငှားဂရန်စာချုပ် ၃ စောင် ပြုစု၍ အငှားချထားသူနှင့် အငှားချထားခံရသူ၊ အသိသက်သေ လက်မှတ်ရေးထိုး၍ မူရင်းတစ်စောင်တွင် တံဆိပ်ခေါင်းကပ်၍ အငှားချထားခံရသူအား ထုတ်ပေးပါသည်။ ကျန်မူရင်းခွဲ ၂ ဆောင်ကို ဌာနတွင် မှတ်တမ်းအဖြစ် ထားရှိပါသည်။
၂။ စကွာတာမြေ ======= တင်ပြရမည့်အထောက်အထားများမှာ - မြေနှင့်ပက်သက်သည့် မြေငှားခ ပြေစာ မြေငှား ဂရန်စာချုပ် - နိုင်ငံသားစစ်ရေးကတ် - မှတ်ပုံတင်စာချုပ်စာတမ်းများ ပိုင်ဆိုင်မှုနှင့်ပက်သက်၍ ချမှတ်ထားသည့် တရားရုံးစီရင်ချက်အမိန့်နှင့် ဒီကရီ -နောက်ဆုံးထမ်းဆောင်ထားသည့် မြေငှားပြေစာ (သို) ကြွေးကျန်ကင်းရှင်းကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ။ မြေကွက်အကျယ်အထန်းမှာ မျက်နှာစာ ၂၀ ပေနှင့် ဧရိယာ ၁၂၀၀ စတုရန်းပေ ရှိရပါမည်။ - လိုအပ်ပါက ကော်မတီ၏ အတည်ပြုချက်ယူရမည်။ - သတ်မှတ်ချက်နှင့် ကိုက်ညီက မြေငှားဂရန်စာချုပ် ၃ စောင်ပြုစု၍ အငှားချထားသူ အငှားချထားခံရသူနှင့် အသိသက်သေများ လက်မှတ်ရေးထိုး၍ မှုရင်းတစ်စောင်တွင် တံဆိပ်ခေါင်းတင်၍ အငှားချထားခံရသူအား ထုတ်ပေးပါသည်။ ကျန်မှုရင်းခွဲ ၂ စောင်ကို ဌာနတွင် မှတ်တမ်းအဖြစ် ထားပါသည်။
(ဇ) မြေငှားဂရန်စာချုပ် မိတ္တူလျှောက်ထားခြင်း (Certified Copy) ======================== ဌာနမှထုတ်ပေးသည့် သတ်မှတ်ပုံစံနှင့်အတူ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်။ မြေငှားဂရန် ပျောက်ဆုံး ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ သက်ဆိုင်ရာမြို့နယ်ရဲစခန်း ထောက်ခံချက် မြေနှင့်ပက်သက်သည့် အထောက်အထားများ မှတ်ပုံတင်ထားသည့် စာချုပ်စာတမ်းများ ပိုင်ဆိုင်ကြောင်း တရားအမိန့် ဒီကရီ။ နောက်ဆုံးထမ်းဆောင်ထားသည့် မြေခွန်ပြေစာ (သို့) မြို့နည်စည်ပင်သာယာအုပ်ချုပ်ရေးမှူူး၏ ကြွေးကျန်ကင်ရှင်းကြောင်းထောက်ခံစာတင်ပြရပါမည်။ ဌာနမှစီစစ်၍ ကန့်သတ်ချက်မရှိက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေငှားဂရန်စာချုပ်မိတ္တူတွင် တံဆိပ်ခေါင်းကပ်၍ မူလအမည်ပေါက်နာမည်ဖြင့် မြေငှားဂရန်စာချုပ်မိတ္တူမှန် ထုတ်ပေးပါသည်။
(ဈ) မြေငှားစာချုပ် (ဂရန်) သက်တမ်းတိုးလျှောက်ထားခြင်း =========================== သက်တမ်းကုန်ဆုံးသည့် မြေငှားစာချုပ်ကို သက်တမ်းတိုးလျှောက်ထားနိုင်ပါသည်။ ထိုသို့လျှောက်ထားက အမည်ပေါက် (သို့) မှတ်ပုံတင်စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူထားသည့် နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့် ပက်သက်သည့် တရားရုံးစီရင်ချက်နှင့် ဒီကရီရယူထားသူကသာ လျှောက်ထားရပါမည်။ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ် ပိုင်ဆိုင်မှုစာ ချုပ်စာတမ်းမြေခွန်ပြေစာ တင်ပြရပါမည်။ ဌာနမှစိစစ်၍ မှန်ကန်မှုရှိပြီး ကန့်ကွက်မှုမရှိက ကော်မတီ၏ အတည်ပြုချက်ရယူ၍ သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေငှားဂရန်ထုတ်ပေးပါသည်။ မှုရင်းခွဲ ဂရန် ၂ စောင်ကို ဌာနတွင် မှတ်တမ်းအဖြစ်ထားရှိပါသည် ။ သက်တမ်းကုန်ဆုံးသည့် ဂရန် ပြန်အပ်ရပါမည်။ ဂရန်ပျောက်ဆုံးက သတ်မှတ်ဒဏ်ကြေးငွေပေးဆောင်ရပါမည်။
(ည) မြေငှားဂရန်ခွဲ ပေးရန်လျှောက်ထားခြင်း ================== သက်တန်းရှိမြေငှားဂရန်စာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးပါသည်။ ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ် ပိုင်ဆိုင်မှုအထောက်အထားများ ဌာနမှထုတ်ပေးသည့် မြေကွက်ခွဲအတည်ပြုပုံစံနှင့် မြေကွက်ခွဲစိတ်တိုင်တာသည့် မြေပုံများ တင်ပြရမည်။ အမည်မပေါက်သူ လျှောက်ထားက သတင်းစာတွင် ၁၄ ရက်အချိန်ပေးကြော်ငြာပါမည်။ ကန့်ကွက်သူမရှိက သတ်မှတ်ဝန်ဆောင်ခပေးသွင်း၍ မြေကွက်အမှတ်သစ်ဖြင့် ဂရန်ခွဲထုတ်ခြင်းဖြစ်က ထိုသို့ ဂရန်ခွဲထုတ်ကြောင်းကို မူလမြေငှားဂရန်စာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။
(ဋ) ။ မြေအမည်ပေါက်ပြောင်လဲပေးရန် လျှောက်ထားခြင်း ======================== ၁။ မြေပိုင်မြေ မစိုက်ပျိုးမြေ ဘိုးဘွားပိုမြေ ဂရန်ရှိ မြေပိုင်မြေနှင့် သက်တမ်းရှိ မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောာင်းလဲမှတ်သားပေးပါသည်။
၂။ ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ် မြေငှားဂရန် မြေပိုင်မြေဖြစ်က အမည်ပေါက်စာချုပ် (နောက်ဆုံးထမ်းဆောင်ထားသည့် မြေခွန်ပြေစာ ) တရားရုံးအမိန့် ဒီကရီတင်ပြလျှောက်ထားရပါမည်။
၃။ ဌာနမှ စီစစ်၍ ကန့်ကွက်ချက်မရှိက သတ်မှတ်ဝန်ဆောင်ခပေးးသွင်းစေပြီးး စာချုပ်မှုရင်း (သို့) မြေငှား ရရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ် တမ်း ရေးဖြည့်၍ ပြည်လည်ထုတ်ပေးပါသည်။
၄။ ဂရန်မြေဖြစ်က မြေခွန်စည်းကြပ်နိုင်ရေးအတွက် အမည်ပြောင်း ဆက်လက်ဆောင်ရွက်ပါသည်။
(ဋ) ။ အခွန်လွတ်သာသနာမြေ လျှောက်ထားခြင်း ====================== - မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံ ၂ ချပ်နှင့် ရာဇဝင် ၁ ချပ် - မြေပိုင်ဆိုင်ကြောင်း အထောက်အထား - မြေပိုင်မြေဖြစ်က သာသနာ့မြေပြုလုပ်သော မြေကွက်ကို အစားရသို့ အာလယ အပြီးအပြတ် စွန့်လွှတ်ကြောင်းမှတ်ပုံတင်စာချုပ် - ဂရန်ဖြစ်က ထိုမြေအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ပြန်လည်အပ်နှံပြီး ဖြစ်ကြောင်း အကြောင်းကြားစာ - မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် - လျှောက်ထားသူ၏ သာသနာ့ဝန်မှတ်တမ်းဓာတ်ပုံ - သာသနာရေးဦးစီးဌာန ၏ ထောက်ခံချက် ကန့်ကွက်ရန် ကြော်ငြာအရ ကန့်ကွက်မှုမရှိက သာသနာရေးဦးစီးဌာန၏ သဘောထားမှတ်ချက် ရယူ၍ ခွင့်ပြုက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါမည်။ အထက်ပါအချက်များ ပြည့်စုံက ပြည်ထဲရေးဝန်ကြီးဌာန သို့ သဘောတူခွင့် ပြုချက်ရယူရန် ဆက်လက်တင်ပြပြီး ခွင့်ပြုက သာသနာ့ဂရန် ထုတ်ပေးပါသည်။
(ဍ) ဗုဒ္ဒသိမ်ဂရန် လျှောက်ထားခြင်း =============== သာသနာ့မြေအတွင်းတွင် ဗုဒ္ဒသိမ်ဂရန် လျှောက်ထားရန် အောက်ပါအထောက်အထားများတင်ပြရပါမည်။ - ကျောင်းထိုင်ဆရာတော်၏ သိမ်ဒါယကာ ဒါယိကာမ ခန့်စာ - သိမ်မြေပုံစံ - မြေပိုင်မြေဖြစ်က မှတ်ပုံတင်စွန့်လွှတ်စာချုုပ် - သိမ်တည်ရှိရာနေရာ၏ မြေတိုင်းမြေပုံ - လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူနှင့် ကျောင်းထိုင်ဆရာတော်၏ သာသနာ့ဝန် မှတ်တမ်း - ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမုူး၏ ထောက်ခံချက် - ရပ်ကွက် မြို့နယ်နှင့် တိုင်သံဃနာရက အဖွဲ့၏ ထောက်ခံချက် - ဌာနမှ စိစစ်ပြီးနောက် ကန့်ကွက်ရန် ကြော်ငြာအရ ကန့်ကွက်မှုမရှိက သာသနာရေးဦးစီးဌာန၏ခွင့်ပြုချက်ရယူ၍ ခွင့်ပြုက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါမည်။ အထက်ပါအချက်များပြည့်စုံက ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ရယူရန် ဆက်လက်တင်ပြပြီး သဘောတူက ဗုဒ္ဓသိမ်ဂရန် ထုတ်ပေးပါသည်။
(ဎ) သက်သေခံမြေပုံရာဇဝင် လျှောက်ထားခြင်း ===================== လျှောက်ထားနိုင်သည့်မြေများ ရွာမြေ ဥယျာဉ်ခြံမြေ စိုက်ပျိုးမြေမှ အပ အခြားသော မြေအမျိုးအစားများအတွက် အောက်ပါမှန်ကန်ကြောင်းသက်သေခံ မြေပုံရာဇဝင် (Certified map) များ လျှောက်ထားနိုင်ပါသည်။ က။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် ခ။ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် ဂ။ ပစ္စည်းခွဲဝေခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ဃ။ မြေကွက်လဲလှယ်ခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် င။ မှတ်တမ်းအဖြစ်ထားရှိရန် ဆ။ စွန့်လွှတ်စာချုပ်ချုုပ်ဆိုရန် ဇ။ ဘဏ်ငွေချေးရန် ဈ။ အဆောက်အဦး ဆောက်ရန် ည။ အဆောက်အအုံအကြီးစားပြင်ဆင်ရန် ဋ္ဋ။ ခြံစည်းရုံးကာရန် ( မြေတိုင်းမြေပုံ ပူးတွဲလျှောက်ထားရန်) ဋ္ဌ။ အဝီစိတွင်းတူးရန် ဍ။ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းစာချုပ်ချုုပ်ဆိုရန် ပ။ မြေကွက်ခွဲစိတ်ရန် ဏ။ ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန် တ။ လှူဒါန်းခြင်းမှတ်ပုံတင်စာချုပ် ချုုပ်ဆိုရန် ဖ။ မြေတိုင်းမြေပုံလျှောက်ထားရန် စသည်တို့ဖြစ်သည်။
(၂) မြေပုံရာဝင်လျှောက်ထားနိုင်သူများ ================= ဂရန် သို့ မြေပိုင်မြေအမည်ပေါက်သူ မှတ်ပုံတင်အရောင်းစာချုပ်ဖြင့်ဝယ်ယူထားသူ အမွေဆက်ခံသူ များနှင့် တရားရုံး အမိန့် ဒီကရီ ရရှိသူများ လျှောက်ထားနိုင်ပါသည်။
(၃) မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် အကျုံးဝင်သူများ မြေပုံရာဇဝင် လျှောက် ထားခြင်း ========================== (က) ခင်ပွန်း သို့ ဇနီး ကွယ်လွန်က အမွေခံဇနီး သို့ ခင်ပွန်းမှ လျှောက်ထားရန်။ မိဘများ ကွယ်လွန်က ကိတ္တိမသားသမီးများအပါအဝင်သားရင်းသမီးရင်းများမှ လျှောက်ထားရပါမည်။ (ခ) လျှောက်ထားသူများ၏ အမွေဆက်ပိုင်ဆိုင်ကြောင်း တရား ရုံးကျမ်း ကျိန်လွှာ တစ်ရပ်ကွက်တည် အတူနေသူနှစ်ဥိး၏ အမွေဆက်ခံခွင့်ရှိကြောင်း ထောက်ခံသည့် တရားရုံးကျမ်းကျိန်လွှာ (Supporting Affidavits) တင်ပြလျှောက်ထားရပါမည်။ (ဂ) ကျန်အမွေဆက်ခံခွင့် ရှိသူများသည် အမွေဆက်ခံရေးလမ်းကြောင်းအရ ဖြစ်စေ တရားစီးရင်ရေး နည်းလမ်းအရဖြစ်စေ တရားရုံးမှ ပိုင်ဆိုင်ခွင့် နှင့် စပ်လျှဉ်း၍ မှတ်ယူသည် အမိန့် (သို့ )ဒီကရီ ပူတွဲလျှောက်ထားရမည်။
(၄) မြန်မာဓလေ့ထုံးတမ်း ဥပဒေနှင့်အကျုံးမဝင်သူများ မြေပုံရာဇဝင် လျှောက် ထားခြင်း =============================== (က) ဥပဒေတစ်ရပ်ရပ်အရ သီးခြားပြဌာန်းထားခြင်းမရှိလျှင် စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက ထုတ်ပေး သည့် အမွေထိန်းလက်မှတ်စာ တင်ပြလျှောက်ထားရမည်။ (ခ) အမွေဆက်ခံခြင်းဥပဒေ ပုဒ်မ ၂၁၃ (၂) အရ သေတမ်းစာ ရေးခွင့်ရှိသူတစ်ဦးသည် သေတမ်းစာရေးသား ခဲ့ပါက ထိုသူကွယ်လွန်လျှင် အမွေကြီးကြပ်သူက သေတမ်းစာအတည်ပြုလက်မှတ် ကို စီရင်ပိုင်ခွင့်ရှိ တရားသို့ လျှောက်ထားရယူ၍ တင်ပြရမည်။ (ဂ) အမွေဆံခံခြင်းဥပဒေ ပုဒ်မ ၃၀၇ ၊ ၁၊ ၂ အရ တရားရုံး၏ ခွင့်ပြုချက် လိုအပ်သည့် ကိစ္စများကို အမွေကြီး ကြပ်သူ (သို့ )အမွေထိန်းလက်မှတ်စာ ရရှိသူတစ်ဦးသည်မရွေ့မပြောင်းနိုင်သည့် ပစ္စည်းထုခွဲရောင်းချခြင်း ပေါင်နှံခြင်း မေတ္တာဖြင့် ပေးကမ်းခြင်း ပစ္စည်းဖလှယ်ခြင်းတို့အတွက် မြေပုံရာဇဝင်လျှောက်ထားလိုက တရား ရုံး၏ သီးခြားခွင့်ပြုမိန့်ရယူတင်ပြရပါမည်။
(၅) မြေပုံရာဇဝင်လျှောက်ထားရာတွင် တင်ပြရမည် အထောက်အထားများ ======================== (က) ဌာနမှ သက်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်မူရင်း (ခ) မြေနှင့် သက်ဆိုင်သည့် ပိုင်ဆိုင်မှုအထောက်အထားများ ၊ ဂရန်မူရင်း မြေပိုင်မြေဖြစ်က မြေအမည်ပေါက် ဆင့်ဆင့် လွဲှပြောင်းသည့် မှတ်ပုံတင်စာချုပ် အဆက်အစပ်မူရင်းများ (ဂ) ဂရန်မြေဖြစ်က နောက်ဆုံးကွာတာ ထမ်းဆောင်ထားသည့် မြေခွန်ပြေစာ (သို့) ကြွေးကျန်ကင်းရှင်း ကြောင်း (သို့) မြေခွန်စည်းကြပ်ခြင်းမရှိသေးကြောင်းသက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမူရင်း (ဃ) အမည်ပေါက်ကွယ်လွန်က ဥပဒေနှင့် ဆက်ခံခွင်ရှိသည့် အမွေခံများ (ဇနီး၊ ခင်ပွန်း၊ သား ၊ သမီးများ)၏ ပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်လွှာနှင့် တစ်ရပ်ကွက်တည်း အတူနေထိုင်သူနှစ်ဦး၏ ထောက်ခံသည့် တရားရုံးကျမ်းကျိန်မူရင်း ကွယ်လွန်သူ၏ ကျမ်းမာရေးဦးစီးဌာနမှ ထုတ်ပေးသည့်သေစာရင်းမူရင်း (င) သက်တမ်းနှစ်ကျော်လွန်သည့် ကိုယ်စားလှယ်လွဲှစာ (SP၊ GP) ဖြင့် လျှောက်ထားက လွဲှစာပေးသူသည် သက်ရှိထင်ရှားရှိကြောင်း အဆိုပါ ကိုယ်စားလှယ်လွဲှစာကို ယနေ့ထက်တိုင်ပြန်လည်မရုပ်သိမ်းခြင်း မှန်ကန် ကြောင်း တရားရုံးကျမ်းကျိန်လွှာမူရင်း (စ) ပိုင်ဆိုင်မှုနှင့် ပက်သက်၍ တရားရုံးစီရင်ချက်နှင့်ဒီကရီမူရင်း (ဆ) မှတ်ပုံတင်ထားသည့် စာချုပ်အဆင့်ဆင့် မူရင်း (မှတ်ချက်- ဌာနမှ အထောက်အထား မိတ္တူများကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍ လက်ခံပါသည်။)
(၆) မြေပုံရာဇဝင် ထုတ်ပေးခြင်း ============= (က) လျှောက်ထားသည့် မြေကွက်နှင့် ပတ်သက်၍ သက်ဆိုင်သူများမှ ကန့်ကွက်ချက်မရှိခြင်း (ခ) ဌာနဆိုင်ရာ တားမြစ်ချက်မရှိခြင်း (ဂ) တရားရုံး တားဝရမ်းမရှိခြင်း (ဃ) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းလွဲှပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့်ငြိစွန်းမှု မရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေ၍ မြေပုံရာဇဝင် ထုတ်ပေးပါသည်။
(၇) လိုင်စင်မြေ ပါမစ်မြေနှင့် ကျူးလွန်ခြင်းမြေများ၏ အခွင့်အရေး =========================== အဆောက်အဦး ဆောက်လုပ်ရန် အကြီးစားပြင်ဆင်ရန် ခြံစည်းရိုးကာရန် အဝီစိတွင်တူးရန်အတွက်သာ မြေပုံရာဇဝင် ထုတ်ပေးပါသည်။
(၈) မြေအမည်ပေါက်သာ လျှောက်ထားရမည့် ကိစ္စများ ====================== အဆောက်အဦးအဆောက်လုပ်ရန် အကြီးစားပြင်ဆင်ရန် ခြံစည်းရိုးကားရန် အဝီစိတွင်းတူးရန် ဘဏ်ငွေ ချေး ရန် ကိစ္စအတွက် မြေပုံရာဝင်ကို မြေပုံရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သးများကသာ လျှောက် ထားနိုင်ပါသည်။
(၉) စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံရာဇဝင်လျှောက်ထားခြင်း ==================== စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်ပါသည် ။
(၁၀) ကျူးလွန်ခြင်းပြမြေပုံရာဇဝင် ================ မြေတိုင်းမြေပုံရရှိပြီး သူကသာ လျှောက်ထားနိုင်ပါသည်။
(၁၁) မြေကွက်စိတ်ခြင်း ======== မြေပိုင်မြေ ဘိုးဘွားပိုင်မြေ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ မြေကွက်ခွဲစိတ်ရန် လျှောက်ထားခွင့်ရှိပါသည်။
(၁၂) သက်တမ်းကုန် ဂရန်မြေ ============= အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာချုုပ်ချုပ်ဆိုရန်အတွက်သာ မြေပုံရာဇဝင်လျှောက်ထားခွင့် ရှိပါသည်။
(၁၃) မြေတိုင်းမြေပုံလျှောက်ထားခြင်း =============== (က) ဥယျာဉ်ခြံမြေ ရွာမြေ နှင့် စိုက်ပျိုးမြေများမှ အပမြေတိုင်မြေပုံ ထုတ်ပေးပါသည်။ မှတ်ပုံတင်စာချုပ်စာတမ်း နောက်ဆုံးထမ်းဆောင်ထားသည့် မြေခွန်ပြေစာ အမည်ပေါက်မဟုတ်က ပိုင်ဆိုင်မှုအထောက်အထားများ တရားရံးအမိန့်နှင့်ဒီကရီ (ခ) ဌာနမှ ထောက်အထားမိတ္တူများအား မှုရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပါသည်။ (ဂ) လျှောက်ထားသူတင်ပြသည့် အထောက်အထားနှင့် မြေစာရင်း ရှိ အထာက်အထား ကိုက်ညီ ကြော်ငြာစာတွင် သိရှိကြောင်းလက်မျှွှ်ရေးထိုးရမည်ဖြစ်ပြိးကန့်ကွက်မူ မရှိက သတ်မှတ် ဝန်ဆောင်ခပေးသွင်း စေ၍ မြေတိုင်တာပေးပြီး မြေတိုင်းမြေပုံ ထုတ်ပေးပါသည်။
(၁၄) ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားခြင်း ================= မြေတိုင်းပြီးကျူးလွန်ခြင်းရှိက ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားနိုင်ပါသည်။
(ဏ) မြေကွက်ခွဲစိတ်ခြင်း ========= ၁။ မြေပိုင်မြေ ဘိုးဘွားပိုင်မြေ (အိမ်ယာမြေ) ဂရန်ရှိ မြေပိုင်မြေနှင့် မြေငှားဂရန်မြေများကို မြို့မြေစာရင်းတွင် ခွဲစိတ်ပေးပါသည်။ ၂။ မျက်နှာစာ ၂၀ ပေရှိရမည်ဖြစ်ပြီး ဧရိယာ ( ၁၂၀၀) စတုရန်းပေရှိရပါမည်။ ၃။ မြေကွက်အတွင်းသို့ ဝင်ထွက်ရန် လမ်းရှိရမည်။ မရှိက ပုဂ္ဂလိက လမ်း လျာထားပေးရမည်။ ၄။ မြေကွက်ခွဲစိတ်မျိုးနှင့် မြေပြင်ရှိအဆောက်အအုံတို့ ကင်းလွတ်မှုရှိရမည်။ ၅။ တစ်နှစ်အတွင်း သက်တမ်းရှိမြေတိုင်းမြေပုံမိတ္တူ ဂရန်မြေဖြစ်က လိုင်စင်ရ အင်ဂျင်နီယာရေးဆွဲထားသည့် မြေကွက်ခွဲစိတ်ရန် အဆိုပြုမြေပုံ ၃ စုနှင့် အသေးစိတ်တွက်ချက်မှုပုံစံ ၃ စု မှုရင်းများ တင်ပြရမည်။ မြေပိုင်မြေဖြစ်က အင်ဂျင်နီယာ အဆောက်အအုံမှ ခွဲစိတ်အတည်ပြုပုံတင်ပြရပါမည်။ ၆။ အထောက်အထားများ ပြည့်စုံလျှင် ဌာနမှ ကွင်းဆင်းစစ်ဆေး တိုင်းတာပါသည်။ ၇။ သတ်မှတ်ချက်နှင့် အညီ မှန်ကန်က သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီးမြေကွက်ခွဲ အတည်ပြုပုံစံနှင့် မြေကွက်ခွဲစိတ်တိုင်တာသည့် မြေပုံထုတ်ပေးပါသည်။ ၈။ ဌာနရှိမြေကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင် ဦးပိုင်အသစ်များ ခွဲစိတ်မှတ်သားပါသည်။ ၉။ ခွဲစိတ်သည့် မြေကွက်သည် ဂရန်မြေဖြစ်က ခွဲဂရန် ဆက်လက်ဆောင်ရွက်ရန်နှင့် မြေပိုင် မြေဖြစ်က အမှားပြင်စာချုပ် ချုပ်ဆိုရပါမည်။
(တ) ပါမစ်နှင့် မြေငှားဂရန် အစာချုပ်အမျိုးအစားများ ===================== (၁) မြေချပါမစ်တွင် ပါဝင်သည့် အချက်အလက်များ ၁။ မြေယာဌာန၏ ရုံးတံဆိပ်အဝိုင်း ရိုက်နှိပ်ထားသည့် မြေကွက်အမည်ပေါက် (သို့) မိသားစုဓာတ်ပုံ မှုရင်း ဓာတ်ပုံနောက်ကျောတွင်မြေယာဦးစီမှူး၏ လက်မှတ်ပါရှိသည်။ ၂။ ရွှေ့ပြောင်းမည့်သူများ၏ ရာဇဝင်အကျဉ်း ၃။ အိမ်ယာဆောက်လုပ်နေထိုင်ခွင့် ၄။ မြေနေရာချထာပေးခံရသူ၏ မှီခိုသူများစာရင်း စသည်တို့ဖြစ်သည်။ (၂) မြေငှားစာချုပ်တွင် ပါဝင်သည့်အချက်အလက်များ ၁။ အမှုတွဲအမှတ်( ) အရ ထုတ်ပေးသည့် ခုနှစ် အငှားစာချုပ်ရသူ အမည်။ အဖအမည် နိုင်ငံသား စီစစ်ရေးကတ်အမှတ်နှင့် နေရပ်လိပ်စာ ။ နှစ် ၆၀ အတွက်အငှားချသည်။ ၂။ အပိုပဋိညာဉ်ခံချက်များ ၄။ ခွင့်ပြုပြီးမြေပုံ စသည်တို့ဖြစ်ပါသည်။ မှတ်ချက်- မြေငှားစာချုပ်မှာ ကတ်ပြား ၂ ချပ်နှင့် မြေပုံစာရွက် တစ်ရွက်ပါရှိသည်။ (တောင်ဒဂုံ ၊ မြောက်ဒဂုံ စသည်) (၃) မြေငှားဂရန် စာချုပ်တွင် ပါရှိသည့်အချက်အလက်များ ၁။ အမှုတွဲအမှတ် ( ) အရ ထုတ်ပေးသည့် ခုနှစ် အငှားစာချုပ်ရသူအမည် အဖအမည် နိုင်ငံသား စိစစ်ရေးကတ်အမှတ်နှင့် နေရပ်လိပ်စာ နှစ် ၆၀ အတွက် အငှားချသည်။ ၂။ အပို ပဋိညာဉ် ခံချက်များ ၃။ အငှားစာချုပ်ရသူ၊ သက်သေ ၂ ဥိးနှင့် ဌာနမှူး ဒုတိယဌာန မှူးတို့ ရေးထိုးထားသည့်လက်မှတ် စသည်တို့ဖြစ်သည်။ မှတ်ချက်။ (၁) မြေငှားစာချုပ်မှာ စာမျက်နှာ ၆ မျက်နှာ ပါရှိပြီး စာအုပ်သဖွယ် အနှောင့်အစိမ်း ကပ်ထားပါသည်။ (၂) ယခင်ပါက အမည်ပြောင်းကို စာမျက်နှာ ၁၊ ၂ တို့တွင် မင်နီဖြင့် ကန့် လန့်ဖြတ်ရေးသား၍ ဒုတိယ ဌာနမှူး လက်မှတ်ရေးထိုးပါသည်။ ယခုအခါ အမည်ပေါက်လွဲှပြောင်းခြင်းမှတ်တမ်းဖြင့် အချပ်ပိုတစ်ရွက် ထည့်ပေးပါသည်။ (၃) လုံခြုံရေးအဆင့် ပါရှိသည့်နှစ် ၆၀ ဂရန်သစ်များ ၂၀၁၁ ခုနှစ်မှစ၍ ထုတ်ပေးပါသည်။ စာ (၈) မျက်နှာပါရှိသည်။ [ စာညွှန်း- ဦးမြင့်လွင်(တရားလွှတ်တော်ရှေ့နေ)၊ စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆို နည်းလမ်းညွှန်၊ စာ ၈၉ မှ ၉၇ ] ။
#DVBlawlab

Comments