တရားမမှု လက်တွေ့စစ်ဆေးနည်း

တရားမကျင့်ထုံးမှာ ပုဒ်မ (၁၅၃)ခု အမိန့်(၅၄)ခု၊ နည်းဥပဒေ (၁ဝဝဝ)ကျော်ရှိပါတယ်။


တရားမကြီးမှု(ပင်ရင်းဥပဒေနှင့်စွဲသောအမှု)


(က)တရားမကြီးမှု ယျေဘူယျအားဖြင့်အဆင့်(၆)ဆင့်ရှိပါတယ်။

၁။တရားလိုကအဆိုလွှာတင်သွင်းခြင်း

၂။တရားပြိုင်က ချေလွှာတင်ခြင်း

၃။ငြင်းချက်ထုတ်ခြင်း

၄။နှစ်ဖက်သက်သေခံချက်များရယူခြင်း

၅။နှစ်ဖက်လျောက်လဲချက်များကြားနားခြင်း

၆။စီရင်ချက်ချမှတ်ခြင်းဒီကရီရေးဆွဲခြင်း

(ခ)ဇာရီမှု

(ဂ)တရားမအထူးအယူခံမှု

(ဃ)တရားမဒုတိယအယူခံမှု

(င)တရားမအေထြေထြအယူခံမှု

(စ)တရားမအေထွေထွေမှု

စသည်တို့ကတော့ တရားမမှုများဖြစ်သည်။


ဒီကရီ(၂)မျိူး


၁။ပဏာမဒီကရီ

၂။အျပီးသတ္ဒီကရီ

ဇာရီမှု = ဒီကရီကိုအကောင်အထည်ဖော်ပေးစေလိုမှု

တရားမအထွေထွေ=ကျင့်ထုံးဥပဒေနဲ့စွဲ

    

တရားမမှုဆိုသည်မှာ -

 

 ပြည်သူများကြားဖြစ်ပွားလေ့ရှိတဲ့ တရားမကြောင်းဆိုင်ရာအမှုတွေဖြစ်ပါတယ်။ 

ဥပမာ-အိမ်ငှားနှင်လိုမှု၊ အိမ်လခရလိုမှု၊ အမွေရလိုမှု၊ ပစ္စည်းခွဲဝေ ပေးစေလိုမှု၊ နစ်နာကြေးရလိုမှု၊ ချေးငွေပြန်ရလိုမှု၊ လင်မယားကွာလိုမှု၊ လင်ခေါ်လိုမှု၊ မယားခေါ်လိုမှု၊ ကတိပျက်လျော်ကြေးရလိုမှု၊ ကျူးကျော်သူအား နှင်ထုတ်လိုမှု၊ အိမ်၊ မြေ လက်ရောက်ရလိုမှု၊ အိမ်ဖျက်သိမ်း ဖယ်ရှားပေးစေလိုမှု၊ စာချုပ်ပယ်ဖျက်ပေးစေလိုမှု၊ ကလေး၏ဖခင် ဖြစ်ကြောင်း မြွတ်ဟကြေငြာပေးစေလိုမှု၊ စတဲ့အမှုတွေပါ။

 ပုဂ္ဂလိကအချင်းချင်းအကြား ငွေကြေး၊ ပစ္စည်း၊ ဂုဏ်သိက္ခာ၊ အခွင့်အရေး ဆိုင်ရာတွေရလိုကြောင်း တောင်းဆိုမှုတွေဟာ တရားမမှုတွေ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒ၊ အများနဲ့ဆိုင်တဲ့ မူဝါဒတွေအပေါ် တရားရုံးများက လက်ခံစစ်ဆေးခြင်း မပြုနိုင်ပါဘူး။ ပိတ်ပင်ထားပါတယ်။ မစွဲရဘူးလို့ အတိအလင်း ပိတ်ပင်မထားရင်တော့ တရားမမှု စွဲလို့ရပါတယ်။


တရားမမှုဖြစ်မြောက်ရန်လိုအပ်ချက်များ

   

၁။ တရားလို/တရားပြိုင်စသည့်အမှုသည်များ

၂။အချင်းဖြစ်အကြောင်းခြင်းရာ

၃။အချင်းဖြစ်ပစ္စည်း

၄။တောင်းဆိုလိုသော သက်သာခွင့်


တရားစွဲရန်နေရာ


 (က) သာမန်အားဖြင့် အမှုဖြစ်အကြောင်းခြင်းရာပေါ်တဲ့နေရာ၊ အိမ်မြေတည်ရာနေရာမှာ တရားစွဲရပါတယ်။

 ဥပမာ- ငွေချေးရင်ချေးတဲ့နေရာ၊ အိမ်နှင်ချင်ရင် အိမ်မြေတည်ရာနေရာမှာ တရားစွဲရပါတယ်။

 (ခ) သို့မဟုတ်ရင် တရားပြိုင်နေထိုင်၊ အလုပ်လုပ်ကိုင်ရာ၊ စီးပွားရှာရာ အရပ်ဒေသမှာလည်း တရားစွဲရပါတယ်။

 (ဂ) မြို့နယ်တရားရုံးမှာ အချင်းဖြစ်ပစ္စည်းတန်ဖိုးကျပ်သိန်း(၁ဝဝ)ထိ အမှုတွေစွဲဆိုနိုင်ပါသည်။

(ဃ) ခရိုင်တရားရုံးမှာ အချင်းဖြစ်ပစ္စည်းတန်ဖိုး ကျပ်သိန်း (၁၀ဝဝဝ)ထိ အမှုတွေ စွဲဆိုနိုင်ပါတယ်။

(င) တိုင်းဒေသကြီးတရားလွှတ်တော်နဲ့ ပြည်နယ်တရားလွှတ်တော်တွေမှာ ကျပ်သိန်း (၁၀ဝဝဝ)အထက် အမှုတွေ စွဲဆိုနိုင်ပါတယ်။


တရားစွဲဆိုပုံနည်းလမ်း


 တရားမမှုဟာ ပြစ်မှုများလို ရဲစခန်းတိုင်တန်းတဲ့နည်း၊ ရုံးဦးတိုက်လျှောက်တဲ့နည်းနဲ့ တရားစွဲလို့ မရပါဘူး။

 ဒေသဆိုင်ရာ စီရင်ခွင့်၊ ငွေကြေးဆိုင်ရာစီရင်ခွင့်ရှိတဲ့ တရားရုံးကို သက်သာခွင့်ရလိုတဲ့ တရားလိုက အဆိုလွှာတင်သွင်း တရားစွဲဆိုရပါတယ်။

 အဆိုလွှာမှာ ဥပဒေအရ သတ်မှတ်ထားတဲ့အချက်အလက်တွေကို အကျဉ်းချုပ် ဖော်ပြရပါတယ်။

 အဆိုလွှာမှာ အမှုတန်ဖိုးအလျောက် တရားလိုကရုံးခွန်ထမ်းဆောင်ရပါတယ်။


အမှုသည်


 တရားစွဲဆိုတဲ့လူကို (တရားလို)၊ တရားစွဲဆိုခံရတဲ့လူကို (တရားပြိုင်)လို့ ခေါ်ပါတယ်။ ဒီတရားမမှုတွေမှာ နိုင်ငံတော် မပါဝင်ပါဘူး။ နိုင်ငံတော်ကို အခွန်ထမ်းဆောင်ပြီး တရားလိုက သက်သာခွင့်လာရောက် တောင်းဆိုတာ ဖြစ်တယ်။

တရားမမှုအစကျင့်ထုံးပုဒ်မ ၂၆ က 

အဆိုအချေတို့နှင့်ပက်သက်လျှင် တရားမကျင့်ထုံးဥပဒေပုဒ်မအမိန့်၆/

နည်(၁)မှ  (၁၈) အထိလိုက်နာရမည်။ 


ကျင့်ထုံးပုဒ်မ၂၆


စီရင်ပိုင်ခွင့်/အမှုအမျိူးအစားကို အဆိုနှင့်ပါရှိသည့်စွပ်စွဲချက်များအတိုင်းသာ ဆူံးဖြတ်ရမည်။(ဦးချစ်ဖေပါ-၂နှင့် ဒေါမြမေ /၁၉၉၆ /မတစ/ စာ ၇၁၀)

 အဆိုလွှာနှင့်ပက်သက်လျှင် အမိန့် ၇ နည်း (၁) မှ (၁၈)အထိလိုက်နာရမည်။

အဆိုလွှာတစ်စောင်ရေးသားမည်ဆိုလျှင် တရားမကျင့်ထုံးဥပဒေပုဒ်မ ၉ အရ ပိတ်ပင်ထားသော အမှုများစွဲဆိုခွင့်မရှိ။

အဆိုလွှာတစ်စောင် ရေးသားမည်ဆိုလျှင် အမိန့်၄/နည်း၁ ၊ ၂ တို့ကိုသိထားရန်လိုသည်။

အဆိုလွှာတစ်စောင်ကို အမိန့်ရ/နည်း၁(က) မှနည်း၁(ဈ) ထိ တိကျစွာလိုက်နာရန်လိုသည်။


ဆိုလွှာရေးသားမှတ်ရန်


ရုံး/နှစ်/လိပ်/ငယ်|ရူး/ခေါင်း/ကြောင်း/စီ/ခွန်/သက်/လက်/ဝန်/စာ 


ရုံး = (စီရင်ပိုင်ခွင့်ရှိသောတရားရုံး)

စီရင်ပိုင်ခွင့်ရှိသော မြို့နယ်တရားရုံး/ခရိုင်တရားရုံး/တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်/ပြည်ထောင်စုတရားလွှတ်တော်ချူပ်ဟူ၍ စသဖြင့် ဖော်ပြရမည်။ 

(ကျင့်ထုံးဥပဒေပုဒ်မ  ၁၅/၁၆/၁၇ /၁၈/ ၁၉/၂၀ /၂၁ နှင့်သက်ဆိုင်သည်။)

တရားမမှုများကို စီရင်ပိုင်ခွင့်ရှိသော အနိမ့်ဆုံးတရားရုံးတွင် စတင်စွဲဆိုရမည်။(ကျင့်ထုံးပုဒ်မ ၁၅)

မို့နယ်တရားရုံးက စစ်ဆေးနိုင်သည့်အမှုကို အဆင်မြင့်တရားရုံးကစီရင်ခြင်းသည် လုပ်ထုံးလုပ်နည်း မကျခြင်းသာဖြစ်၍ အမှုမပျက်ပြယ်ပါ။ (ဦးအောင်မြင့်နှင့် ဒေါဦးခင်/ ၁၉၇၈/ မတစ/ စာ -၁၃၄)

မရွေ့မပြောင်းနိုင်သောပစ္စည်းနှုှင့်ပက်သက်၍ အချင်းဖြစ်ပစ္စည်းတည်ရှိရာဒေသတွင် တရားစွဲရမည်။(တရားရုံးများလက်စွဲအပိုဒ် -၁၂၆)


နှစ် = တရားစွဲဆိုသည့်ခုနှစ်

တရားစွဲဆိုသည့်ခုနှစ်ကိုဖော်ပြရမည်။ ဥပမာ-(၂၀၁၆ခုနှစ် တရားမကြီးမှုအမှတ် (၃၆) )


လိပ်= တရားလို/တရားပြိုင်တို့၏ လိပ်စာများတိတိကျကျဖော်ပြရမည်။

တရားလို၏လိပ်စာကို အမိန့်၅/ နည်း ၂၀-က(၁) အရ ဖော်ပြရမည်။

တရားပြိုင်၏လိပ်စာကို အမိန့်၅/နည်း ၂၀-က(၄)အရ အရေးယူခံရမည်။

လိပ်စာဖော်ပြရာတွင် ဥပစာအမှတ်/လမ်း/ရပ်ကွက်//မြို့နယ်/တိုင်းဒေသကြီး စသည်ဖြင့်ဖော်ပြရမည်။


ငယ်/ရူး = အမိန့်(၃) /နည်း(၁)

အမှုသည်များသည် အရွယ်မရောက်သေးသောသူ/ငယ်ရွယ်သူ/ရူးသွပ်သူ/အခွင့်ရကိုယ်စားလှယ်/တရားဝင်ကိုယ်စားလှယ်စသည်ဖြင့်ဖော်ပြရမည်။


ကိုယ်စားလှယ်(၂)မျိူးရှိသည်။

(၁) အခွင့်ရကိုယ်စားလှယ်

(၂)တရားဝင်ကိုယ်စားလှယ်


ခေါင်း = (တောင်းဆိုသောသက်သာခွင့်)        (အမိန့်၂/နည်း၂)

တရားစွဲဆိုလိုသည့်ခေါင်းစဉ်ကို လိုရင်းတိုရှငိး တိကျစွာ ဖော်ပြရမည်။ ဖြစ်ပျက်သည့်အကြောင်းအရာ/တောင်းဆိုသည့်သက်သာခွင့်က်ု မှန်ကန်ဖို့လိုသည်။


ကြောင်း = တရားစွဲဆိုရန်အကြောင်း

အမှုဖြစ်အကြောင်းအရာ(the Cause of Action) ကိုတိတိကျကျဖော်ပြရမည်။

အချင်းဖြစ်အကြောင်းအရာသည် မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်လျှင် ကြေးတိုင်နှင့်မြေစာရင်း မှတ်တမ်းဝင်နယ်နိမိတ်များ/အမှတ်များကို သီးခြားဖော်ပြရမည်။(ကျင့်ထုံးအမိန့်ရ/နည်း၃)

တရားစွဲဆိုရန်အကြောင်းပေါပေါက်သည့်နေ့ရက်ကို အတိအကျဖော်ပြရမည်။


စီ = (စီရင်ပိုင်ခွင့်)(နယ်မြေ/အမှုတန်ဖိုး)

တရားစွဲဆိုသည့်ရူံး၌ စီရင်ပိုင်ခွင့်ကျရောက်ကြောင်း ရွှေ့ပြောင်းနိုင်သောပစ္စည်း/မရွှေ့မပြောင်းနိုင်သောပစ္စည်း/လူ/လျော်ကြေးရလိူမှု/တရားပြိုင်အမြဲနေထိုင်ရာအရပ်/အလုပ်လုပ်ကိုင်ရာအရပ်/စီးပွားရှာရာအရပ်စသည်ဖြင့်ဖော်ပြရမည်။

စီရင်ပိုင်ခွင့်ရှိ/မရှိ အငြင်းပွားလျှင် တရားရုံးက ကနဦးဆုံးဖြတ်ရမည်။


ခွန် = ရုံးခွန်ကိုဝ.၅%ထမ်းဆောင်ရမည်။

ရုံးခွန်အလို့ငှာလည်းကောင်း/စီရင်ပိုင်ခွင့်အလို့ငှာလည်းကောင်း အမှုတန်ဖိုးကိုကွဲကွဲပြားပြားဖော်ပြရမည်။အမှုအများအပြားတံင် ထိုတန်ဖိုးနှစ်ခုမှာ မတူနိုင်သည့် အတွက်သီးခြားဖော်ပြရန်လိုသည်။


သက် = သက်သာခွင့်

တောင်းဆိုလိုသောသက်သာခွင့်ကို တစ်ခုမဟုတ်တစ်ခုတောင်းဆိုနိုင်သည်။မိမိတောင်းဆိုလိုသောသက်သာခွင့်ကို မရနိုင်ပါက အခြားမည်သည့်သက်သာခွင့်ကိုရလိုကြောင်း ဆိုလွှာတွင်အတိအလင်းဖော်ပြရမည်။(အမိန့်ရ/နည်းရ)


လက် = (တရားလို/ကိုယ်စားလှယ်၏လက်မှတ်)

တရားလို လက်မှတ်ရေးထိုးရမည်။ ကိုယ်စားလှယ်ဖြင့်စွဲဆိုပါက ကိုယ်စားလှယိလက်မှတ်ရေးထိုးရမည်။ ရှေ့နေပါဝင်လျှင် ရှေ့နေလက်မှတ်ရေးထိုးရမည်။

အခွင့်အာဏာလွှဲအပ်ထားခြင်းမရှိသူက လက်မှတ်ရေးထိုးထသောအဆိုအချေသည် တရားမဝင်ပါ။


ဝန် = ဝန်ခံချက်

ဝန်ခံချက်ကိုရေးသားရမည်။ ဆိုလွှာအပိုဒ် (၁)မှ (၁၆)ထိပါ အချက်များ ကိုယ်တိုင်သိရှိ မှန်ကန်ကြောင်းနှင့် ကျန်အချက်များ ကြားသိချက်များအရ မှန်ကန်ကြောင်း (_____) ရက်နေ့တွင် ရန်ကုန်မြို့အရပ်၌ ဝန်ခံလက်မှတ်ရေးထိုးပါသည်။(အမိန့်၆/ နည်း၁၅)


စာ=(အမိန့်ရ /နည်း၁၆)       ( အမိန့်ရ /နည်း ၁၈) 

      (သက်သေခံအက်ဥပဒေပုဒ်မ ၁၆၄)

ဆိုလွှာကို ပြည့်စုံအောင် ရေးသားပြီးလျှင် သက်ဆိုင်ရာတရားရုံးသို့ တင်သွင်းရမည်။ဆင့်စာခပေးသွင်းလျှင် တရားပြိုင်အားဆင့်ခေါမည်။


တရာပြိုင်ထံသမ္မန်စာ ထုတ်ဆင့်ခြင်း


ဆင့်စာအတည်ဖြစ်လျှင် (အမိန့်၅/နည်း၁)အရ

(၁)တရားပြိုင်ကိုယ်တိုင်ဖြစ်စေ

(၂)တရားပြိုင်၏ရှေ့နေဖြစ်စေ

(၃)တရားပြိုင်၏အခွင့်ရကိုယ်စားလှယ်နှင့်ရှေ့နေပါ၍ဖြစ်စေ တရားရုံးသို့လာရောက်နိုင်သည်။


အခွင့်ရကိုယ်စားလှယ် (၃)မျိူး

(၁)Special Power(အထူးကိုယ်စားလှယ်လွှဲစာ)

(၂)General Power(အထွေထွေကိုယ်စားလှယ်လွှဲစာ)

(၃)Court Power(တရားရုံးကိုယ်စားလှယ်လွှဲစာ)

👉အခွင့်ရကိုယ်စားလှယ်သည် ကိုယ်စားလှယ်လွှဲစာ တစ်မျိူးမျိူးဖြင့် လွှဲအပ်ပြီး ကျမ်းကျိန်လွှာနှင့်အတူ အမိန့်၃/နည်း ၁ အရ လျှောက်လွှာဖြင့်လျှောက်ထားရမည်။

👉ရှေ့နေတစ်ဦးသည် အမှုလိုက်ပါဆောင်ရွက်နိုင်ရန် တရားပြိုင်ထံ ဆိုလွှာရောက်ရှိလျှင် အမှုသည်နှင့် သက်သေတို့အား ကိုယ်တိုင်ခေါယူ မေးမြန်းရမည်။စာဖြင့်ရေးမှတ်ရမည်။အမှုသည်နှင့်သက်သေ တို့လက်မှတ်ထိုးထားရမည်။

👉အမှုသည်နှင့် တိုင်ပင်ဆွေးနွေးမှုမျာကို မသက်ဆိုင်သောသူများ မသိရှိအောင် ထိန်းသိမ်းပါ(သက်သေခံအက်ဥပဒေပုဒ်မ၁၂၆)

ရှေ့နေကိုယ်စားလှယ်လွှဲစာအပေါတွင် အမှုသည်အား မိမိရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ဗွေနိပ်ယူရမည်။

👉ပွဲစားမှတစ်ဆင့်ဖြစ်စေ/မိတ်ဆွေထံမှ တစ်ဆင့်ဖြစ်စေ မိမိကွယ်ရာတွင် လက်မှတ်ရေးထိုးပေးလိုက်ပါသည်ဆိုသော ရှေ့နေကိုယ်စားလှယ် လွှဲစာဖြင့်အမှုလိုက်ပါ ဆောင်ရွက်ခွင့်မရှိ။(တရားရုံးများလက်စွဲအပိုဒ် ၄၅၅)

👉ရှေ့နေ powerတင်ရမည်။ (အမိန့်၅/နည်း ၂၀-က(၂)) တင်ရမည်။

တရားရုံး၏ဆင့်စာရရှိလျှင် တရားပြိုင်၏ နေရပ်လိပ်စာအမှန်ကို ပထမဆုံးချိန်းဆိုသည့်နေ့၌ တရားရုံးသို့တင်သွင်းရမည်။

👉ဆိုလွှာတွင်ဖော်ပြထားသော လိပ်စာမှန်/မမှန် 

ဆိုလွှာတွင်ဖော်ပြထားသည့် တရားပြိုင်ဟုတ် မဟုတ်

အဆိုအချေတို့၌ ကျမ်းကျိန်လွှာတို့တွင် အားကိုးအားထားပြုသည့် စာမှတ်စာတမ်းများကို ကြည့်ရှုစစ်ဆေးကူးယူနိုင်ရန် တစ်ဖက်အမှုသည်သို့ အကြောင်းကြားစာပေးပို့နိုင်သည်။(အမိန့် ၁၁/ နည်း၁၅)

တရားရုံးက ထုတ်ဖော်ပြသရန် အမိန့်ချထားသည်ကို လိုက်နာရန်ပျက်ကွက်ပါက ပျက်ကွက်သူသည် တရားလိုဖြစ်လျှငိ ဆိုလွှာကိုပလပ်နိုင်သည်။

တရားပြိုင်ဖြစ်ပါက ခုခံချေပချက်ကို ပယ်ဖျတ်နိုင်သည်။(အမိန့်၁၁ နည်း၂၁)


ချေပလွှာတင်သွင်းခြင်း


ချေပလွှာကို သတ်မှတ်ထားသည့်အချိန် တင်သွင်းရမည်။

(အမိန့်၈ /နည်း ၁)

အဆိုလွှာတွင်ဖော်ထားသည့်အချက်များကို အမှတ်စဉ်တပ်၍ လိုရှင်းတိုရှင်း တိတိကျကျချေပရမည်။

ဝေ့လည်ကြောင်ပတ်မငြင်းရ/ဆင်ဝှေ့ရန်ရှောင်မငြင်းရ။(အမိန့်၈ နည်း၄)

တိတိကျကျမငြင်းလျှင် ဝန်ခံသည်ဟု မှတ်ယူရမည်။(အမိန့်၈ နည်း၅)

ချေပလွှာကို အချိန်မှီမတင်သွင်းနိုင်လျှင် တရားရုံးကမပျက်မကွက်ချေလွှာတငိသွင်းရန် ညွှန်ကြားရမည်။(အမိန့်၈ နည်း၉)

ထိုသို့မပျက်မကွက်တင်သွင်းရန် ညွှန်ကြားသည်ကို  မလိုက်နာ/ပျက်ကွက်ပါက တရားရုံးသည် ထိုအမှုသည်အပေါ အရှုံးပေးသည့်စီရင်ချက် ချမှတ်နိုင်သည်။(အမိန့် ၈  နည်း ၁၀)

ချေပလွှာကို ပြင်ဆင်ရန်လိုအပ်လျှင် ပြင်ဆင်ခွင့်လျှောက်ထားနိုင်သည်။အဆိုလွှာပြင်ဆင်မှုနှင့်ချေပလွှာပြင်ဆင်မှုတို့ သဘောသဘာဝမတူညီပါ။ချေပလွှာကို ခုခံရေးလမ်းကြောင်း အမျိူးမျိူးပြောင်း၍ ချေပခွင့်ရှိသည်။(အမိန့်၆ နည်း၁၇)

ချေပလွှာတွင် အားကိုးအားထားပြုသော စာမှတ်စာတမ်းများကို တရားလိုဘက်က ကြည့်ရှုစစ်ဆေး ကူးယူခွင့်ပြုရန်အကြောင်းကြားစာပေးပို့နိုင်သည်။(အမိန့် ၁၁ နည်း၁၅)

ချေပလွှာ တင်သွင်းပြီးလျှင် တရားပြိုင်ဘက်အား မေးခွန်းများ မေးမြန်းခွင့် လျှောက်ထားနိုင်မည်မဟုတ်။(အမိန့် ၁၁ နည်း ၁)


ငြင်းချက်


ငြင်းချက်(၂) မျိူးရှိသည်။

(၁)အကြောင်းခြင်းရာငြင်းချက်နှင့်

(၂)ဥပဒေငြင်းချက်  (အမိန့်၁၄ နည်း၁(၄))

အငြင်းပွားသည့်အချက်တိုင်းကို ငြင်းချက်ထုတ်ရန်မလို။(ဒေါကြူကြူနှင့် ဦးအောင်မြင့်/၁၉၈၀ မတစ စာ-၁)

ဥပဒေငြင်းချက်က်ို ပထမဦးစွာ ကြားနာစစ်ဆေးရသည်။(အမိန့်၁၄ နည်း၂)

👉ငြင်းချက်ထုတ်သည့်နေ့ကို ဦးစွာပထမ ကြားနာသည့်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် ငြင်းချက်မထုတ်မီ တရားရုံးက နှစ်ဘက်အမှုသည်အား တရားမကျင့်ထုံးဥပဒေ အမိန့်၁၀/နည်း၁ အရ လိုအပ်သလိုစစ်ဆေးနိုင်သည်။ 

အမှုကို ယင်းသို့ ဦးစွာပထမစစ်ဆေးခြင်းကြောင့် ယင်းနေ့ကို ဦးစွာပထမ ကြားနာရန် ချိန်းဆိုသည့် နေ့ဟုခေါ်

ဝေါ်ခြင်းဖြစ်သည်။ 

👉တရားမကျင့်ထုံးဥပဒေအမိန့် ၁၃။ နည်း၁တွင် ရည်ညွှန်းထားသော ဦးစွာပထမ ကြားနာရန် ချိန်းဆိုသည့်နေ့သည် အမှုသည်များအား အမိန့် ၁၀။နည်း ၁ အရ စစ်ဆေးသည့်နေ့ ဖြစ်သည်။ 

👉တရားမကျင့်ထုံးဥပဒေ တွင်ချေလွှာတင်ရန် သတ်မှတ်သောနေ့ သည် အမှုကိုကြားနာရန်ချိန်းဆိုသောနေ့ ဖြစ်သည်ဟု ပြဋ္ဌာန်းထားခြင်းမရှိချေ။

👉   "ကြားနာသည် " ဟူသော စကားရပ်သည် တရားရုံးရှေ့တွင် ကြားနာရမည့်သူ တစ်ဦးရှိကြောင်း ရည်ညွှန်းသည်။ 

သို့ဖြစ်ရာ ကြားနာသည်ဆိုခြင်းသည် ဆိုခြင်းတွင် သက်သေခံချက်များကိုရယူခြင်း။ လျှောက်လဲချက်များကြားနာခြင်း စသည်တို့အကျုံးဝင်သည်။ ချေလွှာတင်သည့် ကိစ္စ အကျံုးမဝင်ကြောင်း ယုံမှားဘွယ်ရာ မရှိချေ။ သို့ဖြစ်၍ ချေလွှာတင်ရန် သတ်မှတ်သောနေ့သည် အမှုကိုကြားနာရန် ချိန်းဆိုသည့်နေ့မဖြစ်နိုင်ချေ။

   ထို့ကြောင့် တိုင်းတရားရုံးက ချေလွှာတင်ရန် သတ်မှတ်သော နေ့တွင်တရားလိုဘက်မှ ရက်ချိန်းပျက်ကွက်သည်ကို အကြောင်းပြုပြီး တရားလိုစွဲဆိုသော အမှုကို တရားမကျင့်ထုံး

ဥပဒေ အမိန့် ၉။နည်း ၈ အရ ပလပ်ခြင်းမပြုနိုင်ပေ။

ဦးစိန်လှိုင် နှင့် ဦးမောင်မောင်အေးပါ (၂)။( ၁၉၈၆။ မတစ။ စာ-၁၃၇ )

တရားရုံးမှ ငြင်းချက်ထုတ်သောနေ့သည် အမှုအားစတင် ကြားနာသောနေ့ဖြစ်သည်။

ငြင်းချက်ထုတ်သည့်နေ့တွင် သက်သေခံအဖြစ် တင်သွင်းမည့် စာမှတ်စာတမ်းများကို တင်ပြရမည်။(အမိန့်၁၃/ နည်း၁)

ငြင်းချက်မထုတ်မှီ သက်သေများကိုဖြစ်စေ/စာရွက်စာတမ်းများကိုဖြစ်စေ တရားရုံးကကြည့်ရှုစစ်ဆေး နိုင်သည်။(အမိန့်၁၄/ နည်း၄)


မီးသေဆုံးဖြတ်ချက်(ပုဒ်မ၁၁)


တရားမကျင့်ထုံးပုဒ်မ ၁၁ တွင် ပြဌာန်းထားသည့် မီးသေဆုံးဖြတ်ချက်မှာ အမှုတစ်ခုခုကို ထပ်တလဲလဲစွဲဆိုခြင်းမှ ပိတ်ပင်လိုက်သော အယူမခံတော့သော နောက်ဆုံးအယူခံရုံးမှချမှတ်သော အပြီးသတ်အမိန့်ဖြစ်သည်။

ဆုံးဖြတ်ပြီးမှုခင်းကိစ္စဖြစ်ရန် အောက်ပါအချက်များ တူညီရန်လိုသည်။

၁။ တရားလိုတရားပြိုင်တူညီခြင်း

၂။ ကောက်ချက်တူညီခြင်း

၃။ အမှုအမျိုးအစား ထပ်တူဖြစ်ခြင်း

၄။ စီရင်ပိုင်ခွင့်အာဏာတူညီခြင်း

၅။ အပြီးသတ်ဆုံးဖြတ်ချက်တူညီခြင်း

နောက်ထပ်စွဲဆိုသည့်အမှုသည် ယခင်အလားတူအမှုနှင့် အထက်ပါ ၅ ချက်လုံးတူညီနေခဲ့သော် ယခင်အမှုတွင်ချမှတ်သော ဆုံးဖြတ်ချက်သည် မီးသေဆုံးဖြတ်ချက်ဖြစ်သွားသည်။ နောက်ထပ်စွဲလိုသည့်အမှုကို စွဲခွင့်မရတော့ပေ။


ပြန်လည်စွဲဆိုခွင့်ရှိသောအမှုများ


စံ၊ နို့ ၊ မစုံ၊ မှာ၊း မပေါ၊ မရှိ၊ ခွန်


စံ=အမှုပုံစံလွဲမှားခြင်း

နို့=နို့တစ်စာတရားမဝင်ခြင်း

မစုံ=အမှုသည် မစုံလင်ခြင်း

မှား=အမှုသည်များကို မှားယွင်းပူးတွဲထားခြင်း

မပေါ=တရားစွဲဆိုနိုင်ရန်အကြောင်း မပေါပေါက်ခြင်း

မရှိ=စီရင်ပိုင်ခွင့်မရှိခြင်း

ခွန်=ရူံးခွန် လုံလောက်စွာမထမ်းဆောင်ခြင်းတို့သည် မီးသေဆုံးဖြတ်ချက်များ မဟုတ်ပါ။(ဒေါသန်းသန်းပါ၃နှင့် ဒေါတီပါ ၃/ ၁၉၉၀/ မတစ/ စာ/ ၁၃၁)


အမှုကိုဆိုင်းငံ့ထားခြင်း


အမှုသည်ခြင်းတူ၍ အမှုဖြစ်ကြောင်းရာခြင်းတူရမည်။တောင်းဆ်ုသောသက်သာခွင့်တူညီရမည်။တစ်ရုံး/တစ်ထုံး/တစ်ဂါထာ /တစ်ရွာ /တစ်ပုဒ်စမ်း/ ဆုံးဖြတ်သာသည် နောက်ဆုံးဆုံးဖြတ်ချက် မဖြစ်ဖို့လိုသည်။

(က)အဆိုအချေ နှင့် ငြင်းချက်များတူညီနေလျှင်

(ခ)ပထမရုံးမှာ စွဲဆိုထားသောအမှုမှာ မပြီးပြတ်သေးဘဲ စစ်ဆေးေိဆဲဖြစ်လျှင်

(ဂ)အမှုခေါင်းစဉ်နှင့်တောင်းဆိုသည့်သက်သာခွင့်ခြင်းတူညီနေလျှင်

(ဃ)အမှုနှစ် မှုလုံးမှာ အမှုသည်ခြင်း ကိုယ်စားလှယ်ခြင်း တူညီနေလျှင် အမှုနှစ်ခုလုံးကို တစ်ပြိုင်တည်းမစစ်ဆေးရပါ။

ပထမရုံး၌စစ်ဆးမှုပြီးပြတ်သည်အထိ နောက်အမှုကိုဆိုင်းငံ့ထားရမည်။


ထပ်မံတရားစွဲဆိုခွင့်တားမြစ်ခြင်း(ပုဒ်မ၁၂)

     

တရားစွဲဆိုရန် အကြောင်းတစ်ရပ်နှင့် စပ်လျဉ်း၍ နောက်ထပ်အမှုစွဲဆိုခြင်းမပြုရန် နည်းဥပဒေများအရ ပိတ်ပင်ထားသော တရားလိုသည် တရားရုံးတစ်ရုံးတွင် အဆိုပါ တတရားစွဲဆိုရန်အကြောင်းနှင့် စပ်လျဉ်း၍ အမှုစွဲဆိုခွင့်မရှိစေရပါ။

👉အမိန့်၂ / နည်း၂

တရားစွဲဆိုရန် တောင်းဆိုချက်အချိူ့ကိုချန်လှပ်ထားခြင်း။

👉အမိန့်၉ /နည်း၈

တရားရုံးသို့ တရားလို/ပြိုင် လာ/မလာ။

👉အမိန့်၉ /နည်း၉

တရားလိုမလာ၍အမှုပလပ်ခံရခြင်း။

👉အမိန့်၉ နည်း၉အရလျောက်ထားသည့်ကိစ္စ


အမိန့်၉ နည်း၈အရ အမှုအားကြားနာရန်ချိန်းဆိုသည့်နေ့တွင် တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်၍ အမှုကို ပလပ်သည့် ဆုံးဖြတ်ချက် သည်တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂ (၂) (ခ)အရ တရားရုံးသို့မလာရောက်ခြင်းကြောင့် ပလပ်သည့်အမိန့်သည် ဒီကရီမဟုတ်ပါ။


ပလပ်သည့်အမိန့်ကိုလျောက်ထားခြင်း

အမိန့်၉ နည်း ၈ အရ အမှုကိုပလပ်သည့်အမိန့်ကို လရုံးတွင် နည်း၉ အရ လျှောက်ထားနိုင်သည့်အပြင် ထိုလျှောက်ထားချက်ကိုပယ်ဖျက်ပါကလည်း ထိုသို့ပယ်သည့်အမိန့်ကို နောက်တဆင့် မြင့်သညိ့တရားရုံးတွင် တရားမကျင့်ထုံးဥပဒေအမိန့် ၄၃(၁)(ဂ) အရ အယူခံဝင်နိုင်သည်။

(ဦးရင်ကြီးနှင့်ဦးရင်လတ်ပါ-၂၊၁၉၈၂ခုနှစ်၊ မတစ၊စာ ၇၉)


👉အမိန့်၉နည်း၈အရ အမှုအားပလပ်ခြင်းကို နည်း၉အရ လျောက်ထားနိုင်ပါသဖြင့် တရားလိုမလာသဖြင့်အမှုအားပလပ်သည့် ဆုံးဖြတ်ချက်သည် ဒီကရီ မဟုတ် မူလရုံးတွင်အပြီးပြတ်မဟုတ်သေးဟု ယူဆသည်။

👉တရားမမှုများ တွင်ချိန်းဆိုသည့်နေ့တွင် တရားလိုမလာသည့် အတွက်၎င်းတရားစွဲဆိုသည့် အဆိုလွှာအားတရားရုံးက ပလပ်နည်း(၂)မျိုးရှိပါသည်။

(၁)အမှုအားကြားနာရန်ခေါ်သော အခါမည်သည့်အမှုသည်မျှလာရောက်ခြင်း မရှိလျှင်တရားရုံးသည် တရားမကျင့်ထုံးဥပဒေ အမိန့်-၉ ၊ နည်းဥပဒေ-၃ အရအမှုကို ပလပ်ကြောင်း အမိန့်ချနိင်ပါသည်။

(၂)အမှုကြားနာရန်ခေါ်သည့် အချိန်တွင်တရားပြိုင်လာရောက်၍ တရားလို မလာရောက်လျှင် တရားရုံးသည် တရားမကျင့်ထုံး ဥပဒေအမိန့်-၉  နည်းဥပဒေ-၈ အရအမှုကို ပလပ်ကြောင်း အမိန့်ချနိင်ပါသည်။

👉တရားမကျင့်ထုံး ဥပဒေအမိန့်-၉ နည်းဥပဒေ-၃ အရ တရားရုံးက အမှုကိုပလပ်ကြောင်းချမှတ်သည့် အမိန့်ကိုတရားမကျင့်ထုံးဥပဒေအမိန့်-၉  နည်းဥပဒေ-၄ အရ ထိုတရားရုံး၌ပင် အမိန့်အားပယ်ဖျက်ပေးရန်

ခိုင်လုံသောအကြောင်းပြချက်ကို ကျန်းကျိန်ဆိုခြင်း/ကတိသစ္စာပြုခြင်း တို့ဖြင့်ပြန်လည်လျှောက်ထားနိင်ပါသည်။ သို့သော်ထပ်မံပယ်ခြင်းခံရလျှင် ယင်းအမိန့်အပေါ် အဆင့်မြင့်တရားရုံးတွင် အယူံတက်ရောက်ခွင့် မရှိတော့ပါ။

👉တရားမကျင့်ထုံးဥပဒေအမိန့်- နည်းဥပဒေ-၈ အရ တရားရုံးကအမှုကိုပလပ်သည့် အမိန့်အားထိုတရားရုံး၌တရားမကျင့်ထုံး ဥပဒေအမိန့်-၉ နည်းဥပဒေ-အရပြန်လည်လျှောက်ထားသော်လည်း ပယ်ခံရပါကထိုအမိန့်အပေါ်အဆင့်

မြင့်သည့်တရားရုံးတွင်တရားမကျင့်ထုံးဥပဒေ အမိန့်-၄၃ နည်းဥပဒေ-၁(ဂ) အရအယူခံဝင်ရောက်ခွင့်ရှိပါသည်။

ဆိုလိုရင်း- အမိန့်၉ နည်း-၃ သည် အဆင့်ရုံးတွင်အယူခံခွင့်မရှိ။  အမိန့်၉- နည်း၈သည် အဆင့်မြင့်တရားရုံးတွင် အယူခံဝင်ခွင့်ရှိသည်။

👉စီရင်ထုံး-  ဦးရင်ကြီးနှင့် ဦးရင်လပ်ပါ(၂)ဦး -၁၉၈၂-ခုနှစ်မြန်မာနိင်ငံ တရားစီရင်ထုံး- စာမျက်နှာ-(၇၈)

👉အမိန့်၂၂ /နည်း၉ 

အမှုရပ်စဲခြင်း။

👉အမိန့်၂၃ /နည်း၁

တရားရုံး၏ခွင့်ပြုချက်မပါဘဲ မိမိသဘောနှင့် မိမိရုတ်သိမ်းသွားလျှင် နောက်တစ်ကြိမ် မစွဲရ။

Comments