စီရင်ထုံးလာ ရှေ့နေရှေ့ရပ်တို့ကျင့်ဝတ်များ
ဦးရဲထွဋ်လှ နှင့် ဒေါ်တင်တင်မေ ပါ ၄
၁၉၉၁ ၊ မ တ စ ၊ ၁၃၂
ဥပဒေပညာဖြင့် အသက်မွေးသော ရှေ့နေရှေ့ရပ်များ၏ အလုပ်မှာ မွန်မြတ်သန့်စင်ပြီး ဂုဏ်ယူဘွယ် ကောင်းသည့် အလုပ်အဖြစ် အစဉ်တစိုက်အသိအမှတ်ပြုလာခဲ့ကြသည်၊ တရားရုံးများက ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်အောင် ၊ တရားနည်းလမ်းကျအောင် ကူညီပံ့ပိုးကြသူများအဖြစ်၎င်း၊ ဥပဒေတတ်ကျွမ်းခြင်းမရှိကြသော အမှုသည်များအတွက် ဥပဒေဘောင်အတွင်းမှ ကူညီလမ်းပြအကျိုးဆောင် ပေးကြသူများအဖြစ်၎င်း ၊ ရှေ့နေလုပ်ငန်းအားအစဉ်အလာအရ မွန်မြတ်သည့်လုပ်ငန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်၊
ရှေ့နေကြီးဦးအောင်သိန်းကိစ္စ
၁၉၆၈ ၊ မ တ စ ၊ ၂၀၈
ရှေ့နေကြီးများသည် အမှန်တရားကို ဖြစ်ထွန်းစေရန် တရားရုံးများနှင့် ၎င်းတို့လိုက်ပါဆောင်ရွက်ခဲ့ ကြသော ရုံးအသီးသီးတွင် ရုံးအရာရှိများသဖွယ် ကူညီဆောင်ရွက်ကြရသည်၊ ဥပဒေ ၊ ရုံးလုပ်ထုံးစသည်တို့ကို ကျွမ်းကျင်ကြသော ပြည်သူတို့၏ အကျိုးဆောင်များလည်း ဖြစ်ကြသည်၊ ထို့ကြောင့် ၎င်းတို့အား လိုက်ပါ ကူညီဆောင်ရွက်ပေးရန် မိမိတို့၏မှုခင်းကိစ္စတို့ကို ယုံကြည်အပ်နှံကြသော ပြည်သူများအပေါ် သစ္စာထားရသည်၊ သို့မှသာ ရှေ့နေကြီးများပီသ၍ ပြည်သူတို့၏ ယုံကြည်ကိုးစားခြင်းကို ခံယူထိုက်ပေသည်၊ပြည်သူ့အကျိုးကို ညွှန်ပြပေးရမည်။
ဦးဒုန်းဘေ (ခေါ်) ဦးရွှေဒုန်း (လျှောက်ထားသူ)ကိစ္စ
၁၉၆၉ ၊ မ တ စ ၊ ၂၃၈
ရှေ့နေဖြစ်ခွင့်လျှောက်ထားရာတွင် ရာဇဝတ်ပြစ်ဒဏ် ခံခဲ့ရဘူးကြောင်းကို ဖေါ်ပြရန်ပျက်ကွက်ခဲ့သည့် အတွက်ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်ရုတ်သိမ်းခဲ့သောကိစ္စဖြစ်သည်။ သို့ဖြစ်၍ ရှေ့နေအဖြစ် လျှောက်ထားရာတွင် မိမိလျှောက်လွှာကို စီရင်ဆုံးဖြတ်ရာ၌ ထိခိုက်စေမည့် အကြောင်းအရာများကို အမှန်အတိုင်းဖေါ်ပြရန် တာဝန်ရှိသည်။ ထိုသို့ဖေါ်ပြရန် ပျက်ကွက်ပါက ရှေ့နေအဖြစ်မှ လိုက်ပါဆောင်ရွက်ခွင့်ကို ရုတ်သိမ်းခြင်းခံရနိုင် သည်၊
တရားရုံးချုပ်ရှေ့နေကြီးတစ်ဦးကိစ္စ
၁၉၇၀ ၊ မ တ စ ၊ ၁၈
သက်သေအစားထိုး၍ စစ်ဆေးခြင်း၊
၁၃ (ရန်ကုန်) ၊ ၆၀၅
ရှေ့နေကြီးများသည် ရုံးအရာရှိဖြစ်သည်၊ အမှန်တရား၏အကျိုးဆောင်ဖြစ်သည်၊ ထို့ကြောင့်ရုံးတွင် သက်သေလိမ်လည်ထွက်ဆိုအောင် ကြိုးပမ်းအားထုတ်ခြင်းမပြုအပ်၊ ပြုလျင် ကျင့်ဝတ်သိက္ခာကို ချိုးဖေါက်ရာ ရောက်သည်၊ ဤသို့ချိုးဖေါက်ခြင်းအတွက် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်ကို လုံးဝရုပ်သိမ်းခဲ့သည်များပင်ရှိခဲ့ သည်င်္၊
၁၉၅၃ ၊ မ တ စ ၊ (လွှတ်တော်) ၊ ၁၂၉
ရှေ့နေကြီးတစ်ဦးသည် ရုံးတွင် မမှန်သည်ကို မမှန်ကြောင်းသိလျက် ပြောဆို တင်ပြလျင် ကျင့်ဝတ် သိက္ခာချိုးဖေါက်ရာရောက်သည်။
၁၉၃၉ ၊ အာအယ္လ္အာ၊ ၁၁၃
တရားသူကြီးအားလာတ်ထိုးခြင်း၊ လာတ်ပေးရန် ကြိုးပမ်းခြင်းပြုသော ရှေ့နေကြီးသည်လည်း အမှန် တရားကို သစ္စာမဲ့ပြုခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ကြောင်းထင်ရှားလျင် ရှေ့နေအဖြစ်မှ ပယ်ထုတ်ခြင်းပင်ခံရနိုင် သည်၊
၁၉၃၉ ၊ အာအယ္လ္အာ ၊ ၅၁၄
ရှေ့နေကြီးတစ်ဦးသည် တစ်ဘက် အမှုသည်နှင့် အမှုအကြောင်းဆွေးနွေးပြီး၍ ယင်းအမှုသည်ဘက် အကြောင်းကိုသိပြီးမှ တစ်ဘက်အမှုသည်အတွက် ယင်းအမှုတွင် လိုက်ပါဆောင်ရွက်လျင် ကျင့်ဝတ်သိက္ခာမညီ၊
အောက်မြန်မာပြည် စီရင်ထုံး၊ အတွဲ ၈ ၊ ၂၉၄
ရှေ့နေကြီးတစ်ဦးသည် အမှုသည်ထံမှ အခကြေးငွေယူပြီးမှ အမှုသည်အတွက် ထိရောက်စွာ လိုက်ပါဆောင်ရွက်ခြင်းမပြုလျင် ကျင့်ဝတ်သိက္ခာမညီ၊
၁၉၆၅ ၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၄
ရှေ့နေကြီးတစ်ဦးသည် မိမိ၏နာမည်ကို ကြော်ငြာခြင်း၊မိမိအား ငှားရမ်းအောင် အမှုဆွယ်ခြင်း၊မိမိ ကိုယ်တိုင် ဆောင်ရွက်ခြင်းမပြုဘဲ လျှောက်လွှာများကို လက်မှတ်ရေးထိုးပေးကာ စာရေးအား တာဝန်ပေးအပ် ထားခြင်းမပြုရ ၊
၁၉၆၅ ၊မ တ စ ၊ (လွှတ်တော်) ၊ ၁၉၆၀ ၊ မ တ စ (လွှတ်တော်) ၊ ၄၃၁
ရှေ့နေကြီးတစ်ဦးသည် အမှုနိုင်လျင် ရှေ့နေခမည်မျှရဦးမည်ဟု အမှုသည်နှင့်အနိုင်အရှုံးအပေါ်မူ တည်၍ သဘောတူလိုက်ပါဆောင်ရွက်ခြင်းမပြုရ၊ အခြားမလျော်သော သဘောတူညီချက် ပြုလုပ်၍ ရှေ့နေခမ ယူရ၊
၁၂ ၊ (ရန်ကုန်) ၊ ၁၈၀ ၊ ၁၉၆၂ ၊ မ တ စ ၊ ၄၈၇ ၊
ရှေ့နေကြီးတစ်ဦးသည် မိမိ၏အပြုအမူ၊သိက္ခာ၊ ရုံး၏ဂုဏ်သိက္ခာကို စောင့်ထိန်းရသည်၊သို့မှသာ လည်း တရားစီရင်ရေးကို အများပြည်သူလေးစားကိုးကားမည်၊ရုံးတွင် မူးယစ်ကာတာဝန်မဲ့ပြောခြင်း၊ရုံးက အမှု ကို မည်သို့ဆုံးဖြတ်လျင် သိစေမည်ကြိမ်းမောင်းခြိမ်းခြောက်ခြင်းစသည်တို့လည်း ကျင့်ဝတ်သိက္ခာနှင့်မညီ
ဗဟိုတရားရုံးရှေ့နေတစ်ဦးကိစ္စ
၁၉၈၅ မ တ စ ၊ ၈၁ ၊
သက်သေတစ်ဦးအား ပြန်လှန်မေးမြန်းရာတွင် သက်သေခံဥပဒေက အခွင့်အရေးများ ကျယ်ပြန့်စွာပေးထားကြောင်း ဦးတင်ရီက လျှောက်ထားတင်ပြခြင်းနှင့်စပ်လျှဉ်း၍ သတိချပ်ရန်မှာသက်သေအား အထိန်းအချုပ်မရှိ၊အကန့်အသတ်မရှိ မေးလိုရာ မေးမြန်းခြင်းမပြုနိုင်ချေ၊ မေးချင်တိုင်းမေးခွင့်ပြုခဲ့လျင် အမှုနှင့် မသက်ဆိုင်သည့်အချက်များကို ထည့်သွင်းလာရန်အကြောင်းရှိသည်ဖြစ်၍ တရားရုံးက အမှန်တရားကို ရှာဖွေ သုံးသပ်ရာ၌ အနည်းနှင့်အများအခက်အခဲတွေ့ရမည်မှာ ယုံမှားဘွယ်မရှိပေ၊ သက်သေခံဥပဒေကို ပြဌာန်းရခြင်း ၏ ရည်ရွယ်ချက်တစ်ရပ်မှာ အမှန်တရားကို ရှာဖွေရာ၌ လွယ်ကူစေရန်ဖြစ်ပေသည်၊
ရှေ့နေတစ်ဦးသည် သက်သေခံဥပဒေနှင့်ကင်းကွာ၍ မရချေ၊ ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ ဦးတင် ရီအနေဖြင့် အချင်းဖြစ်မေးခွန်းများမှာ အမှုနှင့်သက်ဆိုင်ခြင်းမရှိသည့်အပြင် သက်သေခံဥပဒေပုဒ်မ ၁၅၁ နှင့် ၁၅၂ တို့တွင် ပိတ်ပင်ထားသောမေးခွန်းမျိုးဖြစ်ကြောင်းကို၎င်း၊ယင်းမေးခွန်းများအမေးခံရသော မိန်းမသားတစ် ဦးအား လူဘုံအလယ်တွင် အရှက်တကွဲအကျိုးနည်းဖြစ်စေသည်ကို၎င်း၊ သိကောင်းသည်၊ မမေးသင့်မမေးထိုက် သောသက်သေခံဥပဒေက ပိတ်ပင်ထားသော ထို့ပြင် တပါးသူအား အရှက်ရစေသောမေးခွန်းများကို မေးမြန်း ခြင်းဖြင့် ဦးတင်ရီသည် မကောင်းကျင့်မကောင်းကြံဖြင့် ပြုမူဆောင်ရွက်ရာ ရောက်သောကြောင့် ဗဟိုတရားရုံးရှေ့ နေများကောင်စီဥပဒေပုဒ်မ ၁၀(၁) တွင် ပြဌာန်းထားသည့် (misconduct) ကို ကျူးလွန်ရာရောက်သည်ဟု ယူဆရပေသည်၊
ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် ဦးမောင်မောင်ယု
၁၉၉၂ ၊ မ တ စ ၊ ၈၂
ရှေ့နေရှေ့ရပ်များသည် သက်သေခံဥပဒေပုဒ်မ ၁၄၆ အရ သက်သေအား ပြန်လှန်မေးခွန်းအ ပြည့်အဝပေးထားသော်လည်း သင့်လျော်သောအကြောင်းယုတ္တိမရှိဘဲ သက်သေ၏အကျင့်စာရိတ္တကို ထိပါးစေ သည့် စွပ်စွဲချက်ပါသော မေးခွန်းမျိုးနှင့်သက်သေအား ထိခိုက်နစ်နာစေမည့်မေးခွန်းမျိုးကို မေးမြန်းခြင်းမပြုရ ကြောင်း ပုဒ်မ ၁၄၈(၃) တွင်နှင့် ပုဒ်မ ၁၄၉ တို့က ပိတ်ပင်ပြဌာန်းထားသည်ကို သတိချပ်ရန်လိုသည်၊
သက်သေဒေါ်တူး၏အကြောင်းကို အခြေအမြစ်မသိ၊အကြောင်းယုတ္တိလည်းမရှိဘဲ တရားရုံးရှိ အများရှေ့ တရားခွင်တွင်ယခုကဲ့သို့မေးမြန်းခဲ့ခြင်းမှာ သက်သေခံအက်ဥပဒေပုဒ်မ ၁၄၈(၃) နှင့် ၁၄၉ တို့အရ ပိတ်ပင်ရာတွင် အကျုံးဝင်သည့်မဖွယ်မရာ မသင့်လျော်သောမေးခွန်းကို မေးမြန်းရာရောက်သည်၊ယင်းကဲ့သို့ သောမေးခွန်းမျိုးမေးမြန်းသူ ရှေ့နေတစ်ဦးအပေါ် သက်ဆိုင်ရာတရားရုံးကပင်လျင် ရှေ့နေအလုပ်ဝတ္တရားများနှင့် စပ်လျဉ်း၍အရေးယူပေးရန် တရားရုံးချုပ်သို့တိုင်တန်းနိုင်ကြောင်း သက်သေခံအက်ဥပဒေပုဒ်မ ၁၅၀ တွင် ပြ ဌာန်းထားသည်၊သက်သေအား မဖွယ်မရာအသရေထိခိုက်နစ်နာစေသော မေးခွန်းမျိုးမေးမြန်းခြင်းမပြုရ၊ယင်း သို့မေးမြန်းခြင်းကို တရားရုံးက တားမြစ်နိုင်ကြောင်းလည်း ပုဒ်မ ၁၅၁ နှင့် ၁၅၂ တို့တွင်ပြဌာန်းထားသည်၊
ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးခင်မောင် ပါ ၂
၁၉၉၆ ၊ မ တ စ ၊ ၃၁
ရှေ့နေကြီးသည် တရားနိုင်ဘက်မှ မိမိလိုက်ပါဆောင်ရွက်သောအမှုတွင် လေလံတင်ရောင်း ချသောတရားရှုံး လက်ရှိမြေနှင့်တိုက်ကို မိမိ၏ဇနှီးသည်အား မိမိ၏မျက်မှောက်တွင် လေလံဆွဲဝယ်စေ၍ လက် ရောက်ရယူအကျိုးခံစားခြင်းသည် ရှေ့နေကျင့်ဝတ်သိက္ခာဖေါက်ဖျက်ရာရောက်သည်။
ဦးသန်းတင် နှင့် ဒေါ်ခင်ဥ ပါ ၁
၁၉၉၆ ၊ မ တ စ ၊ ၆၁
မိမိ၏အမှုသည် ရရှိခံစားရမည့် အကျိုးအမြတ်အပေါ် တိကျသည့် ရာခိုင်နှုန်းသတ်မတ်၍ အ ခကြေးငွေရယူခြင်းသည် ရှေနေကျင့်ဝတ်သိက္ခာဖေါက်ဖျက်ကျူးလွန်ရန် အတင်းအကြပ်အားပေးသည့်အချက် ဖြစ်သည်။မိမိရရှိမည့် ရှေ့နေခအချိုးအစားသည် အမှုသည်ရရှိမည့်အကျိုးအမြတ်နှင့် အချိုးကျဆက်စပ်နေသည် ဖြစ်ရာ မလျှော်ကန်သောနည်းလမ်းဖြင့် အမှုကို အနိုင်ရရှိအောင် လုပ်ဆောင်စေရန် သွေးဆောင်မှု တစ်ရပ် လည်းဖြစ်ပေသည်။
Comments
Post a Comment