ဘီစီစီ(BCC)ဆိုသည်မှာ

ဘီစီစီ(BCC) စာရွက်ဆိုသည်မှာ-

 Building Complete Certificate (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ခေါ်ဆိုပါတယ်။

 အဲဒီစာရွက်လေးဟာတိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင်အခြားလိုအပ်တဲ့စာရွက်စာတန်းတွေနဲ့အတူ BCC စာရွက်လေးကိုလဲအဓိကထားစစ်ဆေးသင့်ပါတယ်။ အဆိုပါစာရွက်ဟာလူနေထိုင်ခွင့်ပုံစံစာရွက်ဖြစ်သလို နောင်တစ်ချိန်အရောင်းအဝယ်ပြန်လုပ်တဲ့အခါမှာမရှိမဖြစ်လိုအပ်တဲ့စာရွက်ဖြစ်ပြီးအဲ့ဒီစာရွက်မရှိပါကရောင်းဖို့ဝယ်ဖို့ ကြန့်ကြာနိုင်သလိုခိုင်မာမှု့အတွက်လည်းစိုရိမ်တတ်ရပါတယ်တစ်ချို့ကနားမလည်လို့တိုက်ခန်းလေးဝယ်ထားမိရင်ကန်ထရိုက်နှင့်အိမ်ရှင်မပြေလည်တဲ့အခါတရားဝင်ဆောက်ထားသောတိုက်(B. C. C)မရှိထားသောတိုက်ဆိုဝယ်သူမှာအများကြီးအခက်အခဲဖြစ်ရတယ်ခင်ဗျ ဘီစီစီစာရွက်ပါလို့ပေးလိုက်ပေမယ့် ဘီစီစီစာရွက်လို့မသိကြတဲ့သူတွေရှိနေပါတယ်။ 

ဘီစီစီကိုလူနေထိုင်ခွင့်လို့လူတွေအလွယ်ပြောလေ့ရှိကြပြီး စာရွက်ပေါ်မှာလူနေထိုင်ခွင့်လို့တော့မရေးထားပါ။အဆောက်အဦပြီးစီးကြောင်းကိုပြောတာဖြစ်ပါသည်။ ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်းအသိအမှတ်ပြုလွှာလို့ခေါ်တာပါ။

အထပ်မြင့်ကန်ထရိုက်တိုက်မှာဆိုဆောက်ထားတဲ့တိုက်၏အရေးပါသောဆောက်လုပ်ခွင့်ပြီးစီးသွားသောစာရွက်ဖြစ်သည်။ 

ပိုပြီးဆိုးတာကဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့(ယခုအပြာရောင်) ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာလူနေထိုင်ရန်ဆိုတဲ့ စာလုံးကိုစာလုံးဆိုဒ်အကြီးနဲ့မင်ခုံနဲ့ထုပြီးပါတာကိုဘီစီစီ ထင်တာပါပဲ။ လူနေထိုင်ရန်ဆိုတဲ့စာလုံးအကြီးပါတဲ့စာရွက်ကဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါလူနေရန် ဆိုတဲ့စာလုံးကြီးကြီးပါနေတာကလုပ်ငန်းလုပ်ရန်(Commercial) နဲ့ခွဲခြားသတ်မှတ်ထားတာပါဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ဆိုလိုတာပါတရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ဆောက်လုပ်ပြီးစီးသွားရင်ဘီစီစီလျောက်ရပါတယ်အထပ်နိပ်ဆိုအိမ်ရှင်ကB.C.Cလျှောက်ပေးမှလက်မှတ်ထိုးတာဝန်ယူထားတဲ့အင်ဂျင်နီယာမှတာဝန်ယူထားသောတိုက်အတွက်ကောင်းမွန်စွာပြီးခဲ့ပြီးရန်ကုန်မြို့တော်စည်ပင်သာယာမှသတ်မှတ်ထားသောအလုံးအရေအတွက်အတိုင်းလက်မှတ်ထပ်ထိုးလို့ရပါတယ် အထပ်မြင့်တွေမှာဆိုB. C. C( လူနေထိုင်ခွင့်)ကျမှလိုင်စင်ကန်ထရိုက်တာလက်မှတ်နှင့်သက်ဆိုင်ရာလိုင်စင်အင်ဂျင်နီယာလက်မှတ်တို့တာဝန်ယူထားသောအဆောက်အဦအလုံးရေလျော့စေမှာပါ။ သက်ဆိုင်ရာလိုင်စင်အင်ဂျင်နီယာနှင်လိုင်စင်ကန်ထရိုက်တို့မှာတနှစ်မှာသတ်မှတ်အလုံးအရေအတွက်ရှိပါတယ်။ အဆောက်အဦးတခုကို စဆောက်တဲ့အခါမှာ ဆောက်လုပ်ခွင့်ပါမစ်ကို လျှောက်ထားရပါတယ်။ လျှောက်ထားတဲ့အခါမှာ အထပ်နိမ့်အတွက်လျှောက်ထားခြင်းနဲ့ အထပ်မြင့်အတွက် လျှောက်ထားခြင်းဆိုပြီး ယေဘုယျအားဖြင့် ၂ပိုင်းခွဲထားပါတယ်။ 

အထပ်နိမ့်ပဲဖြစ်စေ၊ အထပ်မြင့်ပဲဖြစ်စေ၊ ကိုယ့်အပိုင်ဂရံမြေမှာအိမ်စဆောက်တော့မယ်ဆိုရင်အတိုင်းအတာမြေပုံကူးခြင်းဆိုတဲ့ (D Map) ကိုစတင်လျှောက်ထားရပါတယ်။ 

D Map အတွက်လျှောက်ထားရင်ကြာချိန်ကတော့၁လပါ။ 

လိုအပ်ချက်တွေကတော့ 

1. ဂရံမူရင်း 

2. မြေရှင်မှတ်ပုံတင်မူရင်း

3. နောက်ဆုံးဆောင်ထားတဲ့ မြေခွန်ပြေစာ 

Proposal လျှောက်ထားခြင်း 

အထက်အမြင့်များအတွက်လျှောက်ထားခြင်း

အထပ်နိမ့်က​တော့ ၃ထပ်အထိကိုအထပ်နိမ့်လို့သတ်မှတ်ပြီးသုံးထပ်နဲ့အထက်ကိုအထပ်မြင့်ဆိုပြီးသတ်မှတ်ပါတယ်။

 D Map ကို ရရှိပြီဆိုရင် လိုအပ်ချက်တွေကတော့ ကိုယ်ဆောက်လိုတဲ့ အိမ်ပုံစံ၊ အခန်းဖွဲ့ပုံစံဖြစ်တဲ့ (Architecture Proposal Design) ကိုတင်ပြရပါတယ်။ 

 Proposal Design ကိုတင်တဲ့အခါမှာ လိုင်စင်ရ RSE Construction လက်မှတ်ကို လိုအပ်ပါတယ်။ 

Proposal အောင်သွားရင်တော့ ဆောက်လုပ်မိန့်စကျပြီး အဆောက်အဦးကို စတင်ဆောက်လုပ်လို့ရပါပြီ။ 

D Map အတွက်ကြာချိန် - (၁) လ

Proposal လျှောက်ရန်ကြာချိန် - (၁) လ ဖြစ်တဲ့အတွက်ကြောင့် အထပ်နိမ့်အတွက်ကတော့ခန့်မှန်းခြေအချိန်(၂)လကနေ(၂)လခွဲအထိပဲကြာမြင့်တတ်ပါတယ်။အွန်လှိုင်းဖြင့်တင်ခြင်းကြောင့်လုပ်ကိုင်သူကျွမ်းကျင်မှု့အပေါ်မှုတည်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာမှတည်ဆောက်မည့်အဆောက်အဦအတွက်1sqftနှင့်မြှောက်ပြီးငွေးသွင်းချလံးရပါတယ်။ အထပ်မြင့်တွေအတွက်ပဲလိုအပ်ပြီးလိုအပ်ချက်တွေကတော့

 မီးသတ်ဌာနကိုတင်ပြဖို့ M&E Drawing နဲ့ presentation 

ရေသန့်၊မိလ္လာအတွက် Proposal and permit 

မြေသားမာကျောမှုကို စစ်ဆေးဖို့ soil test စာအုပ်

(Soil test ပေါ်မူတည်ပြီး Footing plan ပြောင်းလဲနိုင်) 

proposal အောင်ထားတဲ့ Archi Drawing ကို လိုင်စင်ရ RSE Structure မှ လက်မှတ်ထိုးထားတဲ့ Drawing + တွက်ချက်မှု ဘေးအိမ်တွေမှာ အထပ်မြင့်ရှိနေရင် Theodolite အတိုင်းအတာ လိုင်စင်ရကန်ထရိုက်တာလက်မှတ် (LC) ပြီးသွားရင် Deposit တစ်လွှာလျှင် ၁၀သိန်း စည်ပင်ကိုသွင်းပြီးရင်တော့အထပ်မြင့်အတွက် ဆောက်လုပ်မိန့်ကျပါပြီ။

B. C. C(လူနေထိုင်ခွင့်ကျပါကမိမိတို့ငွေသွင်းအာမခံငွေ(Deposit)ပြန်ထုတ်ယူလို့ရပါတယ်။

တိုက်ခန်းဝယ်မယ်ဆိုပါက

  1. ဘုတ်စိမ်းစာရွက်မိတ္တူ(အဆောက်အဦဆောက်လုပ်ခွင့်ပါမစ်)ယခုအပြာရောင်
  2. B. C. C(လူနေထိုင်ခွင့်မိတ္တူ)
  3. မြေရှင်လက်မှတ်
  4. မြေရှင်နှင့်ကန်ထရိုက်စာချုပ်မိတ္တူ
  5. မီတာစာရွက်မူရင်း
  6. အခွန်ဆောင်ထားသောစာရွက်မိတ္တူတို့ပါမှ နောက်နောင်ရောင်းခြင်းဝယ်ခြင်းအတွက်ပိုအဆင်ပြေပါတယ်။

ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုထားသောအဆောက်အဦ)(လူနေထိုင်ရန်လို့ပါတဲ့စာရွက်)ပဲပြနိုင်ရင်တရားဝင်ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။ 

အဆောက်အဦးပြီးစီးကြောင်းစာရွက်ဘီစီစီတော့တင်မထားသေးဘူးလို့နားလည်ရပါမယ်။

လှိုင်နဲ့သင်္ဃန်းကျွန်းမြေအမျိုးအစားအများစုမှာအရပ်စာချုပ်များတဲ့အတွက်တရားဝင်ဆောက်တာ၃ထပ်ပဲခွင့်ပြုထားတော့ဘုတ်စိမ်း(ယခုအပြာရောင်) (ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေတစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ရပ်ကွက်တစ်ချို့ရှိပါတယ်။

ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့မလိုပါဘူးဘီစီစီဆိုတာဘုတ်စိမ်းအဆောက်အဦဆောက်လုပ်ခွင့်စာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။ 

တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။ 

တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်ဘီစီစီ(B. C. C)ကန်ထရိုက်တိုက်မတင်ပဲထားတဲ့တိုက်မရှိသလောက်နည်းပါတယ် (တစ်လုံးတစ်လေရှိပါတယ် ။ဂရန်မြေလည်းများပြီးအထပ်မြင့်များတာကြောင့်ပါ။ ၂၀၁၅ နှစ်လယ်ရှေပိုင်းလောက်ထိ တိုက်တွေကမီတာကျပြီးအားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက်သပ်သပ်တင်ရတာပါ။ 

၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ကန်ထရိုက်အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်းအလွယ်တကူရတာမို့ ဘီစီစီတင်တာကိုအလုပ်ပိုလို့မြင်ပါတယ်..။

ဒါကြောင့်မို့လို့၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့မင်အပြာနဲ့တုံးထုထားတဲ့ဘုတ်စိမ်းစာရွက်ကိုဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။

(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။  ဒါမို့လို့မိမိကသိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ(၃)ထပ်ကျော်ရင်တိုက်ခန်းအခွန်ဆောင်ပြီးမှဘီစီစီရရှိပြီးမူရင်းစာရွက်ပြနိူင်မှမီတာချပေးတော့ပါတယ်..။

အဲဒီတော့မှဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာမတင်မနေရ ဖြစ်ကုန်တာပါ..။ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့မီတာထပ်လျောက်ရပါတယ်..။၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက်ပါပါတယ်..။

(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ဘီစီစီမတင်ပဲချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေဈေးမကိုက်တော့လို့မဆောက်ကြတော့ပါဘူး။

အခုနောက်ပိုင်းတိုက်ဆောက်တဲ့အခါရန်ကုန်မြို့တော်စည်ပင်သာယာမှတစ်ထပ်တိုက်မှအထပ်မြင့်တွေအထိဆိုင်ရာလိုင်စင်အင်ဂျင်နီယာတွေလက်မှတ်စစ်ဆေးတာမှတ်တမ်းတွေတကယ်လုပ်တဲ့အတွက်ရေရှည်အတွက်ခိုင်ခန့်မှု့ကောင်းပါတယ်ခင်ဗျတစ်ထပ်မှသုံးထပ်အထိဆောက်ရင်အခွန်မဆောင်ရပေမယ့်လူနေခွင့်တင်ထားပြီးဆောက်တော့နောက်တချိန်မိမိအတွက်စာရွက်စာတန်းပိုမိုအားကောင်းပြီးဘဏ်တို့နိူင်ငံခြားသားတို့နှင့်ပတ်သက်တဲ့အခါပိုကောင်းပါတယ်။

အထပ်နိမ့်ဆောက်တယ်(၃ထပ်အောက်)ဘယ်သူနှင့်မှပတ်သက်စရာမလိုဘူးဆိုရင်တော့သက်ဆိုင်ရာတာဝန်ခံနှင့်နားလည်စွာဖြင့်ဆောက်ပါကမိမိလိုချင်သောအဆောက်အဦပေ အနီးစပ်ဆုံးရရှိပြီး​ကိုယ်နေချင်သောအိမ်မြန်မြန်ဆောက်နိူင်ပါသည်။

အထပ်အမြင့်(၃)ထပ်အထက်ဆိုရင့်တော့တရားဝင်ခွင့်ပြုဆောက်လုပ်ခွင့်ရမှနှစ်ဦးနှစ်ဘက်ပိုကောင်းပါသည်။



လူနေထိုင်ခွင့် BCC အကြောင်း


စာရွက်စာတမ်းအရှုပ်အရှင်းကင်းတယ်

စိတ်ပူစရာလုံးဝမရှိဘူးလို့ အာမခံနဲ့ရောင်းကြတယ် ဒီနေရာမှာပြောစရာရှိတာက နေထိုင်သူတွေ၊ ပိုင်ဆိုင်သူတွေနဲ့ စာရွက်စာတမ်းအရှုပ်အရှင်းမရှိဘူးဆိုတာ 

သာမန်အချိန်မျိုးမှာတော့ မသိသာပါဘူး

ဒါပေမယ့် အမှုကိစ္စတွေနဲ့တေ့တေ့ဆိုင်ဆိုင်ရင်ဆိုင်လာရတဲ့အခါ BCCမကျသေးပဲ နေထိုင်တာက အစိုးရနဲ့ ပြဿနာအကြီးကြီးတက်နိုင်ပါတယ်

ဘာကြောင့်လဲ ❓

အိမ်ခြံမြေဥပဒေအရပြောရမယ်ဆိုရင်

အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ (၇၇) မှာ 

" မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ ( သို့မဟုတ် ) ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ် ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ " ပြဋ္ဌာန်းထားတာကြောင့်မို့ပါ

နောက်ပြီးတော့

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) မှာ " မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း) "

ပုဒ်မ ၆၁ (င) မှာ - " မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း " တားမြစ်ပြဋ္ဌာန်းထားပါတယ်

ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) မှာ

" ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်အသုံးပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည် " လို့ ပြဋ္ဌာန်းထားတာလည်း ရှိပါသေးတယ်

ရပ်ကွက်ကကောင်းလို့ ပတ်ဝန်းကျင်ကကောင်းလို့ BCCမကျသေးပဲ နေထိုင်တာကို

မတိုင်လို့သာ ဘာမှမဖြစ်သေးတာပါ။

ကိုယ့်ကိုမလိုတဲ့ တစ်ယောက်ယောက်ကများ စည်ပင်ကို သွားတိုင်လိုက်ရင် တကယ့်ကို သပွတ်အူပါ ဒါကိုမသိလိုက်ပဲ ဈေးတန်လို့ဝယ်မိတဲ့သူကတော့ နောက်ပိုင်းတော်တော်နစ်နာရမှာအမှန်ပါပဲ ဒါကြောင့်မို့ BCCရဲ့အရေးပါပုံကို ထောက်ပြရင်း အိမ်/ခြံ/မြေ/တိုက်ခန်း မဝယ်ခင် BCCကျပြီး/မကျပြီး၊  အခြားစစ်ဆေးသင့်တာစစ်ဆေးသင့်ပါသည်။


Comments