အယူခံလားပြင်ဆင်မှုလား

အောက်ရုံးတရားရုံးတစ်ရုံး၏အမိန့်ကို အယူခံဝင်ရမည်လား ? ပြင်ဆင်မှုတင်သွင်းရမည်လား ? ဆိုသောပြဿနာ 

 

တရားရုံးတစ်ရုံးကချမှတ်သော ဆုံးဖြတ်ချက်သည် တရားမကျင့်ထုံး ဥပဒေပုဒ်မ၂ (၂)တွင် အဓိပ္ပယ် ဖွင့်ဆိုထားသော ဒီကရီဖြစ်နိုင်သည် (သို့မဟုတ်) ပုဒ်မ၂(၁၄)တွင် အကျူံးဝင်သော ဒီကရီမဟုတ်သည့်အမိန့် ဖြစ်နိုင်သည် ။


ဒီကရီကို မူလစီရင်ခွင့်အာဏာအရ ချမှတ်ထားလျှင် ပုဒ်မ ၉၆ အရ နောက်တစ်ဆင့်မြင့်သော တရားရုံးတွင်အယူခံဝင်နိုင်သည်။ 


အယူခံရုံးက ချမှတ်သော ဒီကရီကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်အယူခံဝင်နိုင်ရန် ပုဒ်မ ၁၀၀တွင် လမ်းဖွင့်ပေးထားတယ်။


ဒီကရီမဟုတ်သော အမိန့်များတွင် အယူခံဝင်နိုင်သောအမိန့်နှင့်အယူခံမဝင်နိုင်သော အမ်ိန့်ဟူ၍နှစ်မျီုးရှိပြန်သည်။ ပထမအမျိူးအစား အမိန့်များကို တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၀၄(၁)နှင့် အမိန့် ၄၃ ၊နည်း ၁ တို့တွင် ဖော်ပြထားသည်။ 


ဒီကရီလည်းမဟုတ်၊ ပုဒ်မ ၁၀၄ (၁ )နှင့် အမိန့်၄၃နည်း ၁တွင်ဖော်ပြထားသည့် အယူခံခွင့်လည်းရှိသောအမ်ိန့်လည်းမဟူတ်လျှင် အယူခံဝင်ခွင့်မရှိ၊ပြင်ဆင်မှုသာဝင်ခွင့်ရှိသည်။


(ပြင်ဆင်မှုတွင်ချမှတ်သော ဒီကရီမှ တပါး)ဒီကရီကိုအဆင့်ဆင့်သော တရားရုံးများတွင် အယူခံဝင်နိုင်စေရန်လမ်းဖွင့်ပေးထားသည်။


သို့ဖြစ်၍ရပ်ကွက/်ကျေးရွာ အုပ်စုတရားရုံးများကချမှတ်သောဒီကရီကိုတစ်ဆင့်ပြီးတစ်ဆင့်အယူခံဝင်နိုင်သည်ဖြစ်ရာနောက်ဆုံးအယူခံရုံးဖြစ်သောဗဟိုတရားရုံးတွင်တတိယ အယူခံအဖြစ် အယူခံဝင်နိုင်သည်။


သို့သော် ဒီကရီမဟုတ်သောအယူခံဝင်ခွင့်ရှိသည့် အမိန့်ကိုမူ တရားမကျင့်ထုံး ဥပဒေပုဒ်မ၁၀၄(၁)အရ တစ်ကြိမ်သာ အယူခံဝင်ခွင့်ရှိသည်။ထိုအမိန့်နှင့်စပ်လျဉ်း၍ အယူခံရုံးကချမှတ်သောအမိန့်ကို ထပ်မံအယူခံခွင်မရှိဟုပုဒ်မ၁၀၄(၂) တွင်အတိအလင်းတားမြစ်ထားသည်။  သို့ဖြစ်ရာတရားလိုမလာ၍ မူလရုံးက အမှုကိုပလပ်သောအမိန့်အား ပယ်ဖျက်ပေးရန်တရားမကျင်ထုံးဥပဒေအမိန့်၉၊နည်း၉ အရ လျောက်ထားရာတွင် မူလရုံးကငြင်းပယ်သဖြင့် ထိုအမိန့်ကို တရားမကျင်ထုံးဥပဒေအမိန့်၄၃နည်း၁(ဂ) အရ အယူခံဝင်ရာ၌ အယူခံရုံးကချမှတ်သော အမ်ိန့်ကို ထပ်မံအယူခံဝင်ခွင်မရှိ။


ထိုနည်းအတူအမိန့်၂၁၊နည်း၉၂အရချမှတ်သောအမိန့်ကို အမ်ိန့်၄၃၊နည်း ၁(ဋ)အရအယူခံဝင်နိုင်သည့်အတွက် ထိုအမိန့်နှင့်စပ်လျဉ်း၍ အယူခံရုံးက ချမှတ်သောအမိန့်ကို နောက်တစ်ဆင့်တက်၍ ဒုတိယ အယူခံဝင်ပိုင်ခွင်အရှိတော့ပေ။


မူလရုံးကချမှတ်သော ဒီကရီကို တရားမကျင့်ထုံးဥပဒေပူဒ်မ၉၆အရ နောက်တစ်ဆင့်မြင့်သည့်တရားရုံးတွင်လည်းကောင်း၊အယူခံရုံးကချမှတ်သည့် ဒီကရီကို တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀အရ နောက်အယူခံရုံးများတွင်လည်းကောင်း၊အဆင့်ဆင့်အယူခံဝင်နိုင်သော်လည်း အယူခံဝင်နိုင်သည့်အမိန့်ကိုမူ နောက်တစ်ဆင်မြင့်သည့် တရားရုံးတွင် ပုဒ်မ၁၀၄(၁)အရအယူခံဝင်ပြီးနောက် အယူခံရုံးကချမှတ်သည့်အမိန့်ကို ထပ်မံအယူခံဝင်ခွင့်မရှိတော့ပဲ၊ ပြင်ဆင်မှုသာ အဆင့်ဆင့်ဆက်လက်တင်သွင်းနိုင်သည်။ဒီကရီကို အကန့်အသတ်မရှိ အဆင့်ဆင့်အယူခံခွင့်ပေးထားသော်လည်း အယူခံဝင်ခွင့်ရှိသည့်အမိန့်က်ိုမူ တစ်ကြီမ်သာအယူခံခွင့်ရှိသည်။


ဒီကရီ ချမှတ်ခဲ့သည့် အမှု(မူလမှု)မှ အမှုသည်များကြားတွင်ဖြစ်စေ၊သူတို့၏အခွင့်အရေးဆက်ခံသူများအကြားတွင်ဖြစ်စေ၊ဒီကရီအတည်ပြုခြင်းကိစ္စ၊ ဒီကရီအရ ပေးဆပ်သည့်ကိစ္စ၊ သို့မဟုတ် ဒီကရီကိူကျေအေးပြေငြိမ်းအောင် ပြုသည့်ကိစ္စနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုနှင့်ပက်သက်၍ ဒီကရီအတည်ပြုသည့်တရားရုံးက အမှုတွင် ချမှတ်သောအမိန့်သည် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၄၇ တွင် အကျူံ းဝင်သဖြင့် ပုဒ်မ၂(၂)အရဒီကရီမြောက်သည်။ 


သို့သော် ဒီကရီဆိုသည့်စကားရပ်ကို အဓိပ္ပယ်ဖွင့်ဆိုရာ၌

 " အမိန့့်တစ်ရပ်ရပ်မှ အယူခံအဖြစ်ဖြင့် အယူခံဝင်ရသော စီရင်ဆုံးဖြတ်ချက်" မပါစေရဟု ဆိုထားရာ အောက်ပါအမိန့်များမှာ ဒီကရီအတည်ပြုခြင်းနှင့် သက်ဆိုင်သည့်အပြင် အယူခံဝင်ခွင့်ရှိသော အမ်ိန့်များလည်းဖြစ်သည့်အလျောက် ထိုအမိန့်များကို အမိန့်အဖြစ်ပုဒ်မ ၁၀၄(၁)အရ အယူခံဝင်ခွင့်ရှိသည်ဖြစ်၍ ဒီကရီမဟုတ်သောကြောင့်တစ်ကြီမ်သာအယူခံဝင်ခွင့်ရှိသည်ကို သတိချပ်ဖို့လိုသည်။

         (၁)စာချူ ပ်စာတမ်းမူကြမ်း သို့မဟုတ် ထပ်ဆင့်ရေးသားချက်မူကြမ်းကို ကန့်ကွက် တင်ပြရာတွင် အမိန့်၂၁၊ 

နည်း၃၄အရ ချမှတ်သောအမ်ိန့်[အမိန့်၄၃၊နည်း၁ (ဈ)]

           (၂)အမိန့် ၂၁၊နည်း ၆၃(ဂ)၊သို့မဟုတ် နည်း၆၃၊(င)အရ ချမှတ်သည့် ဂါနစ်ရှီ အမိန့်နှင့် တရားစရိတ်နှင့်စပ်လျဉ်း၍ နည်း၆၃(ဆ)အရချမှတ်သည့် အမိန့်[အမိန့် ၄၃ နည်း ၁(ည)]

            ( ၃)အမိန့်၂၁၊နည်း၇၂ သို့မဟုတ် နည်း၉၂အရ ရောင်းချခြင်းကို ပယ်ဖျက်သည့်အမိန့် သို့မဟုတ် ပယ်ဖျက်ရန်ငြင်းပယ်သည့်အမိန့်[အမိန့်၄၃နည်း ၁ (ဋ)]


***အယူခံဝင်ခွင့်ရှိသော အမိန့်များကို တရားမကျင့်ထုံးဥပဒေ အမိန့့်၄၃၊ နည်း ၁တွင် လေ့လာနိုင်ပါသည်။

Comments