MOFA Notary
MOFA ရုံးမှာ Notary စာရွက်တံဆိပ်တုံး
အတွက်ဘယ်လိုဆောင်ရွက်ရမလဲ။
===
Process မစခင်တော့ အရင်ဆုံး
Notary ပြန်ထားရပါမယ်နော်။
၁) ပြီးရင်တော့အရင်ဆုံး လသာလမ်းနဲ့
ကမ်းနားလမ်းထောင့်မှာရှိတဲ့ ဘဏ်(၅)မှာ
အရင်ဆုံး ငွေသွင်းရပါမယ်။ ကိုယ်တုံးထုမယ့် Notary စာရွက်အရေအတွက်အလိုက်
ငွေသွင်းမယ့်ချလံအရေအတွက်ကိုတောင်းယူပီးသွင်းရမှာပါ။ ဥပမာ-ကိုယ်က
notary စာရွက် (၆) စောင်ဆိုရင်
ငွေသွင်းမယ့်ချလံကလည်း (၆)စောင်
တောင်းရမှာပါ။
တစ်ရွက်ကို (၅၀၀)သွင်းရပါမယ်။
စောစောသွားပီး ယူတာစိတ်ချရပါမယ်။ ဘဏ်(၅)က နေ့လည်(၂)နာရီအထိတော့
ငွေသွင်းလက်ခံပါတယ်။
(MOFA ရုံးကိုမသွားခင်တော့ အရင်ဆုံး
မူရင်းစာရွက်တွေကို Copy ဆွဲထားပါ။
မူရင်းစာရွက်တွေ၊ Notary ပြန်ထားတာတွေ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေ
ဆွဲထားဖို့လိုပါမယ်။)
၂) ငွေသွင်းပြီးချလံကိုယူပြီး
စကားဝါလမ်းမှာရှိတဲ့ MOFA ရုံးကိုသွားပါ။
မနက် (၉) နာရီလောက်သွားနိုင်ရင်
အကောင်းဆုံးပါ။
၉နာရီလောက်ရောက်ရင်တောင်
ကိုယ့်ရှေ့မှာ အနည်းဆုံး လူ (၂၀)/ (၃၀) လောက်ရောက်နေနှင့်လောက်ပါပီ။
တန်းစီပီး အပေါက်၀မှာ ကိုယ့်ရဲ့
Information အရင်ဖြည့်ရဦးမှာပါ။
ပြီးမှ အထဲဝင်လို့ရပါမယ်။
MOFA ရုံးမှာ Notary တုံးထုပေးတာက (MON-WED-FRI) အဲ့(၃)ရက်ထဲပါ။
မနက် (၁၀-၁၂)ကို စာရွက်စာတမ်းတွေ
စိစစ်လက်ခံပေးပြီးတော့ ညနေ (၃-၄) ကို စာရွက်စာတမ်းတွေပြန်ထုတ်ပေးတာပါ။
စာရွက်ထုတ်တာကတော့
(MON-WED-FRI)မဟုတ်ရင်လည်း
ထုတ်လို့ရပါတယ်။
၃) MOFA ရုံးထဲက Notary တုံးထုပေးတဲ့နေရာရောက်ရင် အရင်ဆုံး form ဝယ်ပါ။
Form တစောင်ကို (၁၀၀၀) ကျသင့်ပီးတော့
Form တစ်စောင်မှာ Notary (၃)စောင်အထိ
တုံးထုပေးပါတယ်။ အကယ်လို့ကိုယ်က
Notary (၆) စောင် တုံးထုမယ်ဆို
Form (၂) စောင်ဝယ်ရပါမယ်။
၄) Form ဖြည့်ပီးရင် တုံးထုမယ့်
Notary စာရွက် Original တွေနဲ့အတူ
မိတ္တူ (၁)ရွက်စီ၊
မူရင်း Notary မပြန်ထားတဲ့ စာရွက်ရဲ့မိတ္တူ (၁) ရွက်စီ၊
အိမ်ထောင်စုဇယား မိတ္တူ (၁)ရွက်၊
မှတ်ပုံတင်မိတ္တူ (၁)ရွက်နဲ့
ဘဏ်(၅)က ငွေသွင်းချလံ (original) တွေကို
တွဲပြီး စာရွက်စာတမ်းစစ်တဲ့နေရာမှာ တန်းစီပါ။
သူတို့စစ်ပြီးတဲ့အခါကျရင် ညနေ(၃)နာရီ၊
ဒါမှမဟုတ် ရှေ့မှာစာရွက်စာတမ်းတွေ
အရမ်းများနေရင် နောက်နေ့ (၃)နာရီ
လာထုတ်ဖို့ပြန်ချိန်းပါလိမ့်ပါ။
(Notary တုံးထုတာကို ကိုယ်တိုင်လုပ်ဖို့
အဆင်မပြေတဲ့သူတွေရှိရင် ကိုယ့်မိသားစုဝင် (သန်းခေါင်စာရင်းထဲပါ) တွေထဲကတယောက်ယောက်လာလုပ်ပေးလို့ရပါတယ်။
အဲ့လိုမရှိဘူးဆိုရင်လည်း ကိုယ်စားလှယ်လွှဲစာနဲ့ ကိုယ်စားလုပ်ပေးလို့ရပါတယ်။
အကျိုးဆောင်ဆိုရင်တော့ သူတို့လက်ခံမယ်
လက်မခံဘူးမသေချာပါဘူး။
အကျိုးဆောင်လို့ထင်ရင် ပြောလွှတ်ရင်လွှတ်ပါတယ်။
ရန်ကုန် MOFA ရုံးလိပ်စာကတော့
တော်ဝင်စင်တာဘေး စကားဝါလမ်းပဲခူးကလပ် မှတ်တိုင်မှာပါ။
Mofa ရုံးမသွားခင်
လသာနဲ့ကမ်းနားလမ်းထောင့်မှာ
ဘဏ်ချလန်အရင်ယူရတယ်နော်။
Mofa ရုံးသွားရင် မူရင်း၊ မိတ္တူ
နှစ်စုံဆွဲသွားရပါတယ်။
Comments
Post a Comment