မေတ္တာနှင့်ပေးကမ်းခြင်းအထမြောက်ရန်

ပစ္စည်းလွဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၂ အရ မေတ္တာဖြင့် ပေးကမ်းခြင်း အထမြောက်ရန်မှာ ပေးသူ နှင့် လက်ခံသူ ရှိရမည်။ မေတ္တာဖြင့် ပေးသော ပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရန်လိုသည်။ ပေးသူက မိမိအလိုအလျောက် အဖိုးစားနာ မပါရှိဘဲ ပေးကမ်းခြင်းဖြစ်ရမည်။ ပေးသူက မိမိပိုင် ပစ္စည်း ကို လွဲပြောင်းပေးရမည်။ ပေးသော ပစ္စည်းကို လက်ခံသူက ပေးသူ အသက်ရှင်ဆဲပေးနိုင်သည့် အခြေအနေရှိစဉ် လက်ခံရမည်။မေတ္တာဖြင့် ပေးခြင်းကို ပေးသူ အသက်ရှင်လျက်ရှိစဉ် ပစ္စည်းအား ပေးနိုင်သည့် အခြေအနေ ရှိခိုက် မှသာအထမြောက် သည်။ အလားတူပင် ရယူသူ အသက်ရှင်စဉ် မေတ္တာဖြင့် ပေးခြင်းကို လက်ခံရန် လိုပေသည်။ မေတ္တာဖြင့် ပေးသည်ကို ရယူသူ ကိုယ်တိုင်ဖြစ်စေ၊ ရယူသူကိုယ်စား တစ်ဦးဦးကဖြစ်စေ လက်ခံပြီးမှသာ အတည်ဖြစ်သည်။ပေးသူ သေဆုံးပြီးမှသာ မေတ္တာဖြင့် ပေးသည့် စာချုပ်သည် အတည်ဖြစ်သည့် သဘော သက်ရောက်လျှင် သေသူအသက်ရှင်လျက်ရှိစဉ် ပေးရာ မရောက်၍ ပေးကမ်းခြင်း အထမမြောက်ပေ ။ 


ဒေါ်လေးတင် (၎င်း၏ ကိုယ်စားလှယ်စာရသူ ဦးအုန်းတင် ) နှင့် ဦးအောင်ဝင်းပါ၃ 

၂၀၀၁ ၊ မ တ စ ၊  ၃၉၂ ( ၃ဦးထိုင် )


ပစ္စည်းလွဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၂ အရ မေတ္တာဖြင့် ပေးကမ်းခြင်း အထမြောက်ရန် ပေးကမ်း သူ နှင့် လက်ခံသူရှိရမည်။ မေတ္တာဖြင့် ပေးသော ပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရန် လိုသည်။ ပေးသူက မိမိအလိုအလျောက် အဖိုးစားနား မပါရှိဘဲ ပေးကမ်းခြင်းဖြစ်ရမည်။ ပေးကမ်းက မိမိကိုယ်ပိုင်ပစ္စည်းကို လွဲပြောင်းပေးရမည်။ ပေးသော ပစ္စည်းကို လက်ခံသူက ပေးသူ အသက်ရှင်ဆဲ ပေးနိုင်သည့် အခြေအနေရှိစဉ် လက်ခံရမည်။ မေတ္တာဖြင့် ပေးခြင်းကို ပေးသူ အသက်ရှင်လျက်ရှိစဉ် ပစ္စည်း အား ပေးနိုင်သော အခြေအနေ ရှိခိုက် ပေးမှသာ အထမြောက်သည်။ အလားတူပင် ရယူသူက အသက်ရှင်စဉ် မေတ္တာဖြင့် ပေးသည် ကို ရယူသူကိုယ်တိုင်ဖြစ်စေ၊ ရယူသူကိုယ်စား တစ်ဦးဦးကဖြစ်စေ လက်ခံပြီးမှသာ အတည်ဖြစ်သည်။ 


ဦးထွန်းထွန်း ( ၎င်း၏ထွေထွေကိုယ်စားလှယ်စာရသူ ဒေါ်အေးအေးမာ) နှင့် ဦးမြတ်ဇော်အောင်  ၂၀၀၇ ၊ မ တ စ ၊ ၅၂ 


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ ၁၂၂ ၊ မရွေ့မပြောင်းနိုင်သောပစ္စည်းကို မေတ္တာဖြင့် ပေးကမ်းရာတွင် ရယူသူ ကိုယ်တိုင်ဖြစ်စေ၊ ရယူသူကိုယ်စား တစ်ဦးဦးကဖြစ်စေ  လက်ခံရယူရမည်ဖြစ်ပြီး ၊ ယင်းမေတ္တာဖြင့် ပေးကမ်းစာချုပ်ကို မှတ်ပုံတင်ရန်လိုအပ်သည်။ ယင်းကဲ့သို့ လက်ရောက်ပေးကမ်းခဲ့ခြင်း မရှိပါက ပေးကမ်းခြင်း အထမြောက်မည် မဟုတ်ပေ ။ မူလရုံး တရားလို၏ အဆိုလွှာ ၊ ၎င်း၏ ထွက်ဆိုချက်နှင့် အမှုတွဲပေါ်ပေါက်ချက်အရ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် အမှတ် ၁၅/ ၅၈ဖြင့် ပေးကမ်းခြင်းကို လက်ခံရယူသူများက လက်ရောက်မရခဲ့သဖြင့် ထိုပေးကမ်းခြင်းစာချုပ် သည် ပစ္စည်းလွဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၂ နှင့် ညီညွတ်မှု မရှိ၍ ထိုပေးကမ်းခြင်းသည် တရားမဝင်သော ကြောင့် ပျက်ပြယ်သည့် စာချုပ် ဖြစ်ကြောင်း တွေ့ရှိရသည်။ 


ဦးမောင်မြ ပါ ၆ နှင့် မသန်းသန်းချို 

၂၀၀၁ ၊ မ တ စ ၊ ၂၉၁ 


မရွေ့မပြောင်းနိုင်သောပစ္စည်းကို မေတ္တာဖြင့် ပေးသောစာချုပ်တွင် အနည်းဆုံး သက်သေနှစ်ဦး က မှန်ကြောင်း လက်မှတ် ရေးထိုးရန်လိုအပိကြောင်း 


ဦးဖိုးသက် နှင့် ဦးစိုးအောင် 

၁၉၉၅ ၊ မ တ စ ၊ ၈၄

Comments