ချေးငွေစာချုပ်အတွက်အိမ်ထောင်ဖက်ထည့်မစွဲနိုင်
မိန်းမနှင့်ချုပ်ဆိုသော ငွေချေးစာချုပ်အတွက် တရားစွဲရာတွင် လင်အား ထည့်သွင်းမစွဲဆိုနိုင်။
+++++++++++++++++++++++++++++++++++++++++
“ဒေါ်ခင်စောဝေနှင့် ဒေါ်အေးအေးသောင်းတို့ချုပ်ဆိုကြသည့် ငွေချေး ကတိစာချုပ်၌ ဦးအောင်မြင့်မှာ ငွေချေးသူအဖြစ်သော်လည်းကောင်း ၊ အသိသက်သေအဖြစ်ဖြင့်သော်လည်းကောင်း ပါဝင်ခြင်းမရှိကြောင်း ဒေါ်ခင်စောဝင်းနှင့် ဦးအောင်မြင့်တို့အကြား မည်သည့်ပဋိညာဉ်မှ မရှိကြောင်း ထင်ရှားပေါ်ပေါက်သည်။ အနိုင် ဒီကရီရရှိခဲ့လျင် ဇာရီအတည်ပြုနိုင်ရန်အတွက် လင်ဖြစ်သူ ဦးအောင်မြင့်ကိုပါ တရားပြိုင်ထား၍ စွဲဆိုရသည်ဟူ သော စီစဉ် ဆောင်ရွက်မှုမှာ နည်းလမ်းမမှန်ပေ။ တရားမကြီးမှုစတင်စွဲဆိုဆိုနေသည့် အဆင့် အနိုင်ဒီကရီရပြီး ဒီကရီအတည်ပြုရန်အဆင့်ကို ကြိုတင်တွေးတော လျက်အချင်းဖြစ်ကိစ္စနှင့် လုံးဝပတ်သက်အကျုံးဝင်ခြင်းမရှိသော ဦးအောင်မြင့် အား တရားပြိုင်အဖြစ် ထည့်သွင်းစွဲဆိုရန် စီစဉ်ဆောင်ရွက်နေခြင်းကို လက်မခံနိုင်ပေ။ တရားမကြီးမှု စွဲဆိုနေသည့်အဆင့်၌ တရားမကြီးမှုနှင့် သက်ဆိုင်အကျုံးဝင်သည့်သူကိုသာ ထည့်သွင်းစွဲဆိုရ မည်ဖြစ်သည်။ တရားမကြီးမှုနှင့် မည်ကဲ့သို့မျှ သက်ဆိုင်အကျုံးဝင်ခြင်းမရှိသူအား ထည့်သွင်း စွဲဆိုတောင်းခံ ခြင်းကို ခွင့်မပြုနိုင်ပေ။”
၁၉၉၂ မတစ ၂၀
Comments
Post a Comment